Thursday, June 8, 2023
HomeLead Storyမဲသဝေါ နယ်မြေရှင်းလင်းစဉ် တပ်မတော် အရာရှိစစ်သည်တချို့ ကျဆုံးဒဏ်ရာရ

မဲသဝေါ နယ်မြေရှင်းလင်းစဉ် တပ်မတော် အရာရှိစစ်သည်တချို့ ကျဆုံးဒဏ်ရာရ

ကရင်ပြည်နယ်မဲသဝေါဒေသမှာ ကလိုထူးဘောကရင်အစည်းအရုံး (KK0) ခွဲထွက်အဖွဲ့တွေနဲ့ မနေ့ကထိ တိုက်ပွဲ ၁၉ ကြိမ်ဖြစ်ပွားပြီး တပ်မတော်ဘက်က အရာရှိစစ်သည်တချို့ ကျဆုံး ဒဏ်ရာရ ခဲ့တယ်လို့ စစ်တပ်ပိုင် မီဒီယာ မြ၀တီက သတင်းထုတ်ပြန်ပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့ဘက်ကလည်း တပ်ရင်းမှူး အဆင့်ရှိသူ၁ ဦးအပါအ၀င် ၄ ဦး သေဆုံးကာ ဗိုလ်ကြီးအဆင့်ရှိသူ တဦးကိုအရှင်ဖမ်းမိပြီး လက်နက် ၇ လက်၊ မော်တော်ယာဉ် ၂ စီး၊ ထော်လာဂျီ ၁ စီး၊ ဆိုင်ကယ် ၄ စီးနဲ့ ကျည်မျိုးစုံ ၁၁၇၉ တောင့် သိမ်းဆည်း ရမိတယ်လို့ သတင်းမှာဖော်ပြပါတယ်။

အစိုးရတပ်မတော်က မယ်သဝေါဒေသမှာ နယ်မြေရှင်းလင်းမှုတွေကို စက်တင်ဘာ ၁၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၉ ရက်မှာ မြိုင်ကြီးငူ- မဲသဝေါ ကားလမ်းတစ်လျှောက်ရှိ (KKO) ခွဲထွက်အဖွဲ့ အခြေစိုက် လှုပ်ရှားတဲ့ စခန်းတွေအားလုံးကို ဖယ်ရှား ရှင်းလင်းနိုင်ခဲ့ပြီလို့လည်း ဆိုပါတယ်။

အလားတူ စက်တင်ဘာ ၂၁ ရက်က ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် ကဇူးကျေးရွာအနားမှာ တပ်မတော်စစ်ကြောင်းက ပုံမှန်လုံခြုံရေးဆောင်ရွက်စဉ် KIA လက်နက်ကိုင်အဖွဲ့က ဆွဲမိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိခဲ့တယ်လို့လည်း စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ – မြ၀တီ

RELATED ARTICLES
- Advertisment -
Google search engine

Most Popular