DVB Logo
Home
မြန်မာသတင်း
အင်း​စိန်​ထောင်တွင် နိုင်ငံ​ရေး​အကျဉ်း​သား​များ​ အစာငတ်ခံဆန္ဒပြ
DVB
·
October 26, 2011
Donate to DVB

အစိုး​ရက နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ​လျှော့​ရက်ခံစား​ခွင့်​ ပိတ်ထား​တဲ့​အ​ပေါ် မ​ကျေနပ်လို့​ အင်း​စိန်​ထောင်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၅ ဦး​ အစာငတ်ခံဆန္ဒပြ​နေကြတယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​မိသား​စုများ​ အကျိုး​ဆောင်ကွန်ရက်က ​ပြောပါတယ်။

မြန်မာနိုင်ငံ နိုင်ငံ​ရေး​အကျဉ်း​သား​မိသား​စုများ​ အကျိုး​ဆောင်ကွန်ရက်က ဒီက​နေ့​ထုတ်ပြန်တဲ့​ ​ကြေညာချက်မှာ ၁၉၉၇ ခုနှစ်ကစပြီး​ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျခံ​နေသူ​တွေအ​ပေါ် ​လျှော့​ရက်ရုပ်သိမ်း​တာဟာ တရား​မျှတမှုမရှိဘူး​လို့​ ​ဖော်ပြထား​ပြီး​ အကျဉ်း​သား​ ၁၅ ဦး​ ဒီက​နေ့​ အစာငတ်ခံဆန္ဒပြ​နေ​ကြောင်း​ ဆိုပါတယ်။

အစာငတ်ခံ ဆန္ဒပြ​နေကြတာနဲ့​ပတ်သက်လို့​ ကွန်ရက်အဖွဲ့​က ​ပြောခွင့်​ရှိသူ ကို​အောင်​ဇော်ထွန်း​က အခုလို ​ပြောပါတယ်။

“​နေ့​ခင်း​ ၁၂ နာရီက​နေစပြီး​တော့​ သတင်း​ထုတ်တဲ့​ထဲမှာ ပါသလိုပဲ ၅​ ဆောင်၊​ အ​ဆောင်မှူး​ ဦး​မြင့်​မောင်ကတဆင့်​ မိန်း​ဂျေး​ တာဝန်ခံ ဦး​ဝင်း​နိုင်ကို စပြီး​သတင်း​ပို့​လိုက်တယ်။ ဒီ​နေ့​ ​နေ့​ခင်း​ ၁၂ နာရီက​နေစပြီး​ လုပ်တယ်။ မနက်ပိုင်း​ကျွေး​မွေး​တဲ့​ အစား​အစာ​တွေကို မစား​မ​သောက်​တော့​ဘဲ ​ထောင်လက်စွဲ ဥပ​ဒေအရ ရသင့်​ရထိုက်တဲ့​ ​လျော့​ရက်ခံစား​ခွင့်​တွေကို ရရှိဖို့​အတွက် အစာငတ်ခံ ဆန္ဒပြ​တောင်း​ဆိုတယ်ဆိုတာကို စတင်​ကြေညာလိုက်တယ်။”

နိုင်ငံ​ရေး​အကျဉ်း​သား​တွေရဲ့​ အစာငတ်ခံဆန္ဒပြပွဲ ​အောင်မြင်ဖို့​ ကုလသမဂ္ဂ၊​ နိုင်ငံတကာနဲ့​ အဖွဲ့​အစည်း​တွေအပါအဝင် လူ့​အခွင့်​အ​ရေး​အဖွဲ့​တွေက ဝိုင်း​ကူညီကြဖို့​ ​ကြေညာချက်မှာ တိုက်တွန်း​ထား​ပါတယ်။

ကွန်ရက်ရဲ့​ ​ကြေညာချက်မှာ ​ဖော်ပြထား​တဲ့​ ဓာတ်ပုံတချို့​နဲ့​ လူ ၁၅ ဦး​ အမည်စာရင်း​ထဲမှာ ​ထောင် ၁၈ နှစ်ကျတဲ့​ ကိုညီညီထွန်း​၊​ ၁၂ နှစ်ကျတဲ့​ ကို​ကောင်း​မြတ်လှိုင်၊​ ၂၂ နှစ်ကျတဲ့​ ကိုဥာဏ်ထွန်း​လင်း​နဲ့​ ၂၃ နှစ်ကျတဲ့​ ကိုဇင်မင်း​ရှိန်တို့​ ပါဝင်ပါတယ်။

ဒီက​နေ့​ အစိုး​ရရုံး​ပိတ်ရက်ဖြစ်ပြီး​ မနက်ဖြန်​ထောင်ဝင်စာ​တွေ ပြန်ဖွင့်​မယ်ဆိုတာ​ကြောင့်​ သတင်း​အချက်အလက်​တွေ ဒီထက်ပိုမိုရနိုင်တယ်လို့​ ကို​အောင်​ဇော်ထွန်း​က ​ပြောပါတယ်။

ဒီသတင်း​နဲ့​ပတ်သက်လို့​ ​ထောင်အာဏာပိုင်​တွေကို ဆက်သွယ်​မေး​မြန်း​ဖို့​ ကြိုစား​ပေမယ့်​ မရ​သေး​သလို တခြား​သီး​သန့်​အတည်ပြုချက်​တွေ ထပ်မံရရှိဖို့​ ကြိုစား​နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013