DVB Logo
Home
ဆောင်းပါး
ထား​ဝယ် ​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန် ​ခြေလှမ်း​အစ
DVB
·
October 26, 2011
ထား​ဝယ် ​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန် ​ခြေလှမ်း​အစ
1 / 2
Donate to DVB

၂၀၁၁ မတ်လကုန်မှာ မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်​ရေး​ကို အဆုံး​သတ်လိုက်ပြီး​ စစ်​ခေါင်း​ ​ဆောင်​တွေဟာ ​ရွေး​ကောက်ပွဲကတဆင့်​ အရပ်သား​အစိုး​ရအသွင်ကို ​ပြောင်း​လဲခဲ့​ပါတယ်။ တချိန် တည်း​မှာပဲ စက်မှုလုပ်ငန်း​နဲ့​ နည်း​ပညာပိုင်း​မှာ ​နောက်ကျကျန်ရစ်ခဲ့​တဲ့​ တိုင်း​ပြည်ကို အိမ်နီး​ချင်း​ နိုင်ငံ​တွေရဲ့​ စီး​ပွား​ရေး​အောင်မြင်မှု လမ်း​ကြောင်း​နောက် အမီလိုက်ဖို့​ ​ခြေလှမ်း​ စပြင်လာပါတယ်။

သမ္မတ ဦး​သိန်း​စိန်ရဲ့​ ပထမဆုံး​ပြောကြား​တဲ့​ မိန့်​ခွန်း​မှာ “စိုက်ပျိုး​ရေး​နဲ့​ ချမ်း​သာကြွယ်ဝတဲ့​နိုင်ငံ ဖြစ်မလာနိုင်တဲ့​အတွက် ​ခေတ်မီဖွံ့​ဖြိုး​တိုး​တက်တဲ့​နိုင်ငံ၊​ ချမ်း​သာကြွယ်ဝတဲ့​နိုင်ငံ၊​ အလုပ်အကိုင်​တွေ ​ပေါများ​ပြီး​ လူတဦး​ချင်း​ဝင်​ငွေ တိုး​ပွား​တဲ့​နိုင်ငံ ဖြစ်​အောင် စက်မှုနိုင်ငံထူ​ထောင်ရပါမယ်” လို့​ ထည့်​ သွင်း​ပြောကြား​သွား​ခဲ့​ပါတယ်။

နိုင်ငံတနိုင်ငံ ဖွံ့​ဖြိုး​တိုး​တက်ဖို့​ စက်မှုကဏ္ဍဖွံ့​ဖြိုး​မှုဟာ အခရာကျပါတယ်။ ကမ္ဘာ့​အ​နောက်ခြမ်း​ နိုင်ငံ​တွေ ကြီး​ပွား​ချမ်း​သာလာခြင်း​ရဲ့​ အဓိကအ​ကြောင်း​ရင်း​ဟာ စက်မှုကဏ္ဍဖွံ့​ဖြိုး​အောင် လုပ်နိုင်ခဲ့​လို့​ ဖြစ်ပါတယ်။

အာရှနိုင်ငံ​တွေဟာလည်း​ အ​နောက်နိုင်ငံ​တွေကို အတုယူပြီး​ အထူး​စက်မှုဇုန်​တွေကို အပြိုင်း​အ ရိုင်း​ ထူ​ထောင်ပါတယ်။ သည်အခါမှာ အ​နောက်နိုင်ငံများ​ကလည်း​ အာရှရဲ့​ စက်မှုဇုန်စီမံကိန်း​များ​ အတွင်း​ကို အလုံး​အရင်း​နဲ့​ ရင်း​နှီး​မြှုပ်နှံလာကြပါတယ်။ သည်နည်း​နဲ့​ အာရှနိုင်ငံတချို့​ဟာ စီး​ပွား​ရေး​ တိုး​တက်​အောင် ​ဆောင်ရွက်နိုင်ခဲ့​ကြပြီး​ ၁၉၈၀ ပြည့်​လွန်နှစ်များ​ ​နှောင်း​ပိုင်း​နဲ့​ ၁၉၉၀ ပြည့်​လွန် နှစ်များ​ အ​စောပိုင်း​ ကြား​ကာလမှာ စီး​ပွား​ရေး​ စန်း​ထခဲ့​ပါတယ်။

