Home
မြန်မာသတင်း
ရခိုင်ပြည်နယ် မောင်တောတွင် စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိ
DVB
·
September 20, 2016
1
14358631_729210587233271_3371773726830138973_n
14355693_729210670566596_2357644742721098303_n
14354947_729210603899936_2467927290886169836_n
14333764_729210633899933_5559981526818267513_n
14330023_729210697233260_1337337223646126861_n
ရခိုင်ပြည်နယ် မောင်တောမြို့မှာ  ကျပ် သန်းတစ်သောင်းလေးထောင်နီးပါးလောက်တန်ဖိုးရှိတဲ့  WY စိတ်ကြွဆေးပြား အရေအတွက် သိန်း ၇၀ လောက်ကို နေရာနှစ်ခုမှာ စက်တင်ဘာ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့က ဒီဗွီဘီကိုပြောပါတယ်။ မောင်တောမြို့အဝင် သုံးမိုင် အုတ်သဲကျောက်လုပ်ငန်းရဲ့ အုတ်ပုံထဲမှာ သိုဝှက်ထားတဲ့ WY စိတ်ကြွမူးယစ်ဆေးပြား ခြောက်ဆယ့်နှစ်သိန်းကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး မောင်တောမြို့ လသာရွာမှာ WY ဆေးပြား ခြောက်သိန်းရှစ်သောင်းကျော်ကို အဲ့ဒီအချိန်မှာပဲ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရှာဖွေတွေ့ရှိမှုနှစ်ခုရဲ့ ဆေးပြားအရေအတွက်ဟာ သိန်းခုနစ်ဆယ်နီးပါးရှိပြီး ဒေသတန်ဖိုးနဲ့ ကျပ်ငွေသန်းပေါင်း တစ်သောင်းလေးထောင်နီးပါးရှိပါတယ်။ မောင်တောမြို့ သုံးမိုင်က အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ငန်း ခြံဝင်းထဲက အုတ်ပုံထဲမှာ အဝါရောင်ပီနံအိတ် ၂၇ လုံးနဲ့ သိုဝှက်ထားတာကိုဖမ်းမိခဲ့တဲ့ ကွင်းဆက်အနေနဲ့ နောက်ထပ် ဆေးပြား ခြောက်ဆယ့်နှစ်သိန်းကျော်ကို ရှာဖွေသိမ်းဆည်းရမိခဲ့တာလို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဉာဏ်ဝင်းဦးက ပြောပါတယ်။ အဲ့ဒီအမှုက အဓိက တရားခံဖြစ်သူ တိမ်းရှောင်ထွက်ပြေးနေတဲ့ မောင်တောမြို့မ အရှေ့ရပ်ကွက်နေ ညီချစ်ကို ဖမ်းဆီးရမိဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။ မောင်တောမြို့မှာ မူးယစ်ဆေးဝါး မကြာခဏဖမ်းဆီးရမိနေပြီး စက်တင်ဘာ ၁၉ ရက်နေ့ထိ ဖမ်းဆီးရမိတဲ့ ဆေးပြားအရေအတွက်ဟာ သိန်းရှစ်ဆယ်ကျော်၊ တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း တစ်သောင်းခြောက်ထောင်ကျော်ရှိပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024