DVB Logo
Home
မြန်မာသတင်း
အခွန်ဌာန ဝန်ထမ်း​ ၄ ဦး​ကို ​ငွေလိမ်​တောင်း​မှုအပါအဝင် ပုဒ်မ ၃ ခုဖြင့်​ တရား​စွဲ
DVB
·
October 26, 2011
Donate to DVB

နိုင်ငံ​တော်ကို အခွန်​ဆောင်ဖို့​ဆိုပြီး​ လိမ်လည်​ငွေ​ကောက်ခံပြီး​မှ ခြိမ်း​ခြောက် အမှုပိတ်ခိုင်း​တဲ့​ တွံ​တေး​မြို့​နယ် အခွန်ဦး​စီး​မှူး​အပါအဝင် အ​ခွန်ဦးစီးဌာန ဝန်ထမ်း​ ၄ ဦး​ကို တွံ​တေး​အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင် လူငယ်တာဝန်ခံ ကိုရဲထွဋ်​ခေါင်က ဥပ​ဒေ ပုဒ်မ ၃ ခု နဲ့​ တရား​စွဲထား​ပါတယ်။

နိုင်ငံကူး​လက်မှတ်စာအုပ်လုပ်ဖို့​အတွက် ဒီလ ၆ ရက်​နေ့​က မြို့​နယ်အ​ခွန်ဦးစီးဌာနရုံး​မှာ အခွန်ကင်း​ရှင်း​ကြောင်း​ ​ထောက်ခံစာ ပုံစံ ၁၇ ထုတ်တာကို ဦး​စီး​မှူး​က ကျပ် ၁၈,၀၀၀ ​တောင်း​ခံရာက​နေ စတင်တရားစွဲခဲ့တဲ့​အ​ကြောင်း​ ကိုရဲထွဋ်​ခေါင်က ​ပြောပါတယ်။

“ကျ​နော်က အ​မေရိကား​ကို ထွက်ခွာဖို့​ဆိုပြီး​ တွံ့​တေး​မြို့​နယ် အ​ခွန်ဦးစီးဌာနမှာ ပုံစံ ၁၇ သွား​ထုတ်ရာမှာ မြို့​နယ်အ​ခွန်ဦးစီးဌာနမှူး​ ဦး​မန်း​ပေါင်က​နေ ကျ​နော့်​ကို နိုင်ငံ​တော်ကို အခွန်​ငွေ ကျပ် ၁၈၀၀၀ ​ပေး​ဆောင်ရမယ်ဆိုပြီး​ ​ပြောတယ်။ အမှန်တကယ်က ​ပေး​ဆောင်ရခြင်း​မရှိဘူး​။ သူတို့​က မိမိကိုယ်ကျိုး​အတွက် အခွန်​ပေး​ဆောင်ရမယ်ဆိုပြီး​ ​တောင်း​လိုက်တာ။ အဲဒီကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ကျ​နော်က ၁၈၀၀၀ ​ပေး​ခဲ့​တယ်။ ​ပေး​ပြီး​တော့​ တိုင်း​အခွန်ဦး​စီး​ရုံး​ကို ၆ ရက် ၁၀ လ ၂၀၁၁ ရက်​နေ့​မှာ တိုင်တယ်။”

ဒီကိစ္စနဲ့​ပတ်သက်လို့​ တွံ​တေး​မြို့​နယ်ရဲစခန်း​မှူး​ ဦး​ဝင်း​မောင်ဆီမှာ အမှုဖွင့်​တဲ့​အခါ စခန်း​မှူး​က ရဲချုပ်ကို အစီရင်ခံပြီး​ ခွင့်​ပြုချက်ရလို့​ တကယ်တမ်း​ အခွန်မ​ဆောင်ရဘဲနဲ့​ လိမ်လည်​ငွေ​တောင်း​ခံမှု​ကြောင့်​ ပြစ်မှုဆိုင်ရာ ဥပ​ဒေ ပုဒ်မ ၄၂၀ နဲ့​ အမှုဖွင့်​လိုက်တယ်လို့​ ကိုရဲထွဋ်​ခေါင်က ​ပြောပါတယ်။