အိမ်နီး​ချင်း​ တရုတ်နိုင်ငံနဲ့​ ထိုင်း​နိုင်ငံတို့​ဟာ သည်လိုနည်း​နဲ့​ ကြီး​ပွား​ချမ်း​သာခဲ့​တာ ဖြစ်ပါတယ်။

ဒေသတွင်း​နိုင်ငံ​တွေ စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်​အောင် သူ့​ထက်ငါ အပြိုင်အဆိုင် ကြိုး​ပမ်း​နေ ချိန်မှာ မြန်မာနိုင်ငံဟာ ၁၉၈၈ ခုနှစ်မှာ နိုင်ငံ​ရေး​အ​ပြောင်း​အလဲဖြစ်ခဲ့​ပေမယ့်​ အခွင့်​ကောင်း​ကို အမိအ ရ မဆုပ်ကိုင်နိုင်ခဲ့​ပါဘူး​။ ပြည်တွင်း​နိုင်ငံ​ရေး​ ဝဲဂယက်ထဲက ရုန်း​မထွက်နိုင်ဘဲ စစ်အုပ်ချုပ်​ရေး​အောက် မှာပဲ ​နေခဲ့​ရတဲ့​ မြန်မာနိုင်ငံဟာ ​ဒေသတွင်း​စီး​ပွား​ရေး​ဖွံ့​ဖြိုး​မှု​နောက်မှာ နှစ်​ပေါင်း​အစိတ်​လောက် ​နောက်ကျခဲ့​ပါတယ်။

ဒါ​ကြောင့်​ သမ္မတဦး​သိန်း​စိန်ဟာလည်း​ စက်မှုကဏ္ဍ ဖွံ့​ဖြိုး​အောင်လုပ်ဖို့​အ​ရေး​ကြီး​တယ်ဆိုပြီး​ သူ့​မိန့်​ခွန်း​ထဲမှာ ထည့်​ပြောသွား​တာပါ။ သည်လိုထည့်​ပြောနိုင်ဖို့​ သမ္မတဦး​သိန်း​စိန်အစိုး​ရမှာ စီမံကိန်း​ ကြီး​တွေ ရှိ​နေပါတယ်။ အိမ်နီး​ချင်း​ တရုတ်နိုင်ငံနဲ့​ ထိုင်း​နိုင်ငံမှာလို အထူး​စီး​ပွား​ရေး​ဇုန်​တွေ၊​ စက်မှုဇုန်​တွေ တည်​ဆောက်ဖို့​ စီမံကိန်း​ကြီး​များ​ ဖြစ်ပါတယ်။
သည်လို စက်မှုနိုင်ငံအဖြစ် ​ပြောင်း​လဲဖို့​အတွက် စီမံကိန်း​တွေ ချထား​ရာမှာ ထား​ဝယ် အထူး​စီး​ ပွား​ရေး​ဇုန် စီမံကိန်း​ဟာလည်း​ တခုအပါအဝင်ဖြစ်ပါတယ်။ ​ဒေသတွင်း​နဲ့​ ကမ္ဘာ့​စီး​ပွား​ရေး​ အဝန်း​ အဝိုင်း​ထဲ ပြန်လည်ဝင်ဆန့်​နိုင်​ရေး​၊​ တိုင်း​ပြည်ရဲ့​ ပြည်ပပို့​ကုန်တန်ဖိုး​ မြှင့်​တင်နိုင်​ရေး​အတွက် မဟာဗျူ ဟာကျတဲ့​ ​ခြေလှမ်း​တရပ်အဖြစ် ​ရေး​ဆွဲခဲ့​တဲ့​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန် စီမံကိန်း​ကို မြန်မာ့​စီး​ပွား​ရေး​ ပြန်လည်ဦး​မော့​လာ​စေမယ့်​ ထွက်ရပ်လမ်း​တခုအဖြစ် သမ္မတဦး​သိန်း​စိန်အစိုး​ရက ​မျှော်လင့်​ထား​ပုံရပါတယ်။

