Home အာရှဒေသ ဂျပန် ဖူကူရှီးမား နျူးကလီးယား ဓာတ်ပေါင်းဖို ဘေးအန္တရာယ်မှ လွတ်မြောက်လာသူများ လုံးဝ အိမ်မပြန်နိုင်သည့်အခြေအနေ
ဂျပန် ဖူကူရှီးမား နျူးကလီးယား ဓာတ်ပေါင်းဖို ဘေးအန္တရာယ်မှ လွတ်မြောက်လာသူများ လုံးဝ အိမ်မပြန်နိုင်သည့်အခြေအနေ
japan_fukushima_aftermath_web_111022 ဂျပန်နိုင်ငံရဲ့ နျူကလီးယား ဓာတ်ပေါင်းဖို ယိုစိမ့်မှု အန္တရာယ် ဖြစ်ပြီး ခုနှစ်လ ရှိလာပေမဲ့၊ လူထောင်ပေါင်းများစွာက ဖူကူရှီမား ဒေသက သူတို့အိမ်တွေဆီ အခုထိ မပြန်ကြသေးပါဘူး။ စိုးရိမ်ကြောက်လန့်တဲ့ လူအများစုက အဲဒီနေရာကို ဘယ်တော့မှ မပြန်တော့ဖို့ ဆုံးဖြတ်ကြပါတယ်။ ဓာတ်ပေါင်းဖို အနီးနားက ရပ်ကွက်တွေမှာ နျူကလီးယား ဓာတ်ယိုစိမ့်မှုတွေ ရှိနိုင်ပြီး၊ ယူကရိန်းမှာ ဖြစ်ခဲ့တဲ့ ချာနိုဘိုင်း အန္တရာယ်မျိုးနဲ့ နှိုင်းယှဉ်ကြည့်နေကြပါတယ်။ အိုးအိမ်ရွှေ့ပြောင်းခဲ့ရသူ အများစုမှာလည်း ဂျပန်အစိုးရဆီံက ဘာအကူညီမှ မရဘဲ ရုန်းကန် နေရဆဲ ဖြစ်ပါတယ်။ အဆိုပါ ဒေသကို သွားခဲ့တဲ့ သတင်းထောက် ‘မခ် ဝီလ်ဆ’ီ (Mark Willacy) က သူ့အတွေ့အကြုံကို ပြန်လည် ပြောပြ သတင်းပေးပို့ထားတာကို နားဆင်ရမှာဖြစ်ပါတယ်။
ဆက်စပ်သတင်းများ