DVB Logo
Home
မြန်မာသတင်း
ရေကြီး​မှု​ကြောင့်​ စိုက်ဧကများ​ ပျက်စီး​ပြီး​ ကြက်သွန်​ဈေး​တက်
DVB
·
October 25, 2011
ရေကြီး​မှု​ကြောင့်​ စိုက်ဧကများ​ ပျက်စီး​ပြီး​ ကြက်သွန်​ဈေး​တက်
Donate to DVB

ပြီး​ခဲ့​တဲ့​ရက်ပိုင်း​က မ​ကွေး​တိုင်း​တွင်း​ ​ရေကြီး​မှု​ကြောင့်​ ကြက်သွန်ခင်း​တွေ ပျက်စီး​ကုန်ပြီး​ အခုရက်ပိုင်း​ ကြက်သွန်​ဈေး​တွေ နှစ်ဆ​လောက် ရုတ်တရက် ထိုး​တက်သွား​ပါတယ်။

မ​ကွေး​တိုင်း​အတွင်း​က ပခုက္ကူ၊​ ​ပေါက်၊​ ဆိပ်ဖြူမြို့​နယ်​တွေက စိုက်ပျိုး​ထား​တဲ့​ ကြက်သွန်ခင်း​တွေ၊​ စပါး​ခင်း​တွေနဲ့​ ပဲစင်း​ငုံ​တွေ ​ရေလွှမ်း​ပြီး​ ဧက ​ထောင်ချီ ပျက်စီး​သွား​ခဲ့​ပါတယ်။

ပေါက်မြို့​နယ်အတွင်း​က စိုက်ခင်း​တွေ ပျက်စီး​မှုအ​ခြေအ​နေနဲ့​ပတ်သက်ပြီး​ မြို့​ခံတဦး​က အခုလို ​ပြောပါတယ်။

“အများ​ဆုံး​ပျက်စီး​တာ​တော့​ ကုန်း​ကြက်သွန်​တွေ အကုန်ပျက်တယ်။ စပါး​တွေ ​တော်​တော်များ​များ​ပျက်တယ်။ ​ရေ​တွေနစ်ကုန်တယ်။ တချို့​ချောင်း​စပ်က ​နေရာ​တွေကျ​တော့​ ​မြေပါ​ပျောက်သွား​တယ်။ ​ရေရှည် စား​သောက်ဖို့​ ​တော်​တော် ခက်ခဲသွား​တယ်။ ကုန်း​ကြက်သွန်စိုက်ပြီး​သား​မှန်သမျှ အကုန်ပျက်ကုန်တယ်။ ဧက​ထောင်ချီရှိတယ်။ စပါး​ဆိုရင် ခန့်​မှန်း​ရသ​လောက် ၉၀ ရာခိုင်နှုန်း​လောက် ပြန်မရ​တော့​ဘူး​။ ပဲစင်း​ငုံ​တွေ​တော့​ ၅၀ ရာခိုင်နှုန်း​လောက် ပျက်စီး​မယ်။”

ကြက်သွန်​ဈေး​ဟာ အရင် တပိဿာ ၅၀၀ ​လောက်က​နေ နယ်​တွေမှာ ၁၀၀၀ ထိ တက်သွား​ပြီး​ လက်လီ​ဈေး​တွေမှာ ၂,၀၀၀ ထိဖြစ်ကုန်တယ်လို့​ ဆိုပါတယ်။

ဒါ့​အပြင် လမ်း​ပမ်း​ဆက်သွယ်​ရေး​ပြတ်​တောက်ပြီး​ ဓာတ်ဆီဒီဇယ်​ဈေး​တွေ နှစ်ဆတက်သွား​တယ်လို့​ ဆိုပါတယ်။