အရင် စစ်အစိုး​ရလက်ထက်ကတည်း​က ထိုင်း​နိုင်ငံရဲ့​အကူအညီနဲ့​ ပထမဆုံး​ နိုင်ငံတကာအ ဆင့်​ အထူး​စီး​ပွား​ရေး​ဇုန်နဲ့​ ​ရေနက်ဆိပ်ကမ်း​တခုကို တနင်္သာရီကမ်း​ရိုး​တန်း​မြို့​တော် ထား​ဝယ်မြို့​မှာ ထူ​ထောင်ဖို့​ ၂၀၀၈ ခုနှစ်မှာ နှစ်နိုင်ငံ သ​ဘောတူညီခဲ့​ပါတယ်။

[caption id="attachment_17170" align="alignright" width="300" caption="​ရေနက်ဆိပ်ကမ်းနဲ့အထူးစီးပွားရေးဇုန် စီမံကိန်းပုံစံငယ် ထား​ရှိရာ အီတာလျှံ-ထိုင်းကုမ္ပဏီ၏ ရုံးခန်း​"][/caption]

ရွေး​ကောက်ပွဲမတိုင်မီ ရက်ပိုင်း​အလို ၂၀၁၀ ပြည့်​နှစ် နိုဝင်ဘာ ၂ ရက်​နေ့​မှာ မြန်မာစစ်အစိုး​ရ ဟာ ထိုင်း​နိုင်ငံရဲ့​အကြီး​ဆုံး​ ​ဆောက်လုပ်​ရေး​ ကုမ္ပဏီလုပ်ငန်း​စုကြီး​ဖြစ်တဲ့​ Italian-Thai Development Public Company Ltd. (ITD) ကို ထား​ဝယ်မြို့​အနီး​ ​မောင်း​မကန်ကမ်း​ခြေတ ​လျှောက် ​မြေဧရိယာ စတုရန်း​ကီလိုမီတာ ၂၅၀ ကို နှစ် ၆၀ ဂရမ်စာချုပ်နဲ့​ ငှား​ရမ်း​လိုက်ပါတယ်။

ပြည်တွင်း​သတင်း​ဂျာနယ်တချို့​မှာလည်း​ ထား​ဝယ်ဟာ ဒုတိယစင်္ကာပူ ဖြစ်လာနိုင်တယ်လို့​ ​ရေး​သား​လာကြပါတယ်။

ဒါ​ပေမယ့်​ ​ရေနက်ဆိပ်ကမ်း​နဲ့​ စက်မှုဇုန်တည်​ဆောက်မှု​တွေ​ကြောင့်​ ထား​ဝယ်ရဲ့​ သဘာဝ ပတ်ဝန်း​ကျင် ပျက်စီး​သွား​မယ့်​အ​ရေး​၊​ ​ရေ​မြေသယံဇာတ​တွေ ကုန်ခန်း​သွား​မယ့်​အ​ရေး​နဲ့​ ရိုး​ရာယဉ် ​ကျေး​မှု​တွေ တိမ်​ကောပ​ပျောက်သွား​မယ့်​ အ​ရေး​တွေဟာ အလွန်စိုး​ရိမ်စရာ​ကောင်း​နေပါတယ်။

နိုင်ငံရဲ့​စီး​ပွား​ရေး​စီမံကိန်း​တွေထဲမှာ အကြီး​ဆုံး​စီမံကိန်း​ကြီး​တခု ဖြစ်လာမယ့်​ စတုရန်း​ကီလိုမီ တာ ၂၅၀ ရှိတဲ့​ ထား​ဝယ် ​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်ဟာ ​မောင်း​မကန် ကမ်း​ခြေက​နေ ထား​ဝယ်မြစ် အ​နောက်ခြမ်း​အထိ ကျယ်ပြန့်​ပါတယ်။

သည်​ဒေသမှာ မိရိုး​ဖလာ စိုက်ပျိုး​ရေး​လုပ်ငန်း​တွေ၊​ ငါး​ဖမ်း​လုပ်ငန်း​တွေနဲ့​ အသက်​မွေး​ဝမ်း​ ​ကျောင်း​ ​နေထိုင်ကြတဲ့​ လူဦး​ရေ ၃ ​သောင်း​ကျော်ရှိတဲ့​ ​ကျေး​ရွာ​ပေါင်း​ ၁၉ ရွာ ရှိပါတယ်။ စီမံကိန်း​ အ​ကောင်အထည်​ဖော်မှု အချိန်ကာလ အပိုင်း​အခြား​အ​ပေါ် မူတည်ပြီး​ အဲသည်ရွာ​တွေအား​လုံး​ ​ပြောင်း​ရွှေ့​ပေး​ရမှာ ဖြစ်ပါတယ်။

