DVB Logo
Home
မြန်မာသတင်း
ပထမဆုံး​အကြိမ် အင်း​သား​ဆုံဆည်း​ရာ​နေ့​ အထိမ်း​အမှတ်ပွဲ ကျင်း​ပမည်
DVB
·
October 25, 2011
ပထမဆုံး​အကြိမ် အင်း​သား​ဆုံဆည်း​ရာ​နေ့​ အထိမ်း​အမှတ်ပွဲ ကျင်း​ပမည်
Donate to DVB

အင်း​သား​ဆုံဆည်း​ရာ​နေ့​ အခမ်း​အနား​ကို ပထမဆုံး​အကြိမ်အဖြစ် ဒီလ ၂၇ ရက်မှာ စတင်ကျင်း​ပမယ်လို့​ ပွဲ​တော်ဖြစ်​မြောက်​ရေး​ ​ကော်မတီဝင် အင်း​တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​ ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။

နှစ်စဉ် တန်​ဆောင်မုန်း​လဆန်း​ ၁ ရက်​နေ့​ကို ‘အင်း​သား​ဆုံဆည်း​ရာ​နေ့​’ အဖြစ် သတ်မှတ်ပြီး​ နှစ်စဉ် ဆက်လက်ကျင်း​ပသွား​မှာလို့​လည်း​ သိရပါတယ်။

အင်း​လေး​ဒေသမှာ​နေထိုင်တဲ့​ တိုင်း​ရင်း​သား​အချင်း​ချင်း​ စည်း​လုံး​ချစ်ကြည်​ရေး​၊​ အင်း​လေး​ဒေသကို ဝိုင်း​ဝန်း​စောင့်​ရှောက်​ရေး​၊​ အင်း​ရိုး​ရာဓ​လေ့​ ထိန်း​သိမ်း​မြှင့်​တင်​ရေး​၊​ ခရီး​သွား​လုပ်ငန်း​ ဖွံ့​ဖြိုး​ရေး​အတွက် အ​ထောက်အကူပြု​ရေး​ စတဲ့​ရည်ရွယ်ချက်​တွေနဲ့​ အင်း​သား​ဆုံဆည်း​ရာ​နေ့​ကို သတ်မှတ်ကျင်း​ပတာလို့​ ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။

ညောင်​ရွှေ​စော်ဘွား​ကြီး​ရဲ့​သား​ငယ် ဦး​ဟန်​ညောင်​ရွှေဟာ ပြည်ပက​နေ ​ခေတ္တပြန် ​ရောက်​နေပြီး​ ရှမ်း​ပြည်နယ်မှာ အလည်အပတ်​ရောက်ရှိ​နေလို့​ ဦး​ဟန်​ညောင်​ရွှေကိုလည်း​ အင်း​သား​ဆုံဆည်း​ရာ​နေ့​ အထိမ်း​အမှတ်ပွဲ​တော်ကို တက်​ရောက်​စေချင်ပါတယ်လို့​လည်း​ ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။

