DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်၌ တိုက်ပွဲ​ကြောင့်​ ဒုက္ခသည်များ​ ထပ်မံထွက်​ပြေး​နေ
DVB
·
October 24, 2011
Donate to DVB

အစိုး​ရတပ်​တွေနဲ့​ ​ကေအိုင်​အေ (ကချင်လွတ်လပ်​ရေး​တပ်မ​တော်) အကြား​ တိုက်ပွဲ​တွေကြောင့် စစ်​ပြေး​ဒုက္ခသည်​တွေ ​ထောင်ချီပြီး​ ထပ်မံထွက်​ပြေး​နေကြတယ်လို့​ ကယ်ဆယ်​ရေး​အဖွဲ့​က ​ပြောပါတယ်။

ကေအိုင်အို (ကချင်လွတ်လပ်​ရေး​အဖွဲ့​) လိုင်ဇာဌာနချုပ်ဘက်မှာ ​နောက်ထပ် တိုက်ပွဲ​တွေ​ကြောင့်​ ထွက်​ပြေး​လာတဲ့​ စစ်​ပြေး​ဒုက္ခသည်​တွေဟာ မိုင်ဂျာယန်မှာ လူ ၆၀၀ ခန့်​၊​ လွယ်ဂျယ်မြို့​ မျက်နှာချင်း​ဆိုင်မှာ ၂,၀၀၀ ခန့်​ ​ရောက်ရှိခိုလှုံ​နေကြတယ်လို့​ ဒုက္ခသည်​တွေကို ကူညီ​ပေး​နေတဲ့​ ကယ်ဆယ်​ရေး​လုပ်သား​တွေက ​ပြောပါတယ်။

ထွက်​ပြေး​လာသူ အများ​စုဟာ က​လေး​တွေနဲ့​ အမျိုး​သမီး​တွေဖြစ်တယ်လို့​ ကယ်ဆယ်​ရေး​အဖွဲ့​ ​ပြောခွင့်​ရသူ မမိုင်ဂျာက ​ပြောပါတယ်။

“နံပါတ်တစ်များ​တာက က​လေး​တွေ၊​ လူအ​ယောက် ၁,၀၀၀ မှာ က​လေး​က ၆၀၀ ​ကျော်တယ်။ အမျိုး​သမီး​က ၂၀၀ ​လောက်။ အခုက အစား​အ​သောက်​တွေ အခက်အခဲ ဖြစ်လာတယ်။ မိုင်ဂျာယန်မှာက ၆၀၀ ​လောက်ပဲရှိပြီး​ တရုတ်ပြည်ဘက်မှာ​တော့​ အစိုး​ရအုပ်ချုပ်တဲ့​ မျက်နှာချင်း​ဆိုင်က ရွာ​တွေမှာ ရှိတယ်။ ၂,၀၀၀ ​ကျော်ရှိတယ်။ မနက်ဖြန် အဲဒီ ၂,၀၀၀ ​ကျော်ကို အစား​အ​သောက် ခွဲ​ဝေပို့​ဆောင်ဖို့​ အခက်အခဲရှိ​နေတယ်။”

ကချင်လို ‘ဝမ်​ပေါင် မင်း​ထွေး​’ ဗမာလို ‘လူထုအလင်း​’ လို့​ အမည်​ပေး​ထား​တဲ့​ ပူး​တွဲကယ်ဆယ်​ရေး​အဖွဲ့​မှာ ကချင်လူမှုဖွံ့​ဖြိုး​ရေး​အသင်း​၊​ ခရစ်ယာန်အသင်း​တော်နဲ့​ အမျိုး​သမီး​အဖွဲ့​အစည်း​တွေ ပူး​ပေါင်း​ပါဝင်ပါတယ်။

အဲဒီစာရင်း​ထဲမှာ မန်စီနယ်ထဲက တိုက်ပွဲ​တွေ​ကြောင့်​ ကူညီသူ​တွေရှိရာ နယ်စပ်ဘက်ကို မလာ​ရောက်နိုင်ဘဲ ​တောထဲမှာ ပုန်း​အောင်း​နေတဲ့​ စစ်​ပြေး​ဒုက္ခသည် ၁,၀၀၀ နီး​ပါး​ မပါ​သေး​ဘူး​လို့​ ဆိုပါတယ်။

