DVB Logo
Home
မြန်မာသတင်း
မုန်တိုင်း​ကြောင့်​ မိုး​ကြီး​ပြီး​ အလယ်ပိုင်း​ဒေသ၌ လူ​သေဆုံး​ကြရဟု မိုး​-ဇလပညာရှင် ​ပြောကြား
DVB
·
October 24, 2011
မုန်တိုင်း​ကြောင့်​ မိုး​ကြီး​ပြီး​ အလယ်ပိုင်း​ဒေသ၌ လူ​သေဆုံး​ကြရဟု မိုး​-ဇလပညာရှင် ​ပြောကြား
Donate to DVB

မြန်မာနိုင်ငံအလယ်ပိုင်း​ဒေသ​တွေမှာ ဖြစ်ပွား​ခဲ့​တဲ့​ မြစ်​ရေကြီး​မှု​တွေဟာ မုန်တိုင်း​ကြောင့်​ လူကိုအန္တရာယ်ဖြစ်​စေတဲ့​ အချက် ၃ ချက်ရှိတဲ့​ထဲ မိုး​ကြီး​ခြင်း​ကြောင့်​ ဖြစ်ရတာလို့​ မိုး​လေဝသပညာရှင် ​ဒေါက်တာဦး​ထွန်း​လွင်က ​ပြောပါတယ်။

မုန်တိုင်း​သတင်း​တွေ ထုတ်ပြန်တဲ့​အခါမှာ ပိုပြီး​ကြိုး​ပမ်း​အား​ထုတ်ပြန်ဖို့​ လိုတယ်လို့​လည်း​ ဦး​ထွန်း​လွင်က ​ပြောကြား​ပါတယ်။

ဦး​ထွန်း​လွင်ကို ဆက်သွယ်​မေး​မြန်း​ချက်

အောက်တိုဘာ ၁၉ ရက်​နေ့​က ဝင်သွား​တဲ့​ 02B မုန်တိုင်း​က ထူး​ထူး​ခြား​ခြား​ ဒီနှစ်မှာမှ မုန်တိုင်း​တိုက်သွား​တဲ့​ အဓိက ဗဟိုချက် ​မောင်​တောတို့​က ဒီ​လောက်မထိဘဲနဲ့​ အလယ်ပိုင်း​ဒေသ​တွေ သွား​ပြီး​ထိတာ ​တွေ့​ရတယ်။ အဲဒါ ဘယ်လိုမိုး​လေဝသဖြစ်စဉ်​ကြောင့်​ ဖြစ်တာလဲ။

“မုန်တိုင်း​တခုမှာ လူကို အန္တရာယ်​ပေး​တာ ၃ မျိုး​ရှိတယ်။ ၃ မျိုး​မှာ သွန်ချသလို မိုး​ရွာတာရယ်၊​ ပြင်း​ထန်တဲ့​ ​လေတိုက်တာရယ်၊​ မုန်တိုင်း​ ပင်လယ်​ရေလှိုင်း​တက်တာရယ်၊​ သုံး​မျိုး​ရှိပါတယ်။ ဒီမုန်တိုင်း​က မုန်တိုင်း​ငယ်ဖြစ်တဲ့​အတွက် ​လေပြင်း​အငယ်လည်း​ မရှိပါဘူး​။ ​နောက် ​ရေတက်တဲ့​ အန္တရာယ်လည်း​ မရှိပါဘူး​။ ဒါ​ပေမယ့်​ ဒီမုန်တိုင်း​မှာ မိုး​ရွာတဲ့​လက္ခဏာ​တော့​ ရှိတယ်။ မိုး​က ၈ လက်မထိ အများ​ဆုံး​ ရွာတဲ့​ဒေသရှိပါတယ်။ ဒီမုန်တိုင်း​ကြောင့်​။ ​နောက်တခါ ရွာတဲ့​ဒေသက ရခိုင်ရိုး​မအ​ရှေ့​ဘက်ကပ်လျက် မ​ကွေး​တိုင်း​။ မ​ကွေး​တိုင်း​ဟာ ​တောင်ကျ​ရေ အလွန်အဖြစ်များ​တဲ့​ ​ဒေသပါ။ နာမည်ကြီး​ပါ။ မ​ကွေး​တိုင်း​မှာ ​ဒေါင်း​သေ​ချောင်း​၊​ ဆင်​သေ​ချောင်း​တွေရှိတယ်။ မ​ကွေး​ရွှေစက်​တော် အဲ့​လို ​တောင်ကျ​ချောင်း​ရေနဲ့​ ​မျောပါသွား​ဖူး​တယ်။ ​ဒေသအခံက မိုး​များ​ရင် အန္တရာယ်ရှိတဲ့​ဒေသဖြစ်တယ်။ ဒီ​ဒေသမှာ ကျ​နော်တို့​ တနှစ်လုံး​မှာ မိုး​ရေချိန်လက်မ ၂၅၊​ ၃၀ ​လောက်ရွာတဲ့​ဒေသမှာ တ​နေ့​တည်း​နဲ့​ မိုး​ရေချိန် ၈ လက်မ ရွာလိုက်တဲ့​အခါ ​တောင်ကြား​ဒေသဆို​တော့​ ​ရေ​တွေဒလ​ဟော စီး​ဆင်း​ပြီး​တော့​ ​သေရတာဖြစ်တဲ့​အတွက် ဒီကိစ္စမှာ​တော့​ မိုး​ကြောင့်​ ​သေတဲ့​ဖြစ်ရပ်ဖြစ်ပါတယ်။ အင်အား​နဲ့​တော့​ သိပ်မဆိုင်ပါဘူး​။ မိုး​ကြောင့်​ပါ။”

