ထိုင်းမွတ်စလင်ရာနှင့်ချီပါ စက်လှေတစီးနစ်မြုပ်၊ အနည်းဆုံး ၁၈ ဦးသေဆုံး (ရုပ်သံ)

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မြောက်ဘက်က အယုဒ္ဓယရှေးဟောင်းမြို့မှာ ထိုင်းမွတ်စလင်တွေ လိုက်ပါလာတဲ့ စက်လှေတစီးဟာ စက်တင်ဘာ ၁၈ ရက်နေ့ ည နေပိုင်းက နစ်မြုပ်ခဲ့လို့ အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြု ပြောဆိုပါတယ်။ အဆိုပါစက်လှေပေါ်မှာ ဘာသာရေးခရီးထွက်လာတဲ့ ထိုင်းမွတ်စလင် ၁၅၀ လောက်လိုက်ပါလာကြပြီး အယုဒ္ဓယမြို့ကနေ ဘန်ကောက်မြို့တော် နွမ်သ ဘူရီမြို့ဆီ အပြန်မှာ နစ်မြုပ်ခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ခရီးသည် အနည်းဆုံး ၃၇ ဦးလည်း ဒဏ်ရာရကြပြီး ပျောက်ဆုံးနေသူတွေကို အရေးပေါ်ကယ်ဆယ်ရေးတွေက ဆက်လက်ရှာဖွေနေကြတာပါ။ စက်လှေဟာ ကျောက်ဖရားမြစ်ထဲမှာ သွားရင်း မြစ်ကမ်းကို တိုက်မိကာ နစ်မြုပ်ခဲ့ပြီး သေဆုံး သူတွေထဲမှာ ကလေးတဦးလည်း ပါဝင်တယ်လို့ မြို့တော်အာဏာပိုင်တွေက ပြောဆို ပါတယ်။ ထိုင်းနိုင်ငံအတွင်း ခရီးသွားလာမှု ဘေးကင်းလုံခြုံမှုအဆင့်အတန်းဟာ နိုင်ငံတ ကာအဆင့်အတန်းထက် နိမ့်ကျတဲ့အတွက် ကမ္ဘာလှည့်ခရီးသည်တွေပါ ထိခိုက်သေဆုံးရတဲ့ ခရီးလမ်းမတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိတယ်လို့ သတင်းတွေက ဆိုပါ တယ်။ အခုနှစ်အတွင်း ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား ၃၃ သန်းလောက် စံချိန် တင်လာရောက်ဖို့လည်း ထိုင်းနိုင်ငံက မျှော်မှန်းထားပါတယ်။ လက်ရှိမှာတော့ အသက် ၆၇ နှစ်အရွယ် ဗီယက် ချိုင်ဆီရိ ကာလ်အမည်ရ စက် လှေမောင်းသမားကို မဆင်မခြင်မောင်းနှင်မှု၊ လူသေဆုံးမှုတွေနဲ့အတူ ဖမ်းဆီးထားပြီး စုံ စမ်းစစ်ဆေးမှုတွေ လုပ်နေတာပါ။ အယုဒ္ဓယခရိုင် ရဲဌာန ဒုတိယ ရဲမှူးကြီး နာပိုလ် ကလက်ဒ်ခမ်ဖက်တ်က အဆိုပါ စက်လှေဟာ သတ်မှတ်ခရီးသည် ၅၀ ဦးသာ တင်ဆောင်ခွင့်ရှိပြီး လိုင်စင်သက်တမ်းဟာ လည်း ကုန်ဆုံးနေပြီလို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up