ရဲစခန်း​ကအပြန်မှာ အ​ခွန်ဦးစီးဌာန​မှူး​နဲ့​ အဖွဲ့​က အိမ်ကို ကျူး​ကျော်ဝင်​ရောက်ပြီး​ အကြိမ်ကြိမ်ခြိမ်း​ခြောက်တယ်လို့​လည်း​ ​ပြောပါတယ်။

“အမှုဖွင့်​လှစ်ပြီး​ ပြန်လာတဲ့​အချိန်မှာ အဲဒီ ဦး​စီး​မှူး​ ဦး​မန်း​ပေါင်ရယ်။ ဒုဦး​စီး​မှူး​ဦး​အေး​မြင့်​ရယ်၊​ အငယ်တန်း​စာ​ရေး​ရယ်၊​ ရုံး​အကူဦး​ကြည်​ငွေတို့​ရယ် ​လေး​ဦး​က ကျ​နော့်​နေအိမ်ကို လာ​ရောက်ခြိမ်း​ခြောက်တယ်။ အမှုပိတ်​ပေး​ဖို့​၊​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က တရား​ဝင်​တော့​တာမဟုတ်ဘူး​။ ဝန်ထမ်း​တွေကို တရား​စွဲမယ်ဆိုရင် မင်း​တို့​ပဲခံရမယ်ဆိုပြီး​ ခြိမ်း​ခြောက်တယ်။ သူတို့​က ​နေအိမ်ကို သုံး​ကြိမ်တိုင်တိုင် ဒီအမှုကို ပိတ်​ပေး​ဖို့​ဆိုပြီး​ လာ​ရောက်ခြိမ်း​ခြောက်တယ်။”

ဒါ​ကြောင့်​ ရဲစခန်း​ကို ​နောက်တကြိမ်သွား​ပြီး​ အမှုဖွင့်​ရာမှာ ရဲချုပ်ခွင့်​ပြုချက်နဲ့​ပဲ အ​ခွန်ဦးစီးဌာနမှူး​ အပါအဝင် ၄ ဦး​ကို ပိုင်နက်ကျူး​ကျော်မှု ပုဒ်မ ၄၅၁၊​ အကြပ်ကိုင် ခြိမ်း​ခြောက်မှု ပုဒ်မ ၅၀၆ တို့​နဲ့​ ထပ်တရား​စွဲထား​တယ်လို့​ ကိုရဲထွဋ်​ခေါင်က ​ပြောပါတယ်။

ဒီအမှုနဲ့​ ပတ်သက်လို့​ တွံ​တေး​မြို့​နယ် ရဲစခန်း​မှူး​ ဦး​ဝင်း​မောင်က “ကျ​နော်တို့​ ​ပြောပိုင်ခွင့်​မရှိပါဘူး​။ ကျ​နော်တို့​ အဲဒီကိစ္စနဲ့​ပတ်သက်ပြီး​တော့​ ဥပ​ဒေအကြံပြုချက် တင်ထား​တယ်” လို့​ ​ပြောပါတယ်။

ဒီအမှု​ကြောင့်​ အ​ခွန်ဦးစီးဌာနမှူး​ ဦး​မန်း​ပေါင်ကို ရာထူး​ချထား​တယ်လို့​လည်း​ သိရပါတယ်။

အဲဒီဝန်ထမ်း​ ၄ ဦး​ တရား​ရင်ဆိုင်ဖို့​အတွက်​တော့​ သက်ဆိုင်ရာဝန်ကြီး​ဌာနရဲ့​ ဌာနဆိုင်ရာခွင့်​ပြုချက်​တွေ ​စောင့်​နေရလို့​ ရဲတပ်ဖွဲ့​က ထိန်း​သိမ်း​တာ၊​ အာမခံ​ပေး​တာ၊​ ခံဝန်နဲ့​ လွှတ်တာ စတဲ့​ အ​ရေး​ယူ​ဆောင်ရွက်မှု​တွေ မလုပ်​သေး​ဘူး​လို့​လည်း​ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013