Home
မြန်မာသတင်း
ဘိန်းစာမှုန့် ကာလတန်ဖိုး ၄ သန်းကျော်ဖိုး ဖမ်းဆီးရမိ
DVB
·
September 26, 2016
14494843_185426438560057_1751443264564518713_n
14485038_185426351893399_3102701287262915309_n
14484763_185426331893401_6501880989622057381_n
14440722_185426368560064_4669872209216759279_n
14370156_185426471893387_6248645328284765063_n
ကော့သောင်းမြို့ အောင်ဘာကျေးရွာအုပ်စု ဘာလိအော်ကျေးရွာ အရှေ့ဘက်ချောင်းဘေးမှာ လှေတစီးနဲ့သယ်ဆောင်လာတဲ့ ဘိန်းစာမှုန့်  ကျပ်ငွေ ၄ သန်းကျော်ဖိုး ဖမ်းဆီးမိခဲ့ပါတယ်။ သတင်းအရ ကော့သောင်းမူးယစ်အထူးအဖွဲ့နဲ့ ကျေးရွာ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာ အိုငယ်နဲ့ ထိန်းလင်းတို့ကို ၀ှက်ထားတဲ့ ဘိန်းစာမှုန့်တွေနဲ့အတူ ဖမ်းဆီမိပြီး တခြားတဦးဖြစ်တဲ့ မင်းနိုင် ဆိုသူကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။ ကြွပ်ကြွပ်အိပ်အမဲ၊ ဆာလာအိပ်တွေနဲ့ထည့်ထားတဲ့ စုစုပေါင်း ၂၉၉ ထုပ်၊ ကာလတန်ဖိုး ၄၁၁၉၇၅၀ ကျပ်ဖိုးလောက် သိမ်းဆည်းရမိပြီး ကော့သောင်းရဲစခန်းက မူးယစ်ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - လတ်ကိုကိုဦး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024