A d v e r t i s e m e n t With Us

ရှမ်း​ရွာသား​ ၆၀ လမ်း​ဖောက်လုပ်​ရေး​ လုပ်အား​ပေး​ရ

ရှမ်း​ပြည်​တောင်ပိုင်း​ မိုင်း​ရှူး​မြို့​နယ်ထဲက ရွာသား​ အ​ယောက် ၆၀ ဟာ သံလွင်မြစ်ကမ်း​ပါး​နား​က ၁၀ မိုင်​လောက်ရှည်တဲ့​လမ်း ပြုပြင်​ဖောက်လုပ်​ရေး​မှာ လုပ်အား​ပေး​ခဲ့​ရတယ်လို့​ ​ဒေသခံရွာသား​တွေက ​ပြောပါတယ်။ မိုင်း​ရှူး​မြို့​နယ် ဝမ့်​လွယ်၊​ နမ့်​အွန် နဲ့​ ခမ်း​ပုန်ရွာက လူ​တွေ တရွာကို တနေ့ အ​ယောက် ၂၀ လမ်း​ပြင်ဖို့​ လူစု​ပေး​ရမယ့်​အ​ကြောင်း​ မိုင်း​ရှူး​အ​ခြေစိုက် ခမရ ၅၁၆ က ဗိုလ်မှူး​ကျော်​ကျော်လင်း​က ရွာသူကြီး​တွေကို ​အောက်တိုဘာ ၂၃ ရက်မှာ ​ခေါ်​ပြောခဲ့​တယ်လို့​ ဆိုပါတယ်။ အောက်တိုဘာ ၂၄ ရက်​နေ့​ မနက်​စော​စောမှာ လား​ဟူပြည်သူ့​စစ်အဖွဲ့​က ရွာသား​တွေကို လာ​ခေါ်သွား​ပြီး​ လွယ်​တော်နဲ့​ ဝန်း​ကျိုင်း​ရွာကြား​မှာရှိတဲ့​ သံလွင်မြစ်ကမ်း​ပါး​က ပျက်စီး​နေတဲ့​ လမ်း​ဟောင်း​ကို ပြင်ခိုင်း​ခဲ့​ပါတယ်။ တ​နေကုန် ​မြေတူး​မြေသယ် ​မြေဖို့​ ​ပေး​ခဲ့​ရပြီး​ ​နေဝင်မိုး​ချုပ်မှ ပြန်ခဲ့​ရတယ်။ ထမင်း​လည်း​မ​ကျွေး​ ​ရေလည်း​မတိုက်ဘဲ ဒီနေ့ထိ အလှည့်​ကျ လုပ်အား​ပေး​နေရတယ်လို့​ လုပ်အား​ပေး​ခဲ့​ရသူ​တွေရဲ့​ ပြန်လည်​ပြောဆိုချက်အရ သိရတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။ အစိုး​ရစစ်တပ်က ဖွဲ့​စည်း​ထား​ပေး​တဲ့​ လား​ဟူပြည်သူ့​စစ်​တွေက ​နောက်လည်း​ ​ခေါ်ဦး​မယ်လို့​ပြော​ကြောင်း​ လုပ်အား​ပေး​ခဲ့​ရသူ​တွေရဲ့​ အ​ပြောကို ကိုး​ကား​ပြီး​ ​ဒေသခံ​တွေက ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up