မက်ခရိုစီး​ပွား​ရေး​အကျိုး​အမြတ် (Macroeconomic Benefit) များ​အတွက် ထား​ဝယ်​ဒေသကို စိုက်ပျိုး​ရေး​ အ​ခြေခံက​နေ စက်မှုအ​ခြေခံ လူ့​အဖွဲ့​အစည်း​အသွင် လုံး​ဝ​ပြောင်း​လဲ​ရေး​ စီမံကိန်း​ဟာ ​ဒေသခံပြည်သူလူထုရဲ့​ လူမှုစီး​ပွား​ဘဝတခုလုံး​ကို ​ပြောင်း​လဲပစ်လိုက်မှာ ဧကန်မုချ ဖြစ်ပါတယ်။ သည် အ​ပြောင်း​အလဲဟာ ​ကောင်း​ကျိုး​ပေး​မှာလား​ ဆိုး​ကျိုး​ပေး​မှာလား​ ဆိုတာကိုလည်း​ ​သေ​သေချာချာ တွက်ဆဖို့​လိုပါတယ်။

တိုင်း​ပြည်စီး​ပွား​ရေး​တိုး​တတ်ဖို့​ အစိုး​ရ​တွေ ပထမဆုံး​စဉ်း​စား​ကြ​လေ့​ရှိတဲ့​အချက်က နိုင်ငံရဲ့​ အမျိုး​သား​ အသား​တင်ထုတ်ကုန် (GDP) တိုး​တက်မြင့်​မား​ရေး​ဖြစ်ပြီး​ စက်မှုကဏ္ဍဟာ GDP တိုး​တတ် ​ရေး​အတွက် အဓိကအခန်း​ကဏ္ဍ ဖြစ်​နေပါတယ်။

မြန်မာအစိုး​ရအ​နေနဲ့​လည်း​ တိုင်း​ပြည်ရဲ့​ စက်မှုကဏ္ဍဖွံ့​ဖြိုး​ရေး​ကို အား​သွန်ခွန်စိုက် လုပ်​ဆောင် တဲ့​အ​နေနဲ့​ ထား​ဝယ် အထူး​စက်မှုဇုန်မှာ နိုင်ငံတကာကုမ္ပဏီကြီး​တွေ လာ​ရောက်ရင်း​နှီး​မြှုပ်နှံပြီး​ စက်ရုံ ကြီး​တွေ တည်​ဆောက်၊​ ပြည်ပကို စက်မှုကုန်ပစ္စည်း​တွေတင်ပို့​ပြီး​ GDP တိုး​တတ်​အောင်​ဆောင်ရွက်ဖို့​ ပြင်ဆင်လာတာ ​တွေ့​ရပါတယ်။

စီး​ပွား​ရေး​သီအိုရီ​တွေအရလည်း​ စက်မှုကဏ္ဍဖွံ့​ဖြိုး​လာတာနဲ့​အမျှ အလုပ်အကိုင်သစ်​တွေ ဖန်တီး​ပေး​နိုင်တဲ့​အတွက် အလုပ်လက်မဲ့​နှုန်း​ ကျဆင်း​လာမှာဖြစ်သလို တဦး​ချင်း​ဝင်​ငွေလည်း​ တိုး​တက်လာပြီး​ ဆင်း​ရဲမွဲ​တေမှုကို ​လျှော့​ချနိုင်တယ်လို့​ ယူဆချက်ရှိပါတယ်။ တဖက်မှာလည်း​ ဝင်​ငွေ မြင့်​တက်လာတဲ့​အတွက် လူလတ်တန်း​စား​အလွှာ တိုး​ပွား​လာခြင်း​၊​ လူ​နေမှုအဆင့်​ မြင့်​မား​လာခြင်း​ စတဲ့​ကောင်း​ကျိုး​တွေ ဆက်တိုက် ဖြစ်​ပေါ်နိုင်တယ်ဆိုတဲ့​ အချက်ကိုလည်း​ တွက်ဆကြပါတယ်။

