DVB Logo
Home
မြန်မာသတင်း
ရေ​ဘေး​ဒုက္ခသည် ​ထောင်​ပေါင်း​များ​စွာ အကူအညီလိုအပ်​နေ
DVB
·
October 24, 2011
ရေ​ဘေး​ဒုက္ခသည် ​ထောင်​ပေါင်း​များ​စွာ အကူအညီလိုအပ်​နေ
Donate to DVB

လွန်ခဲ့​တဲ့​ရက်ပိုင်း​က လူ ၂၀၀ ​ကျော် ​သေဆုံး​ပျောက်ဆုံး​ခဲ့​တဲ့​ မ​ကွေး​တိုင်း​အတွင်း​ ​ရေကြီး​မှုမှာ ​ကျေး​ရွာအ​တော်များ​များ​ ​ရေ​ဘေး​သင့်​ခဲ့​ရပြီး​ လူ​ထောင်​ပေါင်း​များ​စွာ အကူအညီ လိုအပ်​နေပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်း​ဒေသ မ​ကွေး​တိုင်း​မှာ ပြီး​ခဲ့​တဲ့​အပတ်က မိုး​သည်း​ထန်စွာရွာသွန်း​မှု​ကြောင့်​ ဆည်တချို့​ရေ​ဖောက်ချခဲ့​ရသလို ​ချောင်း​ရေလျှံပြီး​ အိမ်​တွေ ​မျောပါပျက်စီး​ခဲ့​ရတာပါ။

ရေ​ဘေး​သင့်​ပြီး​ အ​သေအ​ပျောက်အများ​ဆုံး​ဖြစ်တဲ့​ ပခုက္ကူမြို့​ကို ဒုတိယသမ္မတ စိုင်း​မောက်ခမ်း​ မ​နေ့​က လာ​ရောက်ကြည့်​ရှုခဲ့​တယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

ပခုက္ကူမှာ ​ရွှေ​ချောင်း​တံတား​ ​ရေအား​နဲ့​ထိုး​လို့​ ကျိုး​သွား​ခဲ့​ရပြီး​ ကမ်း​နား​နေ ပြည်သူ​တွေ ​ရေထဲ​မျောပါ ​သေဆုံး​ခဲ့​ကြသလို ​ထောင်ချီတဲ့​ ​ရေ​ဘေး​သင့်​သူ​တွေကို တိ​လောကရာမ၊​ မိုး​ကုတ်ဝိပဿနာအပါအဝင် ဘုန်း​ကြီး​ကျောင်း​လေး​ခုမှာ ​နေရာချထား​ပေး​ပါတယ်။

ပခုက္ကူ​ရေ​ဘေး​ဒုက္ခသည်​တွေအ​ခြေအ​နေကို ဆရာ​တော်တပါး​က ခုလို မိန့်​ပါတယ်။

[caption id="attachment_16895" align="alignright" width="300" caption="​ရေ​ဘေးဒုက္ခသည်အချို့​(ကယ်ဆယ်​ရေးစခန်း မတ္တ​ထောင်ဘုန်း​ကြီး​ကျောင်း​​)"][/caption]

“ပခုက္ကူ​တော့​ မ​နေ့​က နိုင်ငံ​တော်သမ္မတကြီး​ လာသွား​တယ်။ လိုအပ်တာ​တွေကို ညွှန်ကြား​သွား​ပြီး​တော့​ ကုမ္ပဏီ​တွေ​တော့​ ​ငွေလှူသွား​တယ်လို့​ကြား​တယ်။ ​တော်​တော်များ​များ​လည်း​ ရန်ကုန်တို့​က လှမ်း​ပို့​တာတို့​၊​ မန္တ​လေး​က​တော့​ ကိုယ်တိုင်လာလှူတာ​ပေါ့​။ မွတ်စလင်နာ​ရေး​ကူညီမှုအသင်း​တို့​လည်း​လာတယ်။ ပခုက္ကူမှာရှိတဲ့​ ကုန်သည်ပွဲစား​တို့​လည်း​ လုပ်ကြပါတယ်။”