လွန်ခဲ့​တဲ့​ ၃ လ​လောက်က ​ဒေသခံ​တွေဆီက အလှူလိုက်လံ​ကောက်ခံရရှိတဲ့​ အစာ​ရေစာ​တွေ ရှိ​ပေမယ့်​ ​နောက်ပိုင်း​မှာ ပြတ်လပ်လာပြီလို့​လည်း​ မမိုင်ဂျာက ​ပြောပါ တယ်။

တရုတ်အစိုး​ရကလည်း​ စစ်​ပြေး​ဒုက္ခသည်​တွေကို ရွာ​တွေဘက်မှာ ​နေထိုင်ခွင့်​ပေး​ထား​ပေမယ့်​ ထိုင်း​-မြန်မာနယ်စပ်မှာလို ဒုက္ခသည်စခန်း​အဖြစ် ဖွင့်​လှစ်ခွင့်​မပြု​သေး​ဘူး​လို့​လည်း​ ​ပြောပါတယ်။

ကေအိုင်အို(ကချင်လွတ်လပ်​ရေး​အဖွဲ့​) ဌာနချုပ်ရှိရာ လိုင်ဇာဘက်မှာ ကနဦး​ပိုင်း​က စစ်​ပြေး​ဒုက္ခသည် ၂၂,၀၀၀ ​ကျော် ရှိထား​ပြီး​ဖြစ်တာ​ကြောင့်​ အခုသူတို့​ဘက်က ဒုက္ခသည်​တွေပါ ​ပေါင်း​လိုက်ရင် ၃၀,၀၀၀ ဝန်း​ကျင်​လောက် ရှိပြီလို့​ မမိုင်ဂျာက ​ပြောပါတယ်။

တရုတ်အစိုး​ရက ​နေထိုင်ခွင့်​ပေး​ထား​တယ်ဆိုရုံသာ ​ပေး​ထား​ပြီး​ အကူအညီ​ပေး​တာ မရှိ​သေး​ဘူး​လို့​ ဆိုပါတယ်။ ခုထိ​တော့​ နိုင်ငံကာအကူအညီ​တွေ မရရှိ​သေး​ဘဲ အခက်အခဲကြုံ​နေတယ်လို့​ မမိုင်ဂျာက ​ပြောပါတယ်။

“နိုင်ငံတကာက ဘာမှကိုမလာတာ။ အမတို့​လည်း​ သုံး​လ အ​တောအတွင်း​မှာ​တော့​ ​ဒေသခံ​တွေဆီက​နေ ကူညီ​နေတယ်။ သူတို့​ဆီက ​တောင်း​ခံထား​တယ်။ ပြီး​လို့​ရှိရင် သုံး​လေး​လကြာလာရင်​တော့​ နိုင်ငံတကာက တခုခု​တော့​ ရလာနိုင်​ကောင်း​ပါတယ်ဆိုပြီး​ ​စောင့်​မျှော်​နေတာ။ နည်း​လမ်း​အမျိုး​မျိုး​နဲ့​ တတ်နိုင်သ​လောက်လည်း​ ကြိုး​စား​ကြည့်​တယ်။ အ​ဖြေရတာ​တော့​ အစိုး​ရအ​ပြောင်း​အလဲ​ကြောင့်​မို့​လို့​ ​ပြောင်း​လဲမှု​တွေလုပ်​နေတဲ့​ အ​နေအထား​မှာ နိုင်ငံတကာက ကူညီ​စောင့်​ရှောက်တဲ့​ အဖွဲ့​တွေကလည်း​ အဲဒီနယ်စပ်ကို ဖြတ် ​ကျော်ပြီး​မှ ကူညီတဲ့​ဟာ​တွေ ဘာမှစိတ်ဝင်စား​မှု သိပ်မရှိဘူး​ဖြစ်​နေတယ်။”

အစိုး​ရနဲ့​ ​ကေအိုင်အိုအကြား​ ပြီး​ခဲ့​တဲ့​ ဇူလိုင် ၉ ရက်ကစပြီး​ အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်ပြီး​ တိုက်ပွဲဖြစ်​နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013