Home
မြန်မာသတင်း
အိမ်အကူနှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရမှု ကျောက်တံတားရဲစခန်းက အမှုထပ်ဖွင့်
DVB
·
September 23, 2016
ကျောက်တံတားမြို့နယ်က အိမ်အကူမိန်းကလေးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး လုပ်ခလစာတွေ မပေးခဲ့တဲ့ဖြစ်စဉ်က ပြစ်မှုကျူးလွန်သူတွေကို ကျောက်တံတားရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ-၃၂၆/၃၂၅/၃၄၄/၁၁၄ နဲ့ မနေ့က အမှုထပ်ဖွင့်ပြီး အရေးယူ စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ညှဉ်းပန်းနှိပ်စက်ခံရသူ အိမ်အကူမိန်းကလေးငယ်နှစ်ဦးကို စစ်ဆေးရာမှာ ဒေါ်တင်သူဇာ၊ ဦးကိုလတ်၊ စုမွန်လတ်၊ တင်မင်းလတ်၊ ရာဇာထွန်း နဲ့ သီရိလတ်တို့ဟာ သူတို့နှစ်ဦးကို အပြင်းအထန် နာကျင်ဒဏ်ရာတွေရရှိအောင် သစ်သားတုတ်နဲ့ ရိုက်တာ၊ ရေနွေးပူနဲ့လောင်းတာ၊ ကတ်ကြေးနဲ့ထိုးတာ၊ တံမျက်စည်းရိုးနဲ့ ရိုက်တာ၊ လက်ချောင်းတွေလှန်ချိုးတာတွေ ပြုလုပ်ခဲ့တဲ့အပြင် နေအိမ်က မထွက်သွားနိုင်အောင် မတရားတားဆီး ပိတ်ပင်ထားကြောင်း ပေါ်ပေါက်တာကြောင့် အခုလို အမှုထပ်ဖွင့်တာလို့ ဆိုပါတယ်။ ဒါ့အပြင် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးအသက်မွေးပညာသင် ကျောင်း ကျောင်းအုပ်ကြီးက မိဘအုပ်ထိန်းခွင့်ရှိသူက လိမ္မာစေဖို့ ဆုံးမတာမျိုးမဟုတ်ဘဲ ကလေးသူငယ်တွေကို တမင်ညှဉ်းပန်းနှိပ်စက်ခဲ့တာကြောင့် ဥပဒေအရအရေးယူပေးဖို့ တိုင်တန်းလာလို့ ကျောက်တံတားမြို့မရဲစခန်းက ရဲအရေးမပိုင်မှုအမှတ်စဉ် (၄၀/၂၀၁၆) နဲ့ လက်ခံဆောင်ရွက်ပြီး ကျောက်တံတားမြို့နယ်တရားရုံးကို လျှောက်ထားတင်ပြခဲ့ရာ ပြစ်မှုကြီးအမှုအမှတ် (၁၆၉/၂၀၁၆)နဲ့ လက်ခံစစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024