A d v e r t i s e m e n t With Us

ပြည်မြို့​တွင် ဒီမိုက​ရေစီကွန်ရက်နှင့်​ လူငယ်များ​ ​ဆွေး​နွေး

မြန်မာ့​နိုင်ငံ​ရေး​အ​ခြေအ​နေနဲ့​ ပတ်သက်ပြီး​ လူမှုတက်ကြွလှုပ်ရှား​သူ လူငယ်များ​နဲ့​ မြန်မာ့​ဒီမိုက​ရေစီကွန်ရက် အဖွဲ့​တို့​ ဒီ​နေ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါတယ်။ ဆွေး​နွေး​ပွဲကို မွန်း​လွဲ ၂ နာရီခွဲက​နေ ၄ နာရီခွဲအထိ ပြည်မြို့​ ​အောင်မင်္ဂလာကျက်သ​ရေကုန်း​ ​တောရ​ကျောင်း​မှာ ပြုလုပ်ခဲ့​တယ်လို့​ ပြည်မြို့​က လူငယ်လှုပ်ရှား​သူတဦး​ဖြစ်တဲ့​ ကိုမင်း​မင်း​က ​ပြောပါတယ်။ ကိုဇာဂနာနဲ့​ အနုပညာရှင်​မောင်နှမ​တွေ၊​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ကိုမျိုး​ရန်​နောင်သိန်း​တို့​လည်း​ ​ဆွေး​နွေး​ပွဲမှာ ပါဝင်​ဆွေး​နွေး​သွား​ကြပြီး​ ​ဆွေး​နွေး​ပွဲကို လယ်သမား​၊​ ​ကျောင်း​သား​၊​ အန်ဂျီအို​တွေမှာ လုပ်​နေသူ​တွေ အပါအဝင် လူဦး​ရေ ၃၀၀ ​လောက် တက်​ရောက်ခဲ့​တယ်လို့​ ​ပြောပါတယ်။ ဆွေး​နွေး​ပွဲအ​ကြောင်း​အရာနဲ့​ပတ်သက်လို့​ ကိုမင်း​မင်း​က “အဓိက​တော့​ လယ်သမား​တွေဆိုရင်လည်း​ လယ်ယာ​မြေ​တွေ အသိမ်း​ခံရတဲ့​ကိစ္စ၊​ ဒါ​တွေနဲ့​ပတ်သက်လို့​ ဘယ်လိုရပ်တည် ​ဆောင်ရွက်သွား​ကြမလဲ။ နဂိုက ၁ ​ပေပတ်လည်​လောက် ခွင်ကြီး​မှာ ကျ​နော်တို့​ပိတ်မိ​နေတာ။ အခု​တော့​ ၁၀ ​ပေပတ်လည်​လောက် ခွင်ဖြစ်လာပြီ။ ၁ ​ပေပတ်လည် ခွင်ထဲက​နေ ကျ​နော်တို့​ ရုန်း​ထွက်ဖို့​၊​ ၁၀ ​ပေပတ်လည် ခွင်ထဲက​လျှောက်ကြည့်​ဖို့​၊​ ကျ​နော်တို့​ အဲဒီလိုသ​ဘော​လေး​တွေ ​ဖော်ပြကြတာ ရှိပါတယ်။” ဆွေး​နွေး​ပွဲ ပြုလုပ်​နေတုန်း​ ပြည်မြို့​ သံဃာ့​မဟာနာယကအဖွဲ့​က တား​မြစ်စာ ​ရောက်လာလို့​ ရပ်နား​လိုက်ရတယ်လို့​လည်း​ ဆိုပါတယ်။ ဒီ​နေ့​ည ၇ နာရီ​လောက်မှာ ​ဆွေး​နွေး​ပွဲတက်တဲ့​သူ​တွေ၊​ ပြည်မြို့​သူမြို့​သား​တွေ စု​ပေါင်း​ပြီး​ ဧရာဝတီ ထာဝရရှင်သန်​ရေး​၊​ နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​နဲ့​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​တို့​ကို ရည်စူး​ပြီး​ ပြည်မြို့​ပန်း​ခြံအနီး​ရှိ ဧရာဝတီ ဆိပ်ခံတံတား​မှာ ဆီမီး​မျှောပွဲပြုလုပ်မယ်လို့​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up