ဒေါ်အောင်ဆန်းစုကြည် အစာအိမ်နှင့် အရိုးကျည်းပေါင်းတက်ရောဂါ ခံစားနေရ
DVB
·
September 26, 2016
ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွေကနေ ရန်ကုန်ကို စက်တင်ဘာ ၂၅ ရက် ညက ပြန်လည်ရောက်ရှိလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာ မရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ ကျန်းမာရေးစစ်ဆေးခဲ့ရာမှာ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း အစီအစဉ်တွေ များပြားလွန်းပြီး နားချိန်နည်းပါးတဲ့အတွက် ပင်ပန်းနွမ်းနယ်တာ၊ စားချိန်သောက်ချိန်မမှန်လို့ အစာအိမ်ရောင်ရမ်းတာ၊ ကွန်ပျူတာအကြည့်များလို့ အရိုးကျည်းပေါင်းတက်တာတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာမရှိဘဲ ကောင်းမွန်လျက်ရှိပြီး အချိန်အနည်းငယ် အနားယူဖို့ လိုအပ်တယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။