“ဓာတ်ဆီ​ဈေး​၊​ ဒီဇယ်​ဈေး​တွေလည်း​ ​တော်​တော်တက်သွား​တယ်။ ဓာတ်ဆီဆိုရင် တဂါလန်ကို ၈,၀၀၀ ထိ ဖြစ်သွား​တယ်။ ရှိပြီး​သား​ပစ္စည်း​ကို ​ဈေး​တက်​ရောင်း​တာ​ပေါ့​။ မရှိမဖြစ်တာဆို​တော့​ ဝယ်သုံး​ရတာ​ပေါ့​။ အရင်က တဂါလန်ကို ၄၀၀၀ ပဲရှိတာ။”

ရန်ကုန်မြို့​မှာလည်း​ ကြက်သွန်​ဈေး​တွေတက်သွား​တယ်လို့​ မြို့​ခံ အိမ်ရှင်မတဦး​က ​ပြောပါတယ်။

“မ​နေ့​ကထိ ၁,၀၀၀ က​နေ ၁,၆၀၀ ဖြစ်သွား​တယ်။ ဒီ​နေ့​ဘယ်​လောက် ထပ်တက်​နေလည်း​မသိဘူး​။ ​ခေါက်ချိုး​တက်သလို ဖြစ်သွား​တယ်။ အခက်အခဲဖြစ်တာ​ပေါ့​။ အသီး​အနှံ​တွေကအစ နည်း​နည်း​ဆီ တက်ကုန်တယ်။”

အောက်တိုဘာ ၁၉ ရက်​နေ့​က ဘင်္ဂလား​ဒေ့​ရှ်နိုင်ငံ နယ်စပ်ကိုဖြတ်​ကျော် ဝင်​ရောက်ခဲ့​တဲ့​ မုန်တိုင်း​ငယ်​ကြောင့်​ ရခိုင်ပြည်နယ်ရှိ စစ်​တွေမြို့​၊​ စစ်ကိုင်း​တိုင်း​၊​ မုံရွာ၊​ မ​ကွေး​တိုင်း​ ထီး​လင်း​၊​ ဂန့်​ဂေါ၊​ ​ဆော၊​ ပခုက္ကူ၊​ ဆိပ်ဖြူ၊​ ဆင်ဖြူကျွန်း​၊​ မန္တ​လေး​တိုင်း​ ​ညောင်ဦး​မြို့​များ​တွင် မိုး​ရေချိန် အမြင့်​ဆုံး​စံချိန်သစ်နဲ့​ ရွာသွန်း​ခဲ့​ပါတယ်။

မိုး​သည်း​ထန်စွာ ရွာသွန်း​မှု ​ကြောင့်​ ဂန့်​ဂေါ၊​ ​ပေါက်၊​ ဆိပ်ဖြူမြို့​နယ် ဖြတ်သန်း​စီး​ဆင်း​တဲ့​ ​ယော​ချောင်း​၊​ ​ဆော​ချောင်း​က​နေ ကျဆင်း​လာတဲ့​ ​တောင်ကျ​ရေ​တွေ​ကြောင့်​ ​ချောင်း​နံ​ဘေး​ကျေး​ရွာ​တွေမှာ လူ​ပေါင်း​ ၂၀၀ ​ကျော်​သေဆုံး​ပြီး​ စိုက်ပျိုး​ခင်း​တွေ ပျက်စီး​ကုန်တာလို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

ပခုက္ကူမြို့​မှာ ​ရေ​ဘေး​ဒုက္ခသည် ​ထောင်​ကျော်ရှိသလို ​ပေါက်မြို့​နယ်မှာလည်း​ ​ရေ​ဘေး​ဒုက္ခသည် သုံး​ထောင်နီး​ပါး​ရှိ​နေပါတယ်။

ပခုက္ကူ ​ရေ​ဘေး​ဒုက္ခသည်ကလွဲပြီး​ ကျန်တဲ့​ ​ပေါက်၊​ ဆိပ်ဖြူ၊​ ဂန်​ဂေါ စတဲ့​မြို့​က ​ရေ​ဘေး​ဒုက္ခသည်​တွေ အကူအညီ မရ​သေး​ဘူး​လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013