ဒီ​နေရာမှာ ဖွံ့​ဖြိုး​မှုဆိုတာကို ဘယ်လိုနား​လည်သလဲဆိုတဲ့​အချက်က အ​ရေး​ကြီး​လာပါတယ်။ စီး​ပွား​ရေး​တိုး​တက်မှု (Economic Growth) နဲ့​ ဖွံ့​ဖြိုး​မှု (Development) ကို မကြာခဏ ​ရော​ထွေး​နေ တတ်ပါတယ်။

ကုလသမဂ္ဂဖွံ့​ဖြိုး​မှုအစီအစဉ် (UNDP) က “လူသား​ဖွံ့​ဖြိုး​မှုသည် ပန်း​တိုင်ဖြစ်ပြီး​ စီး​ပွား​ရေး​ တိုး​တက်မှု ဆိုသည်မှာ ထိုပန်း​တိုင်ကို ​ရောက်​အောင် သွား​ရာတွင် သုံး​ရမည့်​ နည်း​လမ်း​ဖြစ်တယ်” လို့​ ဖွင့်​ဆိုထား​ပါတယ်။

ကမ္ဘာ့​ဘဏ်ရဲ့​ “Beyond Economic Growth: Meeting the Challenges of Global Development” အစီရင်ခံစာမှာ “စီး​ပွား​ရေး​တိုး​တက်မှုသည် နိုင်ငံတခု၏ ဥစ္စာဓနကို တိုး​ပွား​စေပြီး​ ဆင်း​ရဲမွဲ​တေမှု ​လျော့​ကျ​ရေး​အတွက် အလား​အလာ​ကောင်း​တခုလည်း​ ဖြစ်သကဲ့​သို့​ အခြား​ လူမှုပြဿနာများ​ကို ​ဖြေရှင်း​နိုင်မည့်​ အ​ခြေအ​နေ​ကောင်း​တခုလည်း​ ဖြစ်​သော်လည်း​ လူသား​ဖွံ့​ဖြိုး​မှုအ တွက် ဖြစ်မလာတတ်သည်ကို သမိုင်း​၏သင်ခန်း​စာများ​က ပြသ​နေသည်။ စီး​ပွား​ရေး​တိုး​တက်မှုကို ရယူရာတွင် ကြီး​မား​သည့်​ မညီမျှမှုများ​၊​ မြင့်​မား​သည့်​ အလုပ်လက်မဲ့​ဖြစ်မှုများ​၊​ ဒီမိုက​ရေစီ လွတ်လပ်မှု အား​နည်း​သွား​ခြင်း​များ​၊​ ယဉ်​ကျေး​မှု အသွင်သဏ္ဍာန် ​ပျောက်ဆုံး​သွား​ခြင်း​များ​နှင့်​ ​နောက်မျိုး​ဆက် သစ်များ​ ရှင်သန်ဖွံ့​ဖြိုး​ရန် လိုအပ်သည့်​ သဘာဝသယံဇာတ အရင်း​အမြစ်များ​ကို အလွန်အကျွံ ထုတ် ယူသုံး​စွဲပစ်ခြင်း​များ​သာ ဖြစ်လာသည်” လို့​ ​ဖော်ပြထား​ပါတယ်။

ကမ္ဘာ့​ဘဏ်ရဲ့​ သတိ​ပေး​ချက်​တွေဟာ မြန်မာနိုင်ငံအတွက် အ​လေး​အနက် သတိပြုစရာပါ။ စစ်အစိုး​ရ အုပ်စိုး​ခဲ့​တဲ့​ လွန်ခဲ့​တဲ့​နှစ်​ပေါင်း​ ၂၀ ​ကျော် ကာလအတွင်း​မှာ သယံဇာတ ထုတ်ယူမှုကို အ​ခြေခံတဲ့​ စီး​ပွား​ရေး​ပဲ ရှိခဲ့​ပါတယ်။ ဒါ​ကြောင့်​ နှစ်​ပေါင်း​ရာနဲ့​ချီ ပြုစုထိန်း​သိမ်း​ထား​ခဲ့​တဲ့​ နိုင်ငံရဲ့​အ ဖိုး​တန် သစ်​တော​တွေ ပြုန်း​တီး​ခဲ့​ပါတယ်။ ကမ္ဘာ​ကျော် ပတ္တမြား​နဲ့​ ​ကျောက်စိမ်း​ ထွက်ရှိရာ​ဒေသ​တွေ၊​ ရှား​ပါး​သတ္တု​တွေ တူး​ဖော်ထုတ်လုပ်ရာ ​ဒေသ​တွေမှာ သဘာဝပတ်ဝန်း​ကျင် ပျက်စီး​မှု​တွေကို ခံစား​နေ ရပါပြီ။ သဘာဝဓာတ်​ငွေ့​ ထုတ်လုပ်​ရောင်း​ချမှုက​နေ နိုင်ငံခြား​ဝင်​ငွေ အ​မြောက်အမြား​ ရခဲ့​ပေမယ့်​ သည်​ငွေဟာ ပြည်သူလူထုအတွက် မဖြစ်ခဲ့​ပါဘူး​။

