Home
မြန်မာသတင်း
ဖြူးမြို့နယ် တရားရုံးအတွင်း သုံးမြှောင့်ချွန် စကေဘာဖြင့် ထိုးမှုဖြစ်ပွား
DVB
·
September 20, 2016
14433145_994192707370463_482129077971060804_n
14390866_994192577370476_1695037502762153060_n
14390853_994192554037145_2062182854715067070_n
14370091_994192817370452_5885357519953431635_n
14344846_994192664037134_62936472460916108_n
14333735_994192847370449_1862152918779480002_n
14329886_994192787370455_3680038498175999460_n
14322312_994192610703806_1838596728061994149_n
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် တရားရုံးအတွင်း ဒီနေ့မနက် ၁၁ နာရီလောက် သက်သေအစစ်ခံဖို့ စောင့်ဆိုင်းနေသော Asia မော်တော်ယာဉ်အသင်း ဥက္ကဋ္ဌဖြစ်သူကို အမည်မသိလူငယ်တဦးက  သုံးမြှောင့်ချွန် စကေဘာနဲ့ထိုးပြီး ထွက်ပြေးသွားပါတယ်။ အထိုးခံရတဲ့ Asia မော်တော်ယာဉ်အသင်း ဥက္ကဋ္ဌ ဦးဝင်းနိုင်ဟာ ဖြူးမြို့နယ် တရားရုံး မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ အမှုအား သက်သေအစစ်ခံဖို့ရောက်ရှိနေစဉ် တရားရုံး ၀ရန်တာရှေ့ မှာ စကေဘာနဲ့ အထိုးခံခဲ့ရတာလို့ မျက်မြင်တဦးက ပြောပါတယ်။ ဦးဝင်းနိုင်ကို ဖြူးမြို့နယ်ဆေးရုံကို အရေးပေါ် ပို့ဆောင်ကုသနေစဉ် စိုးရိမ်ရလို့ မွန်းလွဲပိုင်းမှာ ဖြူးဆေးရုံမှတဆင့် ရန်ကုန်ကို လူနာတင်ကားနဲ့ ပို့ဆောင်ကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။ အမည်မသိလူငယ်ဟာ ဦးဝင်းနိုင်ကို တိုက်ခိုက်ခဲ့ပြီးနောက် တရားရုံးအပြင်ဘက် ထွက်ပြေးပြီး ဆိုင်ကယ်နဲ့ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ မျက်မြင်သက်သေက ပြောပါတယ်။ "တရားရုံးဝင်းထဲမှာ ဖြစ်တာဗျ။ အဲ့လူက အတင်းဝင်ထိုးတာ။ ဘေးကလူက ဝင်လုံးတော့ ထိုးတဲ့လက်နက် ကျနေခဲ့တယ်။ ဆိုင်ကယ်က အဆင်သင့်လုပ်ထားတာ။ သူ တက်တော့ ဆိုင်ကယ်ခေါင်းထောင်ပြီး မှောက်တယ်။ ဆိုင်ကယ်က ဖင်ထိုင်ခုံအစွတ်ကြီး ကျကျန်ခဲ့တယ်။ အဲ့အတိုင်း မောင်းပြေးတာ။ လိုက်ဖမ်းမယ်ဆိုရင်တော့ဗျာ၊ လူတွေအများကြီး။ မိသင့်တယ်။" ဆိုင်ကယ်နဲ့ ထွက်ပြေးဖို့ ကြိုးစားစဉ်မှာလည်း Asia မော်တော်ယာဉ်ဝန်ထမ်းတဦးက လူငယ်အား အတင်းဝင်လုံးထွေး ဖမ်းဆီးခဲ့ပေမယ့် အမည်မသိလူငယ်ထံမှ အရိုးအသွား ၁၀ လက်မခွဲခန့် သုံးမြှောင့်ချွန် စကေပါတစ်ချောင်းသာ ကျကျန်ခဲ့ပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ တရားရုံးအတွင်း စကေဘာနဲ့ ၀င်ထိုးတဲ့ အမည်မသိလူငယ်ကို ဖမ်းဆီးရမိရေးအတွက် ဖြူးမြို့နယ်ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းရှာဖွေနေကြောင်း သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024