DVB Logo
Home
မြန်မာသတင်း
ထိုင်း​ရေကြီး​မှု​ကြောင့်​ ​နေရပ်ပြန်မြန်မာအလုပ်သမား​များ​ ဒဏ်​ငွေတပ် ဖမ်း​ဆီး​ခံရ
DVB
·
October 25, 2011
ထိုင်း​ရေကြီး​မှု​ကြောင့်​ ​နေရပ်ပြန်မြန်မာအလုပ်သမား​များ​ ဒဏ်​ငွေတပ် ဖမ်း​ဆီး​ခံရ
Donate to DVB

ထိုင်း​နိုင်ငံ​ရေလွှမ်း​လို့​ပိတ်ထား​ရတဲ့​အလုပ်ရုံ​တွေက မြန်မာအလုပ်သမား​တွေ ​နေရပ်အပြန် လမ်း​မှာ ဒဏ်​ငွေရိုက်၊​ ဖမ်း​ဆီး​ခံ​နေရပါတယ်။

[caption id="attachment_16956" align="alignright" width="300" caption="​နေရပ်ပြန်မြန်မာအလုပ်သမားအချို့ကို မဲဆောက်လူဝင်မှုကြီးကြပ်ရေးရုံးတွင် ​တွေ့ရစဉ်"][/caption]

ရေကြီး​မှု​ကြောင့်​ မြန်မာအလုပ်သမား​တွေ ​ထောင်နဲ့​ချီ ​နေရပ်ပြန်ကြရာ လမ်း​တ​လျှောက် စစ်​ဆေး​ရေး​ဂိတ်​တွေမှာ ထိုင်း​ပုလိပ်​တွေက အလုပ်သမား​လက်မှတ်ရှိသူ​တွေကို နယ်​ကျော်သွား​လာမှု​တွေနဲ့​ဒဏ်​ငွေရိုက်ပြီး​ လက်မှတ်မရှိသူ​တွေကို ဖမ်း​ဆီး​ထား​တယ်လို့​ မြန်မာအလုပ်သမား​တဦး​က ​ပြောပါတယ်။

“မဲ​ဆောက်​ရောက်တဲ့​အခါကျ​တော့​ မဲ​ဆောက်ရဲ​တွေက ဖမ်း​ပြီး​တော့​ ပိုက်ဆံ​တောင်း​တာရှိတယ်။ စာရွက်စာတမ်း​စစ်​ဆေး​တယ်။ ဟိုဟာမပြည့်​စုံဘူး​။ ဒီဟာမပြည့်​စုံဘူး​ဆိုပြီး​ ပိုက်ဆံ​တောင်း​တာ​ပေါ့​။ အဲဒါက မဲ​ဆောက်မှာ။”

နယ်ခံပုလိပ်​တွေနဲ့​သိတဲ့​ တချို့​အလုပ်သမား​တွေက​တော့​ ထိုင်း​ကား​သမား​ ​တွေကို ဘတ် ၄,၀၀၀ - ၅,၀၀၀ နဲ့​ ငှား​ပြီး​ မဲ​ဆောက်အ​ရောက် လိုက်ပို့​ခိုင်း​တယ်လို့​ ဆိုပါတယ်။

မဲ​ဆောက်ကို နည်း​အမျိုး​မျိုး​နဲ့​ ဖြတ်သန်း​လွတ်​မြောက်လာတဲ့​ မြန်မာအလုပ်သမား​တွေဟာ မြဝတီနား​က ၉ သုံး​လုံး​ဂိတ်မှာ နယ်ခြား​စောင့်​တပ်ဖွဲ့​ရဲ့​ ပြည်ဝင်ခ​ကောက်တာ ခံရတယ်လို့​ ဆိုပါတယ်။

“ဟိုဘက်​ရောက်သွား​လို့​ရှိရင် ၉၉၉ ဂိတ်မှာ အကြီး​အကျယ် အ​တောင်း​ခံရတယ်။ လူတ​ယောက်ကို ဘတ် ၂၅၀၀ ​ပေး​ရတယ်။”

ထိုင်း​ပုလိပ်နဲ့​ မြန်မာနယ်စပ် နယ်ခြား​စောင့်​တပ်ဖွဲ့​တွေက ဒုက္ခ​ရောက်​နေတဲ့​ မြန်မာအလုပ်သမား​တွေကို ဖမ်း​ဆီး​ဒဏ်ရိုက် ​ငွေ​ကောက်ခံ​နေတာ​တွေကို ထိုင်း​၊​ မြန်မာ နှစ်ဖက်လုံး​က သက်ဆိုင်ရာအာဏာပိုင်​တွေကို တင်ပြမယ်လို့​မြန်မာအလုပ်သမား​တွေကို အကူအညီ​ပေး​နေတဲ့​ HRDF ​ခေါ် လူ့​အခွင့်​အ​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ဖောင်​ဒေး​ရှင်း​ အကြံ​ပေး​အရာရှိ မစ္စတာ အန်ဒီ​ဟောလ်က ​ပြောပါတယ်။

နေရပ်ပြန်ကြတဲ့​ အလုပ်သမား​လက်မှတ်ရှိသူ မြန်မာအလုပ်သမား​တွေဟာ ရီအန်ထရီ (Re-entry Visa) ​ခေါ် ထိုင်း​နိုင်ငံထဲ ပြန်ဝင်ခွင့်​ဗီဇာကို တပါတည်း​ ​လျှောက်ယူကြရတယ်လို့​ ​ပြောပါတယ်။

ဘန်​ကောက်မြို့​ မြဘုရား​တခွင်နဲ့​ ဒွန်​မောင်း​လေဆိပ်​တွေကို ​ရေလုံး​ဝ လွှမ်း​သွား​ပြီလို့​ ဘန်​ကောက်ကပြန်လာတဲ့​ မြန်မာအလုပ်သမား​တွေက ​ပြောပါတယ်။

ထိုင်း​အစိုး​ရက ​ရေလွှမ်း​မိုး​မှု​ကြောင့်​ လူ ၃၆၆ ဦး​ ​သေဆုံး​ပြီး​ ဒုက္ခ​ရောက်​နေသူ ၁၀ သန်း​ခန့်​ ရှိ​နေပြီလို့​ ဒီက​နေ့​ သတင်း​ထုတ်ပြန်ထား​ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013