ဂျီနိုအာတွင် ကစားနေသည့် တီကိုနည်းပြ ဆီမြွန်နီ၏သား ပထမဆုံးပွဲတွင် ဂိုးသွင်းယူ

ဓာတ်ပုံ - ရိုက်တာ
အက်သလက်တီကိုနည်းပြ ဆီမြွန်နီရဲ့ သားဖြစ်တဲ့ ဂျီအိုဗန်နီဆီမြွန်နီဟာ အီတလီကလပ် ဂျီနိုအာအသင်းအတွက် ပထမဆုံးပွဲမှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၂၁ နှစ်ရှိ ဂျီအိုဗန်နီဟာ ဒီနှစ်ရာသီအစက အာဂျင်တီးနားကလပ် ရေးဗားပလိတ်ကနေ ဂျီနိုအာအသင်းကို ပြောင်းရွှေ့လာတာဖြစ်ပြီး ပွဲဦးထွက်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ ဂျီအိုဗန်နီဆီမြွန်နီဟာ သူ့ရဲ့ဖခင်ဖြစ်တဲ့ အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီ အက်သလက်တီကိုအသင်းမှာ ကစားနေတဲ့ ၁၉၉၅ ခုနှစ်က မက်ဒရစ်မြို့မှာ မွေးဖွားခဲ့တာပါ။ အာဂျင်တီးနား ယူ ၂၀ လက်ရွေးစင်အသင်းအတွက် ၁၂ ပွဲမှာ ၁၀ ဂိုး သွင်းယူထားတဲ့ ဂျီအိုဗန်နီအနေနဲ့ သူ့ရဲ့ဖခင် ဆီမြွန်နီလိုပဲ အောင်မြင်တဲ့ ကစားသမားတဦး ဖြစ်လာလိမ့်မယ်လို့ ဥရောပမီဒီယာတွေမှာ ရေးသားနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up