DVB Logo
Home
မြန်မာသတင်း
အစိုး​ရ၏ ငြိမ်း​ချမ်း​ရေး​ကမ်း​လှမ်း​ချက်အ​ပေါ် ရှမ်း​ပြည်တပ်မ​တော်က လူထုသ​ဘောထား​ ​ကောက်ခံ
DVB
·
October 24, 2011
Donate to DVB

တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်ဖို့​ အစိုး​ရက ​ကြေညာချက် ထုတ်ပြန်ခဲ့​တာနဲ့​ပတ်သက်ပြီး​ ရှမ်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ ရှမ်း​ပြည် တပ်မ​တော်က ပြည်သူ့​သ​ဘောထား​အမြင် ​ကောက်ခံ​နေပါတယ်။

တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​၊​ ငြိမ်း​ချမ်း​ရေး​ ​ဖော် ​ဆောင်​ရေး​နဲ့​ ပတ်သက်ပြီး​ သမ္မတ ဦး​သိန်း​စိန်က ပြီး​ခဲ့​တဲ့​ ဩဂုတ် ၁၈ ရက်​နေ့​က ​ကြေ ညာခဲ့​တာနဲ့​ ပတ်သက်ပြီး​ ရှမ်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ အဖွဲ့​ဝင်​တွေ၊​ မျိုး​ချစ်ပုဂ္ဂိုလ်၊​ သံဃာ​တော်​တွေနဲ့​ ရှမ်း​ပြည်သူလူထုအ​နေနဲ့​ ဘယ်လိုသ​ဘောထား​အမြင် ရှိသလဲ၊​ တကယ်လို့​ ရှမ်း​ပြည်တပ်မ​တော် ရှမ်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​ကောင်စီအ​နေနဲ့​ အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ခဲ့​မယ်ဆိုရင် ဘယ်လို အကြံဥာဏ်​ပေး​ချင်သလဲ ဆိုတဲ့​ ပြည်သူ့​ဆန္ဒသ​ဘောထား​အမြင် ၂ ချက်ကို ဒီလ ၂၀ ရက်​နေ့​က စပြီး​ ​ကောက်ယူ​နေတာပါ။

က​နေ့​အထိ လက်ခံရရှိတဲ့​ အကြံ​ပေး​စာ၊​ သ​ဘောထား​တွေနဲ့​ ပတ်သက်ပြီး​ ရှမ်း​ပြည်တပ်မ​တော် ရှမ်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​ကောင်စီက ​ပြောခွင့်​ရပုဂ္ဂိုလ် ဗိုလ်မှူး​စိုင်း​လောဝ်ဆိုင်က ​ပြောပြပါတယ်။

“ကျ​နော်တို့​ဆီကို လက်ခံရရှိသ​လောက် အကြံပြုချက်​တွေ ​ပေါ်မူတည်ပြီး​ လုပ်သွား​မှာပါ။ အခုလက်ရှိ​တော့​ ကျ​နော်တို့​နဲ့​ ကန့်​ကွက်တာ​တွေ သ​ဘောထား​အမြင် မတူတာ​တွေ မရရှိ​သေး​ပါဘူး​။ တိုင်း​ပြည်​အေး​ချမ်း​သာယာ​ရေး​အတွက် လုပ်သင့်​ လုပ်ထိုက်တာ​တွေ လုပ်သွား​ကြဖို့​ အကြံပြုလာတာ​တွေ ရှိပါတယ်။ ပြည်ပ​ရောက် အဖွဲ့​အစည်း​ကလူ​တွေ၊​ တတိယနိုင်ငံ​တွေက ရာဂဏန်း​ခန့်​ လူ​တွေဆီက သ​ဘောထား​အမြင်​တွေ ရရှိတာ ပိုများ​ပါတယ်။ ရှမ်း​ပြည်တွင်း​က တုံ့​ပြန်မှု​တော့​ သိပ်မကြား​ရ​သေး​ပါဘူး​။”

အခုပို့​ပေး​လိုက်တဲ့​ စာအများ​စုဟာ ပြည်ပ​ရောက် ရှမ်း​လူမျိုး​တွေဆီက ပို့​လာတာ ဖြစ်ပြီး​ ပြည်တွင်း​နေ ပြည်သူ​တွေဆီက သ​ဘောထား​ကောက်ခံဖို့​တော့​ အခက်အခဲရှိ တယ်။ စစ်​ကြောင်း​တွေက​နေ တဆင့်​ လက်လှမ်း​မီသ​လောက် ​မေး​မြန်း​ထား​တာ​တွေ​တော့​ ရှိတယ်လို့​ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။

ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ ​ဖော်​ဆောင်ဖို့​အတွက် ရှမ်း​ပြည်နယ်အစိုး​ရဟာ ရှမ်း​ပြည် ​တောင်ပိုင်း​ ဌာ​နေပြည်သူ့​စစ်အဖွဲ့​တွေက​နေတဆင့်​ ပြီး​ခဲ့​တဲ့​ ဩဂုတ်လကုန်ပိုင်း​က​နေ က​နေ့​အထိ ၄ ကြိမ်​လောက် စကား​အပြန်အလှန် ​ပြောဆိုခဲ့​တာ​တွေရှိပြီး​ ရှမ်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​ကောင်စီအ​နေနဲ့​ ငြိမ်း​ချမ်း​ရေး​တည်​ဆောက်ဖို့​ ဆန္ဒရှိ ​ကြောင်း​၊​ အစိုး​ရနဲ့​ လက်တွဲ​ဆောင်ရွက်လိုတဲ့​အ​ကြောင်း​တွေ ​ပြောခဲ့​တယ်လို့​ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ဆက်လက်​ပြောပြပါတယ်။

အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ ၂၀၀၇ ခုနှစ်က တခါ ကြိုး​ပမ်း​ခဲ့​ပေမယ့်​လည်း​ မြန်မာစစ်အစိုး​ရဘက်က မြန်မာဘက်ခြမ်း​ တာချီလိတ်မှာ ​တွေ့​ဆုံလိုပြီး​ ရှမ်း​တပ်မ​တော်က​တော့​ သူတို့​လုံခြုံ​ရေး​အတွက် ထိုင်း​ဘက်ခြမ်း​ မယ်ဆိုင်မှာ ​တွေ့​ဆုံလိုခါ သ​ဘောထား​မတိုက်ဆိုင်ဘဲ မ​ဆွေး​နွေး​ဖြစ်ခဲ့​ကြောင်း​ ဗိုလ်မှူး​စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။

ထိုင်း​နယ်စပ် လွိုင်တိုင်း​လျဲန်း​မှာ အ​ခြေစိုက်လှုပ်ရှား​နေတဲ့​ ရှမ်း​ပြည်တပ်မ​တော် ရှမ်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ (RCSS) အရင်က ဦး​ခွန်ဆာ​ခေါင်း​ဆောင်တဲ့​ မွန်း​တိုင်း​အာမီ (အမ်တီ​အေ) က​နေ ခွဲထွက်ခဲ့​တဲ့​အဖွဲ့​ဖြစ်ပြီး​ ၁၉၉၅ ခုနှစ်က အစိုး​ရဆီမှာ ဦး​ခွန်ဆာ လက်နက်ချတဲ့​အဖွဲ့​မှာ မပါဝင်ခဲ့​ဘဲ ရှမ်း​ပြည်လွတ်​မြောက်​ရေး​အတွက် ဆက်လက်ပြီး​ လက်နက်ကိုင် တိုက်ပွဲဝင်​နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013