Thursday, June 8, 2023
Homeမြန်မာသတင်းနိုင်ငံရေး၃၆ နွစ္လံုး အကျဉ်း​ထောင်ဥပ​ဒေမသုံး​ဘဲ အကျဉ်း​ထောင်​တွေကို စီမံအုပ်ချုပ်ခဲ့

၃၆ နှစ်လုံး​ အကျဉ်း​ထောင်ဥပ​ဒေမသုံး​ဘဲ အကျဉ်း​ထောင်​တွေကို စီမံအုပ်ချုပ်ခဲ့

တည်ဆဲအကျဉ်း​ထောင်ဥပ​ဒေကိုလည်း​ မကျင့်​သုံး​၊​ ဥပ​ဒေအသစ်ကိုလည်း​ မပြဋ္ဌာန်း​ဘဲ ၃၆ နှစ်လုံး​ အကျဉ်း​ထောင်​တွေကို ညွှန်ကြား​ချက်​တွေနဲ့​ စီမံအုပ်ချုပ်ခဲ့​တယ်လို့​ လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဖုန်း​မြင့်​အောင်က ​ပြောပါတယ်။

မ​နေ့​က ​နေပြည်​တော်မှာကျင်း​ပခဲ့​တဲ့​ ​ခေတ်မမီ​တော့​တဲ့​ ဥပ​ဒေ​တွေကို ပြင်ဆင်ခြင်း​၊​ ပယ်ဖျက်ခြင်း​နဲ့​ အသစ်ပြဋ္ဌာန်း​ခြင်း​ဆိုင်ရာ ​ဆွေး​နွေး​ပွဲမှာ ဥပ​ဒေပါ​မောက္ခ ​ဒေါက်တာတင်​မေထွန်း​က ဖျက်သိမ်း​ပြီလို့​ မ​ကြေညာမချင်း​ ဘယ်ဥပ​ဒေမဆို အသက်ဝင်ဆဲဖြစ်​ကြောင်း​၊​ “အကျဉ်း​ထောင်လက်စွဲ ဥပ​ဒေ” ဟာ ပြည့်​စုံတဲ့​အတွက် ဆက်ကျင့်​သုံး​သင့်​တယ်လို့​ အကြံပြု​ကြောင်း​ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဖုန်း​မြင့်​အောင်ရဲ့​အ​မေး​ကို ​ဖြေကြား​သွား​ခဲ့​ပါတယ်။

ပြည်ထဲ​ရေး​ဝန်ကြီး​ ဒု-ဗိုလ်ချုပ်ကြီး​ကိုကိုက ၁၈၉၄ အကျဉ်း​ထောင်လက်စွဲဥပ​ဒေဟာ ကိုလိုနီ​ခေတ်က ပြဋ္ဌာန်း​ခဲ့​တဲ့​ ဥပ​ဒေဖြစ်လို့​ ၁၉၇၅ ခုနှစ်ကစပြီး​ ဒီဥပ​ဒေကို မကျင့်​သုံး​တော့​ဘဲ ညွှန်ကြား​ချက်​တွေနဲ့​ပဲ အကျဉ်း​ထောင်ကို အုပ်ချုပ်​ကြောင်း​၊​ ဥပ​ဒေသစ်လည်း​ မပြဋ္ဌာန်း​ကြောင်း​ အခုကျင်း​ပ​နေဆဲလွှတ်​တော် မှာပဲ ဦး​ဖုန်း​မြင့်​အောင် အ​မေး​ကို ​ဖြေကြား​ရှင်း​လင်း​သွား​ခဲ့​ဖူး​ပါတယ်။