ပခုက္ကူ​ရေ​ဘေး​ဟာ အနည်း​ဆုံး​ လူ ၂၀၀ ဝန်း​ကျင် ​သေတယ်လို့​ ခန့်​မှန်း​ပြောဆို​နေကြပါတယ်။

အဲဒီ ​ချောင်း​တ​လျှောက်မှာ ​နေထိုင်သူ​တွေဟာ အစိုး​ရထံမှာ စာရင်း​မဝင်သူ​တွေလည်း​ရှိတာ​ကြောင့်​ ခန့်​မှန်း​တွက်ချက်ရခက်​နေတယ်လို့​ ဆိုပါတယ်။

မ​ကွေး​တိုင်း​ ​ပေါက်မြို့​နယ်မှာ ရွာ​ပေါင်း​ ၃၈ ရွာ ​ရေလွှမ်း​ခဲ့​ပြီး​ အိမ်​ခြေ​ပေါင်း​ ၄ ရာနီး​ပါး​ ​ရေ​မျောခဲ့​ရသလို လူ ၂၁ ဦး​ ​သေဆုံး​ခဲ့​တယ်လို့​ ​ပေါက်မြို့​ခံတဦး​က ​ပြောပါတယ်။

ရေ​ဘေး​ဒုက္ခသည် ၃​ထောင်နီး​ပါး​က နီး​စပ်ရာ​ဆွေမျိုး​ အသိအိမ်မှာ ခိုလှုံ​နေကြရပြီး​ ​ဒေသခံရွာသား​ ကူညီတာကလွဲရင် ဘယ်အဖွဲ့​စည်း​ကမှ ကူညီတာမရှိ​သေး​ဘူး​လို့​ ​ပေါက်မြို့​ခံက ​ပြောပါတယ်။

“​ပေါက်မြို့​အ​ရှေ့​ဘက်ကုန်း​မှာ မူလအိမ်​ခြေ ၆၈၄၀ ရှိရာမှာ ​ရေမြုပ်သွား​တာက ၂၇၇၅ အိမ်ရှိတယ်။ ​ရေ​မျောသွား​တာ ၃၈၀ ရှိတယ်။ ​သေဆုံး​မှုမှာ​တော့​ ကျား​ ၁၅၊​ မ ၆ ​ယောက်စုစု​ပေါင်း​ ၂၁ ဦး​။ စာသင်​ကျောင်း​က ၂ ​ကျောင်း​မျောသွား​တယ်။ ဘုန်း​ကြီး​ကျောင်း​က ၃ ​ကျောင်း​ ​မျောသွား​တယ်။ ဓမ္မာရုံတရုံ​မျောသွား​တယ်။ ​ရေ​ဘေး​ဒုက္ခသည် စုစု​ပေါင်း​ ၂၃၈၁ ရှိတယ်။ ​လော​လောဆယ်​တော့​ ရွာနီး​ချုပ်စပ်က ​ရေ​ဘေး​ဒဏ် မခံရတဲ့​ ရွာတို့​က ထမင်း​ထုတ်​ဝေတာတို့​ ရှိတာ​ပေါ့​။ အဖွဲ့​အစည်း​တွေ​တော့​ ဘာမှအကူအညီ​ပေး​တာ မကြား​ရ​သေး​ဘူး​။”

အဲဒီ​ဒေသမှာ မိုး​အဆက်မပြတ်ရွာသွန်း​လို့​ ၁၉ ရက်​နေ့​ကစပြီး​ ​ပေါက်​ချောင်း​၊​ ဆင်ဆာ​ချောင်း​နဲ့​ ကျား​သိုက်​ချောင်း​တို့​က ​ရေလျှံပြီး​ အခုလို ​ရေကြီး​ရေလျှံမှု​တွေ ဖြစ်ပွား​ခဲ့​တာလို့​ အဲဒီမြို့​ခံက ​ပြောပါတယ်။

