DVB Logo
Home
မြန်မာသတင်း
ငြိမ်း​ချမ်း​စွာဆန္ဒပြပိုင်ခွင့်​ဥပ​ဒေကြမ်း​ကို အမျိုး​သား​လွှတ်​တော်က အတည်မပြု​သေး
DVB
·
October 26, 2011
ငြိမ်း​ချမ်း​စွာဆန္ဒပြပိုင်ခွင့်​ဥပ​ဒေကြမ်း​ကို အမျိုး​သား​လွှတ်​တော်က အတည်မပြု​သေး
Donate to DVB

ပြည်သူ့​လွှတ်​တော်က အတည်ပြုပြီး​ဖြစ်တဲ့​ ငြိမ်း​ချမ်း​စွာစု​ဝေး​ခွင့်​၊​ ငြိမ်း​ချမ်း​စွာ စီတန်း​လှည့်​ လည်ခွင့်​ဆိုင်ရာ ဥပ​ဒေကြမ်း​ကို အမျိုး​သား​လွှတ်​တော်က သ​ဘောမတူ​သေး​ဘဲ ​နောက်ထပ် စိစစ်ဖို့​ ဆုံး​ဖြတ်လိုက်ပါတယ်။

[caption id="attachment_16986" align="alignleft" width="300" caption="ဦးသိန်းညွန့်​"][/caption]

ပြည်သူ့​လွှတ်​တော်က တင်ပြလာတဲ့​ အဲဒီဥပ​ဒေကြမ်း​ဟာ တိုင်း​နဲ့​ ပြည်နယ်​တွေမှာ ငြိမ်း​ချမ်း​ရေး​ရမှသာ ပြဋ္ဌာန်း​သင့်​တဲ့​အ​ကြောင်း​ လွှတ်​တော်အမတ် ၄ ဦး​က ​ဆွေး​နွေး​ပြီး​နောက် ဥပ​ဒေကြမ်း​ကော်မတီက ပြန်လည်ကြား​နာဖို့​ အမျိုး​သား​လွှတ်​တော်က ဆုံး​ဖြတ်လိုက်တာပါ။

ဥပ​ဒေကြမ်း​ကို အဆိုပြုတဲ့​ ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ်တဦး​ဖြစ်တဲ့​ ဦး​သိန်း​ညွန့်​က ဥပ​ဒေမူကြမ်း​ အတည်ပြုနိုင်​ရေး​အတွက် ဆက်လက်ကြိုး​ပမ်း​ သွား​မယ်လို့​ ​ပြောပါတယ်။

“အမျိုး​သား​လွှတ်​တော်နဲ့​ ပြည်သူ့​လွှတ်​တော်နဲ့​ သ​ဘောထား​ခြင်း​ အမြင်မတူဘူး​ဆိုရင် အဲဒီအချက်အလက်ကို ပြန်ပြီး​တော့​ ပြည်​ထောင်စုလွှတ်​တော်မှာ တင်ရမယ်။ အဲဒီအခါကျရင် မူလဒီအဆိုမှာ ကျ​နော့်​အဆိုဘက်က ကာကွယ်ပြီး​တော့​ ​ပြောမှာပဲ။ ပြည်သူ့​လွှတ်​တော်မှာ ကျ​နော် အတည်ပြုတဲ့​အပိုင်း​ မရှိရင် ပြည်သူ့​လွှတ်​တော်က လွှတ်​တော် ၂ ရပ်​ပေါင်း​ တင်တဲ့​အခါကျရင် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေက သူတို့​မူလ အတည်ပြုထား​တဲ့​အ​ပေါ်မှာ ရပ်ကြမှာပဲ​လေ။ အဲဒီအခါကျ​တော့​မှ သ​ဘောကွဲလွဲတဲ့​အချက်က ပြည်​ထောင်စုလွှတ်​တော်မှာ ဘယ်သူမဲအများ​ဆုံး​ရလည်း​ဆိုတာ အဲဒီအချိန်မှာ အ​ဖြေ​ပေါ်မှာပါ။”

အောက်တိုဘာ ၃ ရက်​နေ့​က ပြည်သူ့​လွှတ်​တော်က တင်ပြထား​တဲ့​ ဥပ​ဒေကြမ်း​မှာ သက်ဆိုင်ရာကို ကြိုတင်အ​ကြောင်း​ကြား​ပြီး​ရင် ငြိမ်း​ချမ်း​စွာ ဆန္ဒပြခွင့်​အပြင် ​ကြွေး​ကြော်သံ​တွေကိုတိုင်ဖို့​ ခွင့်​ပြုထား​တယ်လို့​ ဦး​သိန်း​ညွန့်​က ​ပြောပါတယ်။

“ဆန္ဒပြခွင့်​ရရုံတင်မကဘူး​။ ဆန္ဒပြတဲ့​အခါမှာ ပိုပြီး​တော့​ အသက်ဝင်လာ​အောင် ဘယ်လို​ဆောင်ရွက်ရမယ်ဆိုတဲ့​အချက်​တွေမှာ ပြင်လိုက်တာ ရှိတာ​ပေါ့​။ ကျ​နော်​အောင်မြင်တဲ့​အချက်က ဆန္ဒပြတဲ့​အခါမှာ စု​ဝေး​ချီတက်တဲ့​အခါမှာ အသံတိတ်ဆန္ဒပြမှု​တွေမှာ ကျ​နော်ကပြင်ဆင်လိုက်တယ်။ အဲဒါက ခွင့်​ပြုချက်နဲ့​ ဆန္ဒပြတဲ့​အခါ ​ကြွေး​ကြော်သံ​တွေကို ​ကြွေး​ကြော်ရမယ်ဆိုတဲ့​အချက်၊​ အဲဒီအချက်​တွေက​တော့​ ပြည်ထဲ​ရေး​ဝန်ကြီး​ ကိုယ်တိုင်ကကို ဒါက စည်း​ကမ်း​ရှိတဲ့​ ဒီမိုက​ရေစီနဲ့​ညီညွတ်တယ်ဆိုပြီး​တော့​ ကျ​နော့်​ဒီပြင်ဆင်ချက်က ​အောင်မြင်ခဲ့​တယ်။”

လက်ရှိဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေအရ ဥပ​ဒေမူကြမ်း​တရပ်အ​ပေါ် လွှတ်​တော်နှစ်ရပ်က သ​ဘောထား​ကွဲရင် လွှတ်​တော်နှစ်ရပ် ​ပေါင်း​ဖြစ်တဲ့​ ပြည်​ထောင်စုလွှတ်​တော်ရဲ့​ အဆုံး​အဖြတ်ကို ခံယူရမှာဖြစ်ပါတယ်။

ဥပ​ဒေကြမ်း​တခုအတည်ဖြစ်ဖို့​ ဆိုရင် လွှတ်​တော်နှစ်ရပ်​ပေါင်း​ အမတ်အ​ရေအတွက် ၆၆၄ ​ယောက်ထဲက အနည်း​ဆုံး​ ၃၃၃ ​ယောက် ​ထောက်ခံမဲ လိုအပ်ပါတယ်။

၂၀၀၈ ဖွဲ့​စည်း​ပုံအရ ပြည်သူ့​လွှတ်​တော်အ​ရေအတွက် ၄၄၀ ရှိ​နေပြီး​ အမျိုး​သား​လွှတ်​တော်က (၂၂၄) ဦး​နဲ့​ ဖွဲ့​စည်း​ထား​တာပါ။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013