ဒီအ​ပေါ်မှာ ​မေး​ခွန်း​ထုတ်ခဲ့​တဲ့​ ဦး​ဖုန်း​မြင့်​အောင်က “ဒီဥပ​ဒေတခုက ဗြိတိသျှအုပ်ချုပ်တဲ့​ ဥပ​ဒေက ၁၉၄ဂက​နေ ၁၉၇၅ ထိ​အောင်​တော့​ အလုပ်ဖြစ်​နေတာ​ပေါ့​။ ၁၉၇၅ ကျ​တော့​ ဆရာ​တွေက အဲဒီမှာပါတဲ့​ အကျဉ်း​ထောင်ဥပ​ဒေနဲ့​ပတ်သက်တဲ့​ အချက်အလက်​တွေအရ အကျဉ်း​သား​တွေက အခွင့်​အ​ရေး​ယူတယ်၊​ ဆူပူမှုလုပ်တယ်၊​ သူတို့​ထိန်း​သိမ်း​ရခက်လို့​ဆိုပြီး​ ဒါကိုမကျင့်​သုံး​တော့​တာ။ မကျင့်​သုံး​ပေမယ့်​ တခြား​ခေတ်မှီတဲ့​ ​ခေတ်နဲ့​လိုက်​လျောညီ​ထွေဖြစ်တဲ့​ ဥပ​ဒေတခုမပြဋ္ဌာန်း​နိုင်ဘူး​။ အဲဒီဥပ​ဒေသစ်ကို အသက်ဝင်​နေတဲ့​ ဒီဥပ​ဒေကိုမကြိုက်ဘူး​ မလုပ်နိုင်ဘူး​ဆိုရင် ​နောက်ထပ်ဥပ​ဒေအသစ်ကိုလည်း​ မလုပ်ဘဲ​နေတာ ၃၆ နှစ်ရှိသွား​ပြီ” လို့​ ​ပြောပါတယ်။

အခုလွှတ်​တော်မှာ အကျဉ်း​ထောင်ဥပ​ဒေအသစ်ကို ပြင်ဆင်​ရေး​ဆွဲ​နေပါတယ်လို့​ ပြည်ထဲ​ရေး​ဝန်ကြီး​က ​ပြောသွား​တယ်လို့​လည်း​ ဆိုပါတယ်။

မြန်မာနိုင်ငံ​ရှေ​နေများ​ကွန်ရက်က ဥပ​ဒေအကြံ​ပေး​အရာရှိ ​ရှေ့​နေကြီး​ ဦး​အောင်သိန်း​က “အကျဉ်း​ထောင်လက်စွဲ ဥပ​ဒေများ​ကို မကျင့်​သုံး​ပဲ လိုရာဆွဲယူကျင့်​သုံး​ပြီး​တော့​ အ​ရေး​ယူ​ဆောင်ရွက်တယ်ဆိုတာက​တော့​ ဘယ်အကျဉ်း​သား​ရဲ့​ အခွင့်​အ​ရေး​က ဘယ်ဥပ​ဒေမှာ​တောင်း​ဆိုရမလဲဆိုတာ ဒီ​နေ့​ထိမယ်မယ်ရရ မရှိတာ​ပေါ့​။ ဆိုလိုတာက ကျ​နော်တို့​ ​ရှေ့​နေက အကျဉ်း​သား​နဲ့​သွား​တွေ့​မယ်။ ​ထောင်ကျအကျဉ်း​သား​နဲ့​ပဲ ​တွေ့​သည်ဖြစ်​စေ အချုပ်သား​နဲ့​ပဲ​တွေ့​သည်ဖြစ်​စေ အကျဉ်း​ထောင်အရာအရှိက ​တွေ့​ခွင့်​ပေး​ရမယ်။ ​တွေ့​ခွင့်​ပေး​တဲ့​နေရာမှာလည်း​ သူက မြင်သာတဲ့​နေရာကပဲ​နေရမယ်။ နား​ထောင်ခွင့်​မရှိဘူး​ဆိုပြီး​ အကျဉ်း​ထောင်ဥပ​ဒေ​တွေမှာ ပြဋ္ဌာန်း​ထား​တယ်။ ဒါ​ပေမယ့်​ တကယ်တမ်း​ကျ​တော့​ ​ထောင်ကျအကျဉ်း​သား​ကို ​ရှေ့​နေနဲ့​တွေ့​ခွင့်​ပေး​တယ်ဆိုတာ အလွန်မှရှား​တယ်။ အချုပ်သား​တောင်မှ ​တွေ့​ခွင့်​ကို အ​တော်ကို ကြိုး​စား​လုပ်ယူရတဲ့​သ​ဘောရှိတယ်။ အဲ​တော့​ ဥပ​ဒေ​တွေက သူတို့​ဘာသူတို့​ မကျင့်​သုံး​ဘဲနဲ့​ လိုရင်လိုသလို လုပ်​နေတဲ့​သ​ဘောမျိုး​တွေက ပြီး​ခဲ့​တဲ့​အစိုး​ရ​ခေတ်​တွေမှာ များ​ခဲ့​တာ” လို့​ ​ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular