Saturday, June 3, 2023
Homeမြန်မာသတင်းနိုင်ငံရေးအမေရိကန်အထူး​သံ မြန်မာပြည်ကို ထပ်မံ​ရောက်ရှိ

အ​မေရိကန်အထူး​သံ မြန်မာပြည်ကို ထပ်မံ​ရောက်ရှိ

မြန်မာနိုင်ငံဆိုင်ရာ အ​မေရိကန်အထူး​သံတမန် ဒဲရက်မစ်ချယ်ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်အဖြစ် နှစ်ရက်ခရီး​စဉ်အဖြစ် ဒီ​နေ့​ရောက်ရှိ​နေတယ်လို့​ ရန်ကုန် အမေရိကန်သံရုံး​က ​ပြောခွင့်​ရပုဂ္ဂိုလ်တဦး​က ​ပြောပါတယ်။

ဒဲရက်မစ်ချယ်ဟာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ထပ်လွှတ်​ရေး​၊​ အတိုက်အခံ ဒီမိုက​ရေစီအင်အား​စု​တွေ၊​ တိုင်း​ရင်း​သား​တွေနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​၊​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ အကြမ်း​ဖက်မှု​တွေကို အဆုံး​သတ်​ရေး​၊​ မြန်မာအစိုး​ရအ​နေနဲ့​ နိုင်ငံတကာစည်း​ကမ်း​တွေကို လိုက်နာ​ရေး​၊​ စတဲ့​ကိစ္စ​တွေအတွက် မြန်မာအစိုး​ရကို အခွင့်​ရတိုင်း​ ​တောင်း​ဆိုမယ်လို့​ အ​မေရိကန်သံအရာရှိက ​ပြောပါတယ်။

မစ္စတာမစ်ချယ်ဟာ အရင်လတုန်း​ကလည်း​ မြန်မာနိုင်ငံကို လာ​ရောက်ခဲ့​ပြီး​ နိုင်ငံ​ရေး​အကျဉ်း​သား​လွှတ်​ရေး​ အပါအဝင် ပြုပြင်​ပြောင်း​လဲ​ရေး​တွေ လုပ်​ဆောင်ဖို့​ မြန်မာအစိုး​ရကို တိုက်တွန်း​ခဲ့​ပါတယ်။

ဒီလအတွင်း​ အစိုး​ရက နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀၀ ခန့်​ကို လွှတ်ခဲ့​ပြီး​နောက် အ​မေရိကန်အထူး​သံ ​နောက်ထပ်တကြိမ် ​ရောက်ရှိလာတာဖြစ်ပါတယ်။

မြန်မာအစိုး​ရနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ ဖြစ်​ပေါ်​ရေး​အတွက် အ​မေရိကန်အထူး​သံတမန် ဒဲရက် မစ်ချယ်ဟာ ​နောင်လည်း​ မြန်မာနိုင်ငံကို မကြာခဏ လာ​ရောက်ဖို့​ရှိပြီး​ အစိုး​ရနဲ့​ရော၊​ နိုင်ငံတည်​ဆောက်​ရေး​မှာ ပါဝင်ရမယ့်​ လူပုဂ္ဂိုလ်၊​ အဖွဲ့​အစည်း​တွေနဲ့​ပါ ​တွေ့​ဆုံသွား​မယ်လို့​လည်း​ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular