Home
အနုပညာ
နိုင်ငံတကာ ရေဆေးပန်းချီပြပွဲ မြန်မာတွင် ပထမဆုံးအကြိမ် ပြသမည်
DVB
·
September 21, 2016
  နိုင်ငံတကာရေဆေးအသင်း (IWS) ရဲ့ ရေဆေးပန်းချီပြပွဲကို မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ်အဖြစ် ရန်ကုန် သံလွင်လမ်းရှိ NEW TREASURE ART GALLERY မှာ စက်တင်ဘာ ၂၄ နေ့ကနေ ၂၉ ရက်ထိ ပြသမှာ ဖြစ်ပါတယ်။ IWS ကို ၂၀၁၂ ခုနှစ်မှာ MR Atanur Dogan စတင်တည်ထောင်ခဲ့ပြီး ရုံးချုပ်က Aegean ပင်လယ်ရဲ့ အရှေ့ဘက်ကမ်းခြေ၊ တူရကီနိုင်ငံရဲ့ ရှေးအကျဆုံးမြို့တော် Teos မှာ ရှိပါတယ်။ ကမ္ဘာအရပ်ရပ်မှာ IWS ဌာနခွဲပေါင်း ၈၀ ကျော်ရှိပါတယ်။ ပြပွဲမှာ ဦးမင်းဝေအောင်၊ ဦးကျော်သောင်း၊ ဦးခင်မောင်မြင့် အပါအ၀င် IWS အဖွဲ့ဝင် ရေဆေးပန်းချီဆရာ ၂၅ ဦးရဲ့ ပန်းချီကားပေါင်း ၇၀ ကျော် ပါဝင်ပြသမှာဖြစ်ပြီး ပြပွဲကာလအတွင်း ရှမ်းပြည်တောင်ပိုင်း ကလောမြို့ အနီးတ၀ိုက်မှာ လက်တွေ့ရေးဆွဲကြမှာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - သားကြီးမောင်ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024