Home
မြန်မာသတင်း
မြ၀တီမြို့တွင် လူကုန်ကူးမှုနှင့်မှုခင်းကျဆင်းရေး အသိပညာပေး
DVB
·
September 21, 2016
ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ နယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စက်တင်ဘာ ၂၀ ရက်နေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးဆောင်ပြီး လူကုန်ကူးမှု၊ မှုခင်းကျဆင်းရေးနဲ့ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောတာတွေ ဆောင်ရွက်ခဲ့ပါတယ်။ လူစည်ကားတဲ့နေရာတွေနဲ့ စာသင်ကျောင်းမှာ မူးယစ်ဆေးဝါးဆိုးကျိုးတွေ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေနဲ့ မှုခင်းကျဆင်းရေးစတာတွေ မြန်မာနိုင်ငံရဲ့တပ်ဖွဲ့က ရွေ့လျားကားနဲ့ အသိပညာပေးနေတာ ဖြစ်ပါတယ်။ “အနယ်နယ်အရရကနေလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေရှိပါတယ်။ ရွှေ့ပြောင်း လုပ်သားတွေအနေနဲ့လည်း ကျနော်တို့ဒေသမှာနေထိုင်တဲ့ အခါမှာ ဘယ်လိုနေထိုင်လဲ၊ ဘယ်လိုဆောင်ရွက်ကြမလဲ၊ လိုက်နာခြင်းအားဖြင့် မှုခင်းတွေကို အများကြီး ကြိုတင်ကာကွယ်နိုင်တဲ့ လမ်းတွေဖြစ်ပါတယ်။ ပြခန်းယာဉ်မှာ ပြသထားတာတွေကတော့ မှုးယစ်ဆေးဝါးအသိပညာတွေ လူကုန်ကူးမှု၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း စာစောင်တွေ ဆောင်းပါးတွေ ပြသထားပါတယ်” လို့ မြ၀တီမြို့မှ စခန်းမှူး ကိုကိုနိုင်က ပြောပါတယ်။ မှုခင်းကျဆင်းဖို့ ပြည်သူတွေရဲ့ မှုခင်းပညာရေးအသိသတိ တိုးပွားဖို့လိုသလို ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေ တသားတည်းပူးပေါင်းဆောင်ရွက်ဖို့ လိုကြောင်းလည်း ဒုရဲမှူးကပြောပါတယ်။ မူးခင်းကျဆင်းရေးကို တိုင်းနဲ့ ပြည်နယ်တွေမှာ ဆောင်ရွက်နေတာပါ။ မြဝတီမြို့မှာတော့ ဒါကပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပြီး ဒေသအတွင်း အဆိုတော် တချို့လည်းလာပြီး အားဖြည့်ပေးခဲ့ပါတယ်။ “မူးယစ်ဆေးသုံးပြီဆိုရင် ဖီးလ်ရှိတယ်ဆိုတဲ့ အယူအဆတွေကမှားနေပါတယ်။ ကျမ သီချင်းဆိုတာ အနှစ် ၃၀ ကျော်ပြီ မူးယစ်ဆေးသုံးပြီး ဆိုတယ်ဆိုတာ တခါမှ စိတ်မဝင်စားခဲ့ဘူး။ ကလေးတွေကိုလည်း ကျမလိုဘဲ ဖြစ်စေချင်တယ်။ အမှန်တော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီးတော့ ဆိုလိုက်ရင်လည်း သီချင်းက အရမ်းကောင်းပါတယ်” လို့ တေးသံရှင် အီနူးက ပြောပါတယ်။ မူးယစ်ဆေးဝါးက မြဝတီဒေသခံပြည်သူတွေနဲ့ ရဲတပ်ဖွဲ့တွေကို အဓိက ခြိမ်းခြောက်နေတာကြောင့် ဒီပြဿနာတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့ ဒုရဲမှူးက ပြောပါတယ်။ ရဲတပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါး နှိမ်နင်းရေးတွေ ဆောင်ရွက်လာနေသလို  ပြီးခဲ့တဲ့ အပတ်တုန်းကလည်း မြဝတီမှာ WY စိတ်ကြွဆေးပြား သိန်းနဲ့ချီ ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024