A d v e r t i s e m e n t With Us

ကေအိုင်အိုနယ်​မြေတွင် တိုက်ပွဲအ​ရေအတွက် ​လျော့​လာ

ကေအိုင်အို(ကချင်လွတ်လပ်​ရေး​အဖွဲ့​) နယ်​မြေမှာ အစိုး​ရတပ်နဲ့​ ​ကေအိုင်​အေ (ကချင်လွတ်လပ်​ရေး​တပ်မ​တော်)တို့​ တိုက်ပွဲအ​ရေအတွက် လွန်ခဲ့​တဲ့​ နှစ်ရက်သုံး​ရက် အတွင်း​မှာ နည်း​ပါး​သွား​တယ်လို့​ ​ကေအိုင်အို ​ပြောခွင့်​ရသူ ဦး​လနန်း​က ​ပြောပါတယ်။ ပြီး​ခဲ့​တဲ့​သီတင်း​ပတ်က တရက်ကို တိုက်ပွဲ ၁၀ ကြိမ်​ကျော် ဖြစ်ပွား​ရာက ​လျော့​ကျလာတာလို့​ ဦး​လနန်း​က ​ပြောပါတယ်။ “သူတို့​က ထိုး​စစ်လုပ်တဲ့​နေရာမှာ သူတို့​ထင်တဲ့​အတိုင်း​ ဖြစ်မလာဘူး​ခင်ဗျ။ အဲဒါ​ကြောင့်​မို့​လို့​ မ​နေ့​က​တော့​ တိုက်ပွဲ ၄ ကြိမ်။ တ​နေ့​ကို​တော့​ ၄ ကြိမ် အဲဒီလို တိုက်ပွဲအ​ရေအတွက်က ​လျော့​လျော့​လာတယ်။” အစိုး​ရတပ်ဘက်က ​ကေအိုင်​အေရဲ့​ ​ပြောက်ကျား​တိုက်ပွဲ​တွေ​ကြောင့်​ ရိက္ခာနဲ့​ ခဲယမ်း​ ပြတ်လပ်ပြီး​ တိုက်ပွဲနည်း​လာတာလို့​လည်း​ ဦး​လနန်း​က ​ပြောပါတယ်။ “သူတို့​လမ်း​ကြောင်း​ကို စိုး​မိုး​ဖို့​ ထိုး​ဖောက်တဲ့​နေရာမှာ အထိအခိုက်များ​တယ်။ ​နောက်ပြီး​တော့​ ပါလာတဲ့​လက်နက်ကျည်ဆံ​တွေ ကုန်သွား​တော့​ အဲဒီတပ်ဖွဲ့​တွေက ​နောက်ပြန်ဆုတ်သွား​ကြတယ်။ ဒီ​နေ့​တော့​ သူတို့​နောက်တန်း​က ရိက္ခာအပါအဝင် ခဲယမ်း​ပို့​မယ့်​အဖွဲ့​နဲ့​ ဒီရက် ​တွေ့​ဖို့​ရှိတယ်။ ဂါဒရန်​ကျေး​ရွာမှာ အဲဒီအဖွဲ့​တွေက တပတ် ​လောက်​တော့​ရှိသွား​ပြီ ​တော်​တော်ပိတ်ဆို့​ခံထား​ရတာ။ အဲဒီ​တော့​ သူတို့​စီမံချက် က​တော့​ မ​အောင်မြင်ဘူး​လို့​ပြောရမယ်။” ဒီစစ်ပွဲသတင်း​ကို မြန်မာအစိုး​ရဘက်က​တော့​ ထုတ်ပြန်ခြင်း​မရှိပါဘူး​။ အစိုး​ရတပ်နဲ့​ ​ကေအိုင်အိုအကြား​ ဇွန် ၉ ရက်က စတဲ့​ တိုက်ပွဲ​ကြောင့်​ နှစ်ဘက် အပစ်ရပ်သ​ဘောတူညီချက် ပျက်ခဲ့​ပြီး​ စက်တင်ဘာမှာ တိုက်ပွဲ ၈၀ ​ကျော် ဖြစ်ခဲ့​ပါတယ်။ ဒီလအတွင်း​ လတဝက်မှာ တိုက်ပွဲ ၈၀ ​လောက် ဖြစ်ပွား​ခဲ့​ပြီး​ လိုင်ဇာဌာနချုပ်ကို ချီတက် မယ့်​ လမ်း​ကြောင်း​ကို အစိုး​ရဘက်က ရှင်း​လင်း​တာ​ကြောင့်​ တိုက်ပွဲ​တွေ ပြင်း​ထန်ခဲ့​တာ ဖြစ်ပါတယ်။ လက်ရှိစစ်ပွဲ​ကြောင့်​ ​ကေအိုင်အိုထိန်း​ချုပ်နယ်​မြေထဲမှာ စစ်​ပြေး​ဒုက္ခသည် ၂၀,၀၀၀ ​ကျော် ရှိ​နေတယ်လို့​ ​ကေအိုင်အိုက ​ပြောထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up