ဂန့်​ဂေါမြို့​မှာရှိတဲ့​ လမ်း​တံတား​တွေနဲ့​ ​ထောပတ်ပဲစိုက်ခင်း​တွေလည်း​ ပျက်စီး​ကုန်ပါတယ်။ ကံမမြို့​နယ်ဘက်မှာ​တော့​ လူအ​သေအ​ပျောက် မရှိ​ပေမယ့်​ လမ်း​တွေစိုက်ပျိုး​မြေ​တွေ ပျက်စီး​ကုန်တယ်လို့​ ​ပြောပါတယ်။ လမ်း​တံတား​တွေ ပျက်စီး​မှု​တွေ​ကြောင့်​ သွား​လာ​ရေး​ အခက်အခဲဖြစ်တယ်လို့​လည်း​ မြို့​ခံ​တွေက ​ပြောပါတယ်။

“ကျ​နော်တို့​ ကံမဘက်မှာ​တော့​ ရွာလမ်း​တွေလည်း​ အကုန်ပျက်ကုန်တယ်။ အ​သေအ​ပျောက်​တော့​ မရှိဘူး​။ ကျ​နော်တို့​ဘက်က လယ်​တွေယာ​တွေပျက်တာ​တော့​ နည်း​တယ်။ ရွာ​တွေထဲ​ရေဝင်ပြီး​ ရွာလမ်း​တွေဘာ​တွေ​တော့​ ချိုင့်​ခွက်​တွေဖြစ်ပြီး​ ပျက်ကုန်တယ်။ အခု​တော့​ ဖြစ်သလိုပဲ သွား​နေကြတယ်။”

ဆိပ်ဖြူမြို့​နယ်မှာ​တော့​ ​ယော​ချောင်း​ရေကြီး​တာ​ကြောင့်​ ရွာ​ပေါင်း​ ၁၀ ရွာထက်မနည်း​ ​ရေနစ်မြုပ်ခဲ့​သလို လူ​ရောတိရစ္ဆာန်ပါ ​ရေ​မျော​သေဆုံး​တာ ရှိတယ်လို့​ ဆိပ်ဖြူမြို့​ခံတဦး​က ​ပြောပါတယ်။

“အိမ်​တွေတချို့​လည်း​ ​ရေ​နောက်ပါကုန်တယ်။ တချို့​လည်း​ အဲဒီမှာတင် တိုင်တလုံး​စာ နှစ်လုံး​စာ​လောက်ကျန်​နေခဲ့​တယ်။ အိမ်​ခြေ​ပေါင်း​ ၁၀၀၀ ​တော့​ ​ကျော်မယ်။ ​မျောပါတာ​တော့​ ၁၀၀၀ မ​ကျော်ဘူး​။ ​ရေမြုပ်တာ​တော့​ ၁၀၀၀ ​ကျော်တယ်။ တချို့​ရွာ​တွေမှာ​တော့​ တဧက၊​ နှစ်ဧက ကုန်း​မြင့်​လေး​တွေမှာ လွတ်တဲ့​အိမ်​လေး​တွေရှိတယ်။ အဲဒီမှာ စု​နေတယ်။ တချို့​ကျလည်း​ ရွာအပြင်က ကုန်း​လေး​တွေ​ပေါ်မှာ မိုး​ကာထိုး​ပြီး​နေကြတယ်။ ဘာမှ​တော့​လုပ်မရ​သေး​ဘူး​။ တပတ် ​လောက်​တော့​ ကိုယ့်​အိမ်​နေရာကို ပြန်​နေလို့​မရ​သေး​ဘူး​။ ​တောင်ရွာမ ​မြောက်ရွာမဆိုတဲ့​ ​ကျေး​ရွာကဆို နွား​၊​ ကျွဲ၊​ တိရစ္ဆာန်၊​ ဝက် အ​ကောင် ၂၀၀ ​လောက် ပါသွား​တယ်။”

ရေ​ဘေး​ဒုက္ခသည်​ထောင်ချီရှိပြီး​ အစပိုင်း​ ​ဒေသခံ​တွေကို ကူညီတာရှိ​ပေမယ့်​ အခုချိန်မှာ​တော့​ လာ​ရောက်ကူညီတာ မရှိ​တော့​ဘူး​လို့​ မြို့​ခံက ​ပြောပါတယ်။

မြိုင်မြို့​နယ်ထဲမှာ​ရေလွှမ်း​လို့​ လူ ခုနှစ်ဦး​ ​သေဆုံး​ခဲ့​ရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013