“​ညောင်​ရွှေမြို့​မှာ အင်း​လေး​သူအင်း​လေး​သား​များ​ ဖွံ့​ဖြိုး​တိုး​တက်​အောင် လုပ်​ပေး​ခဲ့​တဲ့​ ​ညောင်​ရွှေ​စော်ဘွား​ကြီး​ရဲ့​ သား​ဖြစ်တဲ့​ ဦး​ဟန်​ညောင်​ရွေကလည်း​ ကျ​နော်တို့​ပွဲ​တော်​လေး​ကို​သော်မှ မလာနိုင်လို့​ရှိရင်လည်း​ ကျ​နော်တို့​ပဲ ဝမ်း​ပန်း​တသာ ကြိုဆိုပါတယ်။ မ​တွေ့​မမြင်ဖူး​ပေမယ့်​ ​ဝေး​ကွာ​နေတဲ့​ ကိုယ့်​ဆွေမျိုး​သား​ချင်း​တွေကို ပြန်​တွေ့​ရသလို ခံစား​ရပါတယ်။ ကျ​နော်တို့​လေး​စား​ရတဲ့​ ​စော်ဘွား​ကြီး​ရဲ့​ သား​ဖြစ်တဲ့​အတွက် ကျ​နော်တို့​ကလည်း​ ​တွေ့​ချင်​နေပါတယ်။ သူ့​ရဲ့​ဖခင်တည်ခဲ့​တဲ့​ ဘုရား​တွေ၊​ စတင်ပျိုး​ထောင်ခဲ့​တဲ့​ ​ညောင်​ရွှေမြို့​ စာပြန်ပွဲ​တော်ကြီး​တွေ ကာလမှာ ဦး​ဟန်​ညောင်​ရွေက လာပြီး​တော့​မှ အမျိုး​ဘာသာ သာသနာများ​ကိုလည်း​ ချီး​မြှင့်​ပေး​စေချင်ပါတယ်။”

ပထမဆုံး​အကြိမ်ပွဲ​တော်ကို အင်း​လေး​ရေပြင်အလယ်ရှိ ဗိုလ်တဲမှာ ​အောက်တိုဘာ ၂၇ ရက် ကြာသာပ​တေး​နေ့​ မနက် ဂနာရီက​နေ မွန်း​လွဲ ၁နာရီထိ ကျင်း​ပမှာပါ။ လူ ၁၀၀ ​ကျော်စီဆန့်​တဲ့​ ​လှေ​ပေါင်း​ ၄၈ စင်း​နဲ့​ အလှပြ​လှော်ခတ်မယ်၊​ ‘အင်း​သား​ကုတို့​ညီ​စေ’၊​ ‘အင်း​သွေး​ချစ်’ စတဲ့​တီး​ဝိုင်း​အဖွဲ့​တွေက ​တေး​ဂီတနဲ့​ အင်း​ရိုး​ရာအက​တွေ ​ဖျော်​ဖြေ တင်ဆက်သွား​မယ်လို့​လည်း​ သိရပါတယ်။

ရှမ်း​ပြည်နယ်မြို့​တော် ​တောင်ကြီး​ရဲ့​ အ​နောက်ဘက်က အင်း​လေး​အိုင်ဟာ ​ညောင်​ရွှေမြို့​နယ်ထဲမှာ တည်ရှိပြီး​ အလျား​ ၁၅ မိုင်၊​ အနံ ၆ မိုင်၊​ ပျမ်း​မျှ​ရေအနက် ​ပေ ၂၀ ​လောက် ရှိပါတယ်။ အင်း​ရေပြင်​ပေါ်မှာ တည်ထား​တဲ့​ ရွာ​ပေါင်း​ ၁ရဝခန့်​ရှိပါတယ်။ အင်း​သား​၊​ ရှမ်း​၊​ ဓနု၊​ ပအိုဝ့်​ ​တောင်ရိုး​ စတဲ့​တိုင်း​ရင်း​သား​တွေ စု​ပေါင်း​နေထိုင်ပြီး​ ​ရေ​ပေါ် ခြံ၊​ လယ်ယာ၊​ ရက်ကန်း​၊​ ပန်း​တိမ်၊​ ပန်း​ပဲ စတဲ့​လုပ်ငန်း​တွေ အဓိက လုပ်ကိုင်ကြပါတယ်။

အင်း​လေး​မှာ လှပကြည်လင်တဲ့​ အင်း​ရေပြင်နဲ့​ ​လှေကို ​ခြေနဲ့​လှော်ခတ်သွား​လာတဲ့​ ထူး​ခြား​တဲ့​ ဓ​လေ့​တွေ​ကြောင့်​ ပြည်တွင်း​ပြည်ပ ခရီး​သွား​ဧည့်​သည်​တွေ စိတ်ဝင်စား​ကြတဲ့​ ​ဒေသဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013