DVB Logo
Home
မြန်မာသတင်း
ရေကြီး​မှု​ကြောင့်​ ​သေဆုံး​သူ ရာ​ပေါင်း​များ​စွာရှိနိုင်၊​ လူ​သောင်း​ချီဒုက္ခ​ရောက်​နေ
DVB
·
October 26, 2011
ရေကြီး​မှု​ကြောင့်​ ​သေဆုံး​သူ ရာ​ပေါင်း​များ​စွာရှိနိုင်၊​ လူ​သောင်း​ချီဒုက္ခ​ရောက်​နေ
Donate to DVB

ဒီလ ၁၉ ရက်နဲ့​ ၂၀ ရက်​နေ့​က မ​ကွေး​တိုင်း​အတွင်း​ ​ရေကြီး​မှု​ကြောင့်​ ​သေဆုံး​သူ ရာ​ပေါင်း​များ​စွာ ရှိနိုင်ပြီး​ ​ရေ​ဘေး​ဒုက္ခသည် ​သောင်း​ချီပြီး​ အကူအညီ လိုအပ်​နေတယ်လို့​ ကူညီကယ်ဆယ်သူ​တွေက ​ပြောပါတယ်။

မ​ကွေး​တိုင်း​အတွင်း​ရေကြီး​မှု​ကြောင့်​ ​သေ​ကျေပျက်စီး​ဆုံး​ရှုံး​မှုပမာဏနဲ့​ ပတ်သက်လို့​ အစိုး​ရက ထုတ်ပြန်​ကြေညာတဲ့​ စာရင်း​ဟာ မုန်တိုင်း​သင့်​ဒေသ​တွေကို ကိုယ်ထိလက်​ရောက် ကူညီ​နေသူ​တွေရဲ့​ မျက်မြင်​ပြောဆိုချက်​တွေနဲ့​ နှိုင်း​စာရင်း​ အင်မတန် နည်း​နေပါတယ်။

ဒုတိယသမ္မတ စိုင်း​မောက်ခမ်း​ ပခုက္ကူမြို့​မှာ သွား​ရောက်စဉ်က ​ရေ​မျော​သေဆုံး​သူ ၁၀၆ ဦး​ကို ​ထောက်ပံ့​တယ်လို့​ ၂၄ ရက်​နေ့​ထုတ် သတင်း​စာ​တွေမှာ ​ဖော်ပြခဲ့​ပါတယ်။

ဒါ​ပေမယ့်​ ကယ်ဆယ် ​ရေး​လုပ်သား​တွေက​တော့​ စာရင်း​တိတိကျကျ မ​ပြောနိုင်​ပေမယ့်​ အိမ်လုံး​ကျွတ်​မျောပါသွား​ တာ​တွေ၊​ ရွာ​တွေ အ​မြောက်အမြား​ ​ရေနစ်မြုပ်တာ​တွေကို ​ထောက်ပြပြီး​ လူ​ထောင်ဂဏန်း​တော့​ ​သေ​ကျေ​ပျောက်ဆုံး​လိမ့်​မယ်လို့​ ​ပြောဆိုကြပါတယ်။

ပခုက္ကူမြို့​က ရပ်ကွပ် ၂ နဲ့​ ၃ မှာ အိမ် ​ခြေ ၅၀၀ ​ကျော် ​ရေထဲ​မျောပါသွား​ပြီး​ အဲဒီအိမ်​ထောင်စု​တွေဟာ လက်ရှိ ပခုက္ကူမြို့​မှာရှိတဲ့​ ဘုန်း​ကြီး​ကျောင်း​ ၃ ခုမှာ ခိုလှုံ​နေကြရပါတယ်။

