DVB Logo
Home
မြန်မာသတင်း
ဒီမိုက​ရေစီကွန်ရက် နယ်လှည့်​စည်း​ရုံး​ရေး​ဆင်း
DVB
·
October 25, 2011
ဒီမိုက​ရေစီကွန်ရက် နယ်လှည့်​စည်း​ရုံး​ရေး​ဆင်း
Donate to DVB

ဒေါ်​အောင်ဆန်း​စုကြည် ​နေအိမ်အကျယ်ချုပ်က​နေ လွတ်​မြောက်လာပြီး​နောက် ​ပေါ်​ပေါက်လာတဲ့​ ဒီမိုက​ရေစီ ကွန်ရက်ဟာ တနှစ်နီး​ပါး​အကြာမှာ လက်​တွေ့​ လုပ်ငန်း​တွေ လုပ်​ဆောင်ဖို့​ ပြင်ဆင်​နေပြီလို့​ ကွန်ရက်​ခေါင်း​ဆောင်​တွေက ​ပြောပါတယ်။

အထက်မြန်မာပြည်ကို စည်း​ရုံး​ရေး​ခရီး​ထွက်​နေတဲ့​ ဒီမိုက​ရေစီကွန်ရက် ကိုဖြိုး​မင်း​သိန်း​က မကြာခင်မှာ တနိုင်ငံလုံး​က ဒီမိုက​ရေစီကွန်ရက်​တွေ အချိတ်အဆက်မိမိ ​ဆောင်ရွက်နိုင်​တော့​မယ်လို့​ ​ပြောပါတယ်။

[caption id="attachment_16932" align="alignleft" width="300" caption="ကိုဖြိုးမင်းသိန်း"][/caption]

“ပြည်နယ်နဲ့​တိုင်း​အတွင်း​မှာ ဆက်သွယ်​ရေး​မှူး​တွေထား​ပြီး​ ဆက်သွယ်ညှိနှိုင်း​ရေး​ရုံး​တွေ ဖွင့်​သွား​ပြီး​တော့​ ဒီမိုက​ရေစီ ကွန်ရက်​တွေ ဖွင့်​သွား​မှာပါ။ ကျ​နော်တို့​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​၊​ သဘာဝပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​နဲ့​ သဘာဝ​ဘေး​အန္တရာယ် ကာကွယ်​ရေး​လုပ်ငန်း​တွေကို ဦး​စား​ပေး​ဆောင်ရွက်သွား​မှာပါ။ အကျိုး​ပြုလုပ်ငန်း​တွေနဲ့​ ဒီကွန်ရက်ရဲ့​ အဓိက ​ခေါင်း​ဆောင်က​တော့​ လူထု​ခေါင်း​ဆောင်၊​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် ဖြစ်ပါတယ်။ ငါး​ဖမ်း​ပိုက်သဖွယ် ကျ​နော်တို့​ရဲ့​ ကွန်ရက်ထဲမှာ ဆက်သွယ်​ရေး​တွေကိုလုပ်သွား​ပြီး​ ငါး​ဖမ်း​ပိုက်ရဲ့​ကြိုး​ကို​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို မဏ္ဍိုင်ပြုပြီး​ ချိတ်ဆွဲထား​မှာပါ။”

မန္တ​လေး​တိုင်း​၊​ ကချင်ပြည်နယ်၊​ စစ်ကိုင်း​တိုင်း​တို့​ဘက်ကို တပတ်​ကျော် ကြာ​နေပြီဖြစ်တဲ့​ ခရီး​တ​လျှောက်လုံး​ လူထု​ဆွေး​နွေး​ပွဲ​တွေကို အ​နှောင့်​အယှက်မရှိ ​ဆောင်ရွက်နိုင်တယ်လို့​ ဆိုပါတယ်။

“မန္တ​လေး​တိုင်း​ ထဲက​နေ ကချင်ပြည်နယ်ကို ဆက်လာတယ်။ ကချင်ပြည်နယ် က​နေ စစ်ကိုင်း​တိုင်း​ကို သွား​ဖို့​အတွက် အင်း​တော်မှာဆင်း​မယ်။ အင်း​တော်က​နေ စစ်ကိုင်း​တိုင်း​ထဲကို ဆက်ထွက်မှာပါ။ ​ရွှေဘိုတို့​၊​ မုံရွာတို့​၊​ ​ရေဦး​တို့​ဘက်ကို ဆက်ထွက်မှာ။ ကျ​နော်တို့​ မန္တ​လေး​တိုင်း​ ဖြတ်ခဲ့​ပြီး​ပြီ။ ဒီခရီး​စဉ်တခုလုံး​ကို ခြုံ​ပြောမယ်ဆိုရင် ပြည်သူလူထုကြား​မှာ ​သော်လည်း​ကောင်း​။ ဒီမိုက​ရေစီအင်အား​စု ကြား​မှာ​သော်လည်း​ကောင်း​၊​ ​ဒေါ်​အောင်ဆန်း​စုကြည်အ​ပေါ်မှာ ​ထောက်ခံမှု ကျယ်ကျယ်ပြန့်​ပြန့်​ ရှိ​နေတယ်ဆိုတာကို ကျ​နော်တို့​ ​တွေ့​ရတယ်။ ပြည်သူလူထုရဲ့​ နိုင်ငံ​ရေး​နိုး​ကြား​မှု ရှိ​နေတယ်ဆိုတာကို ​တွေ့​မြင်ရပါတယ်။”

