Home
သတင်းဓာတ်ပုံ
ဒိန်းမတ်၊ မက္ကဆီကို၊ ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး (ဓာတ်ပုံ)
DVB
·
September 20, 2016
14369901_569899053210394_245237906151450676_n
14332968_569899373210362_3122327640482275203_n
14317376_569900679876898_4600246564325269754_n
14317375_569899309877035_1400562878718549607_n
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒိန်းမတ်၊ မက္ကဆီကိုနဲ့ ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်တွေနဲ့ နယူးယောက်ခ်မြို့မှာ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ နယူးယောက်မြို့မှာ ရောက်ရှိနေတာဖြစ်ပြီး နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့  စက်တင်ဘာ ၁၉ ရက် မနက်က ကုလသမဂ္ဂ ဌာနချုပ်မှာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။ ဒိန်းမတ်ဝန်ကြီးချုပ် လားစ်လွတ်ကီရပ်စ်မြူဆင်၊ မက္ကဆီကိုသမ္မတ အန်ရီကွီ ပင်ညာနီရေတို၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာတို့အပြင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ညွှန်ကြားရေးမှူးချုပ် အီရီနာ ဘိုကိုဗာနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးတဲ့အကြောင်းအရာတွေကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ ဓာတ်ပုံ - နိုင်ငံခြားရေးဝန်ကြီးဌာန  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024