DVB Logo
Home
မြန်မာသတင်း
ရွှေဈေး ၉ သိန်းဝန်းကျင်အထိ စံချိန်တင် မြင့်တက်
DVB
·
September 28, 2016
ရွှေဈေး ၉ သိန်းဝန်းကျင်အထိ စံချိန်တင် မြင့်တက်
Donate to DVB

စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန် ရွှေဈေးကွက်ထဲမှာ ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် ရွှေဝယ်ယူသူတွေ များပြားပြီး ရွှေဈေး ၉ သိန်းဝန်းကျင်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

ဒီလိုအခြေအနေကို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းက ၀င်ထိန်းခဲ့ရတာပါ။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က “အသင်းအနေနဲ့ ၁၀ နာရီခွဲ ဈေးကွက်မစခင်မှာပဲ ၁၀ နာရီ ၂၅ မိနစ်လောက်မှာ ဈေးနှုန်းတွေ ကမောက်ကမ အပြင်မှာဖြစ်ပြီးတော့ ကောလာဟလသတင်းတွေကြောင့် မြင့်တက်နေတာကို ဦးလေးတို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း အလုပ်အမှုဆောင်အဖွဲ့အနေနဲ့ ရွှေရောင်းတဲ့ဝယ်တဲ့ အသင်းသူ အသင်းသားတွေကို ရွှေအလွန်အကျွံ မရောင်းကြဖို့၊ အလေးချိန် အများအပြား မရောင်းမ၀ယ်ကြဖို့ အသင်းအနေနဲ့၊ အလုပ်အမှုဆောင်အဖွဲ့အနေနဲ့ မေတ္တာရပ်ခံတဲ့အတွက် အသင်းသူ အသင်းသားတွေကလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်တဲ့အတွက် ရှစ်သိန်းကိုးသောင်းခုနစ်ထောင်ကနေ တဖြည်းဖြည်းနဲ့ ကျဆင်းလာတာ ရှစ်သောင်းနဲ့ ကိုးထောင့်ခုနစ်ရာ၊ ရှစ်ရာလောက်မှာ အလုပ်ဖြစ်နေတယ်” လို့ ပြောပါတယ်။

ရွှေဝယ်ယူသူတွေ များနေတာတာ ဘဏ်အတိုးနှုန်းတွေ လျှော့မှာဖြစ်လို့ ဘဏ်ထဲကငွေတွေကို ထုတ်ပြီး ရွှေဝယ်ယူနေတာကြောင့် ဖြစ်တယ်လို့ ရွှေဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဦးဝင်းမြင့်က ဆက်ပြီး “ကောလာလဟကြောင့်ဆိုတာ ဒီရက်ပိုင်းမှာ ကျနော်တို့ ဘဏ်တိုးနှုန်းတွေ လျှော့မယ်ဆိုပြီးတော့ တချို့လည်း ဘဏ်မှာထားတဲ့သူတွေ အရင်ရက်ပိုင်းကပေါ့နော်၊ လွန်ခဲ့တဲ့အပတ်ကတည်းက တဖြည်းဖြည်းနဲ့ ဘဏ်မှာ ငွေအပ်ထားတဲ့သူတွေက ရွှေဝယ်စုဆောင်းပြီး ရွှေဝယ်ယူတဲ့အတွက် တက်လာတာလည်း ပါပါတယ်။ အဓိကကတော့ ဒေါ်လာဈေးကြောင့်ပေါ့။ ဒေါ်လာဈေး တရက်ကို ၅ ကျပ်၊ ၁၀ လောက် နေ့စဉ် မြင့်တက်နေတဲ့အတွက် ၀ယ်ယူစုဆောင်းတဲ့သူတွေကလည်း တက်ဦးမလားဆိုပြီး ၀ယ်ယူစုဆောင်းကြတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရွှေဈေးနှုန်း အများကြီးမြင့်လာရင် တခြားကုန်ဈေးနှုန်းတွေပါ မြင့်လာမှာကို ရွှေဈေးကွက်ကျွမ်းကျင်သူတွေက စိုးရိမ်နေပါတယ်။

“ကောလာဟလသတင်းအမှားကြောင့် မဖြစ်သင့်တဲ့ဈေး ဖြစ်သွားမှာစိုးလို့ အသင်းအနေနဲ့ အားလုံး ပြည်သူလူထုအကျိုးကို ရည်မျှော်ပြီးတော့ ကာကွယ်တဲ့အနေနဲ့ ကုန်ဈေးနှုန်း ရွှေဈေးတက်လို့ဆိုပြီး အခြားကုန်ပစ္စည်းတွေလည်း လိုက်ပါမြင့်တက်သွားမှာ စိုးရိမ်ကြောင့်ကြတဲ့အတွက် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ပြောလိုက်တဲ့အချိန်မှာ အသင်းသူ အသင်းသားတွေကလည်း ထိန်းထိန်းသိမ်းသိမ်း ရောင်းကြ၀ယ်ကြတဲ့အတွက် ပြန်လည်ကျဆင်းသွားတာ ဖြစ်ပါတယ်” လို့ ဦးဝင်းမြင့်က ဖြည့်စွက်ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာတော့ အခေါက်ရွှေ ၁ ကျပ်သားကို ရှစ်သိန်းရှစ်သောင်းခုနစ်ထောင့်ငါးရာထိ မြင့်တက်ခဲ့ပေမယ့် ဈေးနှုန်း ပြန်လည်ကျဆင်းခဲ့တာကြောင့် နေ့လယ်ပိုင်းမှာ ဈေးကွက်ထဲမှာ ရှစ်သိန်းရှစ်သောင်း ပေါက်ဈေးရှိနေပါတယ်။

လက်ရှိအခြေအနေမှာတော့ ရွှေဝယ်ယူစုဆောင်းသူတွေအနေနဲ့ ဒီအချိန်ဟာ မ၀ယ်သင့်တဲ့အချိန် ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တချို့က အကြံပြု ပြောကြားထားတာတွေလည်း ရှိနေပါတယ်။

သတင်း - ကျော်ဇေယျ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013