အထက်မြန်မာပြည် ခရီး​ထွက်​နေတဲ့​ ဒီမိုက​ရေစီ ကွန်ရက်အဖွဲ့​ဟာ စစ်ကိုင်း​တိုင်း​နဲ့​ မ​ကွေး​တိုင်း​တို့​မှာလည်း​ လူထု​ဆွေး​နွေး​ပွဲ​တွေကို ဆက်လုပ်သွား​မယ် လို့​ သိရပါတယ်။

တချိန်တည်း​မှာ ကိုမျိုး​ရန်​နောင်သိမ်း​နဲ့​ ဒီမိုက​ရေစီကွန်ရက်လူငယ် တချို့​လည်း​ ပြည်မြို့​မှာ မ​နေ့​က လူထု​ဆွေး​နွေး​ပွဲ​တွေ ပြုလုပ်ခဲ့​ပါတယ်။

ပြည်မြို့​က လူ့​အခွင့်​အ​ရေး​လှုပ်ရှား​သူ ကိုမင်း​မင်း​က လွန်ခဲ့​တဲ့​ တနှစ်အတွင်း​မှာ ဒီမိုက​ရေစီ ကွန်ရက် ကျယ်ပြန့်​လာတယ်လို့​ ​ပြောပါတယ်။

“လူထုအ​နေနဲ့​ ကျယ်ကျယ်ပြန့်​ပြန့်​ ပူး​ပေါင်း​ပါဝင်လာတာမျိုး​ ဒီကွန်ရက်ထဲမှာရှိလာတယ်။ ကွန်ရက်ဆိုတဲ့​သ​ဘောက​တော့​ အရပ်သူအရပ်သား​တွေ အချင်း​ချင်း​ အပြန်အလှန် ကွန်ရက်သ​ဘောတရား​နဲ့​ ချိတ်ဆက်ပြီး​တော့​ လူထုရဲ့​ အခန်း​ကဏ္ဍ တိုး​မြှင့်​ဖို့​ လိုအပ်တယ်။ အဲဒီအတွက်လည်း​ ဆက်လုပ်ဖို့​ အစီအစဉ်​တွေ ရှိပါတယ်။ လူထုရဲ့​ အ​ခြေခံ လွတ်လပ်ခွင့်​တွေကို ပိုပြီး​ ကျယ်ကျယ် ပြန့်​ပြန့်​ ကျင့်​သုံး​နိုင်ခွင့်​ ရ​အောင် ကျ​နော်တို့​ ကြိုး​စား​သွား​မယ်လို့​ ရည်ရွယ်ထား​တာ ရှိပါတယ်။”

ပြည်ခရီး​စဉ်မှာ​တော့​ မကြာခင်က ​ထောင်က​နေ လွတ်​မြောက်လာတဲ့​ လူရွှင်​တော် ဇာဂနာနဲ့​ အနုပညာရှင်တချို့​လည်း​ လိုက်ပါသွား​ပြီး​ လူထု​ဆွေး​နွေး​ပွဲ လုပ်တဲ့​အခါမှာ ​ကျောင်း​သား​တွေ၊​ လယ်သမား​တွေ၊​ အန်ဂျီအို ဝန်ထမ်း​တွေ တက်​ရောက်ခဲ့​ပါတယ်။

အဲဒီခရီး​စဉ်အတွင်း​မှာပဲ ဒီမိုက​ရေစီကွန်ရက်လူငယ်​တွေနဲ့​ ပြည်မြို့​သူမြို့​သား​တွေ စု​ပေါင်း​ပြီး​တော့​ ဧရာဝတီ ထာဝရရှင်သန်​ရေး​၊​ နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​နဲ့​ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​တို့​ကို ရည်စူး​ပြီး​ ဧရာဝတီမြစ်ထဲ ဆီမီး​မျှောပွဲပြုလုပ်ခဲ့​ပြီး​ ပရိသတ် ရာနဲ့​ချီ တက်​ရောက်ခဲ့​ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013