ဖုန်းမြည်သံကြောင့် ကားမောင်းသူ ကလေး ၃ ဦးကိုတိုက်မိသည့် ထိတ်လန့်ဖွယ်ဗီဒီယို (ရုပ်သံ)
DVB
·
September 24, 2016
တယ်လီဖုန်းမြည်သံကြောင့် ကားမောင်းတဲ့သူက ကလေးငယ်သုံးယောက်ကို တိုက်မိသွားတဲ့ ထိတ်လန့်ဖွယ် ဗီဒီယိုတခု ပေါ်ထွက်နေပါတယ်။
ကားအဖြူတစီးမောင်းလာတဲ့အချိန် ကားပါကင်ထဲကကြမ်းပြင်မှာ ကလေးတွေ ကစားနေတာကို စီစီတီဗွီကင်မရာထဲမှာ တွေ့ရပြီး ကားသမားဟာမရပ်ဘဲနဲ့ ကလေးတွေကို တိုက်မိသွားတဲ့ စီစီတီဗွီမြင်ကွင်းဟာ တရုတ်နိုင်ငံရဲ့ ရှန်ဇန်မြို့ထဲမှာ ထိတ်လန့် စိတ်ပျက်စရာ တခုအဖြစ် ပျံ့နှံ့နေတာပါ။
ကလေး ၃ ယောက်လုံးက ကားအောက်ထဲကိုရောက်သွားပြီး နောက်တော့ ကလေးတွေကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ကားမောင်းတဲ့သူကိုတော့ ဖမ်းဆီးလိုက်ပါတယ်။
စနေနေ့က မျက်မြင်သက်သေတွေပြောတာကတော့ ကားမောင်းတဲ့အမျိုးသမီးဟာ ကလေးတွေကို တိုက်မိချိန်မှာ သူမရဲ့ မိုဘိုင်းဖုန်းဆီကိုပဲ အာရုံစိုက်နေတယ်လို့ သိရပါတယ်။
ကလေးတွေကို ဆေးရုံ အမြန်ဆုံးပို့လိုက်ပြီး အသက်အန္တရာယ်ဖြစ်စေတဲ့ ဒဏ်ရာတော့ မရဘူးလို့ သိရပါတယ်။
တရုတ်နိုင်ငံ လူမှုကွန်ရက်ပေါ်မှာ ဒီကလေးတွေကို ကားတိုက်မိတဲ့ စိတ်ပျက်ထိတ်လန့်စရာ ဗီဒီယိုက ပျံ့နှံ့နေတာပါ။
အချို့ဆိုရှယ်မီဒီယာအသုံးပြုသူတွေကလည်း ဗီဒီယိုထဲမှာ မမြင်တွေ့ရတဲ့ မိဘတွေကို ဘာကြောင့်ကလေးတွေကို ဒီလိုထားထားလဲဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။
ဆိုရှယ်မီဒီယာအသုံးပြုသူတဦးကတော့ “အမှန်အတိုင်းပြောရရင် ကားမောင်းတဲ့ အမျိုးသမီးက တယ်လီဖုန်းကို မရှာနေခဲ့ရင်တောင် ကလေးတွေကို တွေ့ဖိုဆိုတာ မသေချာဘူး” “ဒါက မိဘတွေရဲ့တာဝန်ပဲလို့လဲ” ရေးသားထားပါတယ်။