Home
မြန်မာသတင်း
ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်ရောကုမ္ပဏီ ယာဉ်စီးရေ ၁၀၀ ဖြည့်တင်းရန် တင်ဒါခေါ်
DVB
·
September 27, 2016
ယာဉ်လိုင်းတွေ ပြေးဆွဲနေတဲ့ ရန်ကုန်ဘတ်စ်ကား အများနဲ့သက်ဆိုင်သောကုမ္ပဏီမှာ ယာဉ်အစီးရေ ၁၀၀ ထပ်မံဖြည့်တင်းဖို့အတွက် တင်ဒါတွေ ခေါ်ယူထားပါတယ်။ ဝယ်ယူမယ့် ခရီးသည်တင်ယာဉ်တွေဟာ ပြည်ပနိုင်ငံထုတ် အဲကွန်းပါ ဘယ်မောင်း City Bus အမျိုးအစားတွေဖြစ်ပြီး မော်ဒယ်အဖြစ် ၂၀၀၇ ကနေ ၂၀၁၀ အထိ သတ်မှတ်ထားပါတယ်။ ရန်ကုန်ဘတ်စ်ကား အများနဲ့သက်ဆိုင်သောကုမ္ပဏီ ဒါရိုက်တာ ဦးလှအောင်ကတော့ "BRT Lite ယာဉ်လိုင်းမှာ ထည့်၊ မထည့်က မသိရသေးဘူး၊ ကုမ္ပဏီ မော်တော်ယာဉ်အင်အား ဖြည့်ထားတာပါ။ နောက်ပိုင်း ဘယ်လမ်းကြောင်းမှာ ပြေးဆွဲရမယ် မသိနိုင်သေးပါဘူး" လို့ ပြောပါတယ်။ BRT Lite ယာဉ်လိုင်းကို ၂၀၁၆ ဖေဖော်ဝါရီလက စတင်ပြေးဆွဲခဲ့ပြီး ဒီကုမ္ပဏီမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ အများပြည်သူရှယ်ယာ ၄၉ ရာခိုင်နှုန်း ပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024