ပဲခုက္ကူမြို့​က ​ရေ​ဘေး​ဒုက္ခသည်​တွေကို အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဗဟိုက ဒီက​နေ့​ အိမ်​ထောင်စုတခုကို ဆန် ၄ ပြည်နဲ့​ ​ငွေသုံး​ထောင်ဆီ ကူညီ​နေတယ်လို့​ အဖွဲ့​ချုပ် ​ပြောခွင့်​ရသူ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

“အခုစာရင်း​ပေါက်​နေတာ ၁၂၁ ​ယောက်လို့​ ဒုက္ခသည်စခန်း​က ​ပြောပါတယ်။ ​ရေထဲလုံး​ဝ ​မျောပါသွား​တာပါ။ ဟုတ်တယ်။ ပခုက္ကူမြို့​ ရပ်ကွက် ၂ နဲ့​ ရပ်ကွက် ၃က ​ချောင်း​နံ​ဘေး​မှာရှိပါတယ်။ ​တောင်ကျ​ချောင်း​၊​ ယင်း​ချောင်း​နံ​ဘေး​မှာ ရှိပါတယ်။ ​ရေ​တွေကျလာတဲ့​အခါကျ​တော့​ ယင်း​ချောင်း​ထဲက ​ရေလုံး​က ​ချောင်း​နံ​ဘေး​မှာရှိတဲ့​ ရပ်ကွက်ကြီး​ကို တိုက်စား​ပြီး​တော့​ အဲဒါကြီး​က ​ချောက်ကမ်း​ပါး​ကြီး​ဖြစ်သွား​ပြီး​ သဲပြင်ကြီး​ဖြစ်ပြီး​ ကျန်ခဲ့​ပါတယ်။ နှစ်ထပ်၊​ သုံး​ထပ်​ကျောင်း​ဆောင်​တွေ အကုန်လုံး​၊​ ဘုန်ကြီး​ကျေင်း​တ​ကျောင်း​တောင်မှ အဲဒီမှာ လုံး​ဝ​မျောပါသွား​တယ်။ အဲဒီ​လောက် ပြင်း​ထန်တဲ့​ရေလုံး​က ​သေတဲ့​လူကလည်း​ ​ရေထဲမှာ​မျောပါပြီး​ ​သေသွား​တယ်။ ၁၀၀ ​ကျော်​လောက်ရှိတယ်။ ကျန်ရစ်ခဲ့​တဲ့​ မိသား​စု ၅၅၁ စုက ဘုန်း​တော်ကြီး​ကျောင်း​တခုမှာ ဆရာ​တော်​တွေက ​ခေတ္တ တည်း​ခိုခွင့်​ပေး​ထား​လို့​ လာ​ရောက်မှီခို​နေရတယ်။ အခု​လော​လောဆယ်​တော့​ ဒီမှာဒုက္ခသည် ၅၅၁ အိမ်​ထောင်အတွက် ​ကျောင်း​တွေကိုလိုက်ပြီး​တော့​ ကျ​နော်တို့​ ကူညီ​နေတယ်။”

ပခုက္ကုမြို့​ပေါ်မှာတင် လက်ရှိ ​သေဆုံး​သူ ၁၂၃ ဦး​ ရှိ​နေတယ်လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

ဒု-သမ္မတ ပဲခုက္ကူကို ​ရောက်တုန်း​ကလည်း​ အဲဒီဒုက္ခသည်​တွေကို တအိမ်​ထောင် ၅ ​သောင်း​ဆီ ​ထောက်ပံ့​သွား​တယ်လို့​ ဒုက္ခသည်အမျိုး​သမီး​ မနွယ်နွယ်မြင့်​က ​ပြောပါတယ်။

[caption id="attachment_17001" align="alignright" width="300" caption="​ရေကြီးမှုအပြီး မြင်​တွေ့ရသည့် အပျက်အစီးများ (ဆိပ်ဖြူမြို့​)"][/caption]

“အဲဒီညက ကျမတို့​ ပခုက္ကူမှာ တညလုံး​ မိုး​တွေရွာတယ်။ ဘယ်သူမှ မအိပ်ကြဘူး။ အန္တရာယ်မဖြစ်ဘူး​လို့​ ကြည့်​ရင်း​ကြည့်​ရင်း​နဲ့​ ကမ်း​ပါး​ပြိုရင် ကျမတို့​ဆီလာမယ်ဆိုတာ သိတယ်။ ကမ်း​ပါး​မပြိုဘဲနဲ့​ လှိုင်း​လုံး​ကြီး​တွေက အိမ်တလုံး​စာ​လောက်​တွေ ​ကျော်​ကျော်ဝင်လာပြီး​တော့​ ကျမတို့​အိမ်ထဲကို ခါး​လောက်ထိ ​ရေ​တွေ​ရောက်လာတာပါ။ ပစ္စည်း​သိမ်း​ချိန်ကို မရလိုက်ဘူး​။ ရသမျှ​လေး​စွဲပြီး​ က​လေး​တွေနဲ့​ ထွက်​ပြေး​ရတာပါ။ ​သေတာလည်း​ မနည်း​ဘူး​။ အိမ်​ကောပစ္စည်း​တွေ​ကော ပါကုန်တယ်။ လူ​တွေ​တော့​ ဒီ​နေ့​ထိအ​လောင်း​က ​တွေ့​နေတုန်း​ပါ။ အဲဒီ​ချောင်း​ထဲမှာ မြုပ်​တော့​ ပုပ်​တော့​ပေါ်လာတာ​ပေါ့​။ အခု ဒီက​ထောက်ပံ့​တာ​လေး​တွေယူပြီး​ ​ကျွေး​တာစား​နေရပါတယ်။ သမ္မတက တအိမ်​ထောင်ကို ၅ ​သောင်း​ထောက်ပံ့​ပေး​ပါတယ်။ ကျမက နိုင်ငံ​တော်အုပ်ချုပ်တဲ့​သမ္မတကြီး​တွေ​ကော အား​လုံး​ကို ​ကျေး​ဇူး​တင်တာ။ ​ဒေါ်​အောင်ဆန်း​စုကြည် အဖွဲ့​က ​ထောက်ပံ့​တော့​လည်း​ ​ကျေး​ဇူး​တင်ပါတယ်။”

အောက်တိုဘာလ ၂၄ ရက်က ဆိပ်ဖြူမြို့​နယ် ​ရေ​ဘေး​ဒုက္ခသည်​တွေကို သွား​ရောက် ကူညီခဲ့​တဲ့​ စိမ်း​ရောင်စိုအဖွဲ့​က ကို​မောင်​မောင်ဦး​က​တော့​ အဲဒီ​ဒေသမှာ လူရာ​ပေါင်း​များ​စွာ ​သေဆုံး​နိုင်​ကြောင်း​ ​ပြောပါတယ်။

သူ​တွေ့​ခဲ့​ရတဲ့​မြင်ကွင်း​နဲ့​ ပတ်သက်ပြီး​ “ကျ​နော်တို့​ဝင်ခဲ့​တာ ပခုက္ကူ၊​ ဆိပ်ဖြူသွား​တဲ့​လမ်း​အတိုင်း​ သွား​ပြီး​တော့​ ​ယော​ချောင်း​အ​ပေါ်က​နေ ​အောက်ကို ​သောင်ပြင်ထဲကိုဆင်း​သွား​တယ်။ ​တော်​တော်ကို ​ချောင်ပါတယ်။ ​မေး​ကြည့်​တဲ့​အခါမှာ ဆန်​လေး​ပြည်ပဲ ရဘူး​သေး​တယ်။ အဲဒီရွာက အိမ်​ခြေ ၄၃ အိမ် လုံး​ဝပျက်စီး​သွား​တယ်။ ၅၈ အိမ်က ​ရေမြုပ်တယ်။ ​နောက် ​တောင်ဖလူတဲ့​၊​ ​ရေဝင်တဲ့​အိမ်က​တော့​ ရှိတယ်။ ပျက်စီး​တဲ့​အိမ်က ၁၀ အိမ်တဲ့​။ ​နောက် ဒဲ့​ပြား​၊​ မြစ်ဖျား​၊​ စ​ညော၊​ အဲဒီဘက်က ပျက်စီး​ဆုံး​ရှုံး​မှု​တွေ ​တော်​တော်များ​များ​ရှိတယ်။”