သည်လို သင်ခန်း​စာ​တွေကို ယူပြီး​ အစိုး​ရသစ်အ​နေနဲ့​ ထား​ဝယ် အထူး​စက်မှုဇုန်ကို စီး​ပွား​ရေး​ အကျိုး​အမြတ် သက်သက်အတွက် တည်​ဆောက်တာမျိုး​ မဖြစ်သင့်​ပါဘူး​။ ​ရေရှည်တည်တံ့​တဲ့​ ဖွံ့​ဖြိုး​ တိုး​တက်​ရေး​ (Sustainable Development) ရရှိဖို့​ ဘက်စုံ စဉ်း​စား​သင့်​ပါတယ်။

ဒီစီမံကိန်း​ကြောင့်​ ​ဒေသခံပြည်သူ​တွေအ​ပေါ်သက်​ရောက်လာနိုင်တဲ့​ ​ကောင်း​ကျိုး​ဆိုး​ပြစ်​တွေ၊​ အထူး​စီး​ပွား​ရေး​ဇုန်​တွေ​ကြောင့်​ ​ပေါ်​ပေါက်လာနိုင်တဲ့​ လတ်တ​လောနဲ့​ ​ရေရှည် ​ကောင်း​ကျိုး​ဆိုး​ပြစ် ​တွေကို ​လေ့​လာသိရှိထား​ဖို့​ အလွန်အ​ရေး​ကြီး​ပါတယ်။

ထား​ဝယ် အထူး​စီး​ပွား​ရေး​ဇုန်ကို ထိုင်း​နိုင်ငံရဲ့​ ​ငွေ​ကြေး​ရင်း​နှီး​မြှုပ်နှံမှု၊​ နည်း​ပညာ အကူအညီနဲ့​ တည်​ဆောက်မှာဖြစ်တဲ့​အတွက် ထိုင်း​နိုင်ငံမှာ စက်မှုဇုန်​တွေ​ကြောင့်​ ထိုင်း​ပြည်သူ​တွေ ဘယ်လို အကျိုး​အပြစ် ခံစား​နေရသလဲဆိုတာကို မြန်မာပြည်သူ​တွေ ​လေ့​လာသိရှိထား​ဖို့​ အ​ရေး​ကြီး​ပါတယ်။

တရုတ်နိုင်ငံရဲ့​ အထူး​စီး​ပွား​ရေး​ဇုန် စီမံကိန်း​တွေက​ကော ဘယ်လို​ကောင်း​ကျိုး​တွေကို ​ပေး​ပြီး​ ဘယ်လိုဆိုး​ကျိုး​တွေကို ဖန်တီး​နေသလဲ စတဲ့​အချက်​တွေကို သိထား​ဖို့​အ​ရေး​ကြီး​ပါတယ်။

နောက်တပတ်မှာ​တော့​ ထား​ဝယ် အထူး​စီး​ပွား​ရေး​ဇုန်​ကြောင့်​ အကြီး​အကျယ် အ​ပြောင်း​အလဲ ဖြစ်ရမယ့်​ ထား​ဝယ် ​မောင်း​မကန် ကမ်း​ခြေ​ဒေသက လူမှုဘဝရုပ်ပုံလွှာများ​အ​ကြောင်း​ တင်ဆက်​ပေး​ပါမယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013