သေဆုံး​ပျောက်ဆုံး​ စာရင်း​မှာ ​ရေ​ဘေး​ဒုက္ခသည်​တွေရဲ့​ ​ပြောဆိုချက်အရ ၅၀၀ နဲ့​ ၁၀၀၀ ကြား​မှာ ရှိနိုင်ပြီး​ ဒုက္ခသည် ၂ ​သောင်း​လောက်နိုင်တယ်လို့​ ကို​မောင်​မောင်ဦး​က ​ပြောပါတယ်။

အမျိုး​သား​မိုက​ရေစီအဖွဲ့​ချုပ်က ရရှိတဲ့​စာရင်း​အရ ဆိပ်ဖြူမြို့​နယ်မှာ ရွာ​ပေါင်း​ ၂၉ ရွာ နဲ့​ ​ပေါက်မြို့​နယ်မှာ ၂၃ ရွာ စုစု​ပေါင်း​ လူဦး​ရေ ၄ ​သောင်း​ကျော် ​ရေ​ဘေး​ဒုက္ခ​ရောက်​နေပြီး​ အ​ရေး​ပေါ်အကူအညီ လိုအပ်​နေတယ်လို့​ အဖွဲ့​ချုပ်​ပြောခွင့်​ရသူ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

ရေကြီး​မှု​ကြောင့်​ စိုက်ပျိုး​ထား​တဲ့​ ကြက်သွန်၊​ ငရုပ်၊​ ကုလား​ပဲ အစရှိတဲ့​ စိုက်ခင်း​တွေ အား​လုံး​ပျက်စီး​သွား​သလို ကျွဲနွား​တိရစ္ဆာန်​တွေလည်း​ ​ရေထဲ​မျောပါ ​သေဆုံး​ကုန်တာ​ကြောင့်​ ​ရေရှည်​ဒေသခံအတွက် ပိုပြီး​ စား​ဝတ်​နေ​ရေး​ အခက်ကြုံရနိုင်တယ်လို့​လည်း​ ကူညီကယ်ဆယ်​ပေး​သူ​တွေက ​ပြောပါတယ်။

ပြည်သူ့​လွတ်​တော်ဥက္ကဋ္ဌ ဦး​သူရ​ရွှေမန်း​က​တော့​ ​ရေကြီး​မှု​ကြောင့်​ အိမ်​ခြေ​ပေါင်း​ ၂,၂၀၀ ​ကျော် ပျက်စီး​ပြီး​ ၄,၅၀၀ ​လောက် ​ရေမြုပ်သွား​တယ်လို့​ မ​နေ့​က ပြုလုပ်တဲ့​လွှတ်​တော်အစည်း​အ​ဝေး​မှ ​ပြောခဲ့​ကြောင်း​ အလဲဗင်း​မီဒီယာက ​ဖော်ပြပါတယ်။

လယ်ဧက ၁၂၀ မျိုး​စပါး​တင်း​ သုံး​သောင်း​ကျော် ပျက်စီး​သွား​သလို ​သေသူ ၉၀ ဦး​ ရှိပြီး​ အဲဒီထဲမှာ ​ပျောက်ဆုံး​စာရင်း​မပါဘူး​လို့​ ဆိုပါတယ်။ ​ရေတိုက်စား​မှု​ကြောင့်​ တံတား​ကြီး​ ၁၀ ခု ပျက်စီး​သွား​တယ်လို့​ ​ဖော်ပြထား​ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013