မိုး​လေဝသသတင်း​ထုတ်တဲ့​နေရာမှာ မုန်တိုင်း​သတင်း​ဆိုပြီး​တော့​ ကမ်း​ရိုး​တန်း​တွေဖြစ်တဲ့​ ​မောင်​တောတို့​ဘာတို့​ပဲ မဲထုတ်​နေပြီး​တော့​ မထင်မှတ်တဲ့​အရပ်မှာ အခုလိုဖြစ်​တော့​ မိုး​လေဝသသတင်း​ ထုတ်ပြန်တာနဲ့​ပတ်သက်လို့​ ဘယ်လိုများ​ အကြံပြုချင်သလဲ။ ဘယ်လိုများ​ ပြည်သူကို သတိ​ပေး​ချင်လဲ။

“ပွင့်​ပွင့်​လင်း​လင်း​ပြောရင်​တော့​ နည်း​နည်း​ခက်တယ်။ ​ယေဘုယျသ​ဘော​တော့​ ကျ​နော်တို့​လည်း​ ​ပြော​နေတာပဲ။ တနှစ်လုံး​ပြော​နေတာပဲ။ ​မြေပြိုတဲ့​အန္တရာယ်၊​ လျှပ်တပြက် ​ရေကြီး​တဲ့​အန္တရာယ်​တွေ​တော့​ သတိထား​ပါလို့​တော့​ ​ပြော​နေတာပဲ။ ဒါ​ပေမယ့်​လည်း​ ဒီ​ဒေသ၊​ ဒီ​ဒေသဆိုပြီး​တော့​ သတိထား​ပါဆိုပြီး​ ဒီမုန်တိုင်း​မှာ​တော့​ ​ပြော​နေတာပဲ၊​ အဲဒီ​နောက်​တော့​ မ​ပြောမိဘူး​။ သို့​သော်လည်း​ ​နောင်မှာ​တော့​ ဒီထက်ပို​ကောင်း​တဲ့​ ခန့်​မှန်း​ချက်​တွေ ထုတ်နိုင်​အောင်​တော့​ ကျ​နော်တို့​ ဝိုင်း​ကြိုး​စား​ရမှာ​ပေါ့​။ ဒါ​ပေမယ့်​ ဒီ​ဒေသမှာ ဖြစ်တတ်တယ်ဆိုတာ​တော့​ သိတယ်။ ကျ​နော်က ၂၀ ရက်​နေ့​ ​နေ့​လယ်ပိုင်း​မှာ ဒီတိမ်ကြီး​မ​ပျောက်ဘဲနဲ့​ ပြန်​ဝေ့​လာလို့​ ​နောက်ထပ်တခု ကျ​နော်ထုတ်ပါ​သေး​တယ်။ တကယ်တမ်း​ကျ​တော့​ ၂၀ ရက်​နေ့​ မနက် ၂ နာရီကတည်း​က ဖြစ်​နေတာ။ မုန်တိုင်း​က ဝင်တာလည်း​ ည​နေ ၆ နာရီထိုး​ကတည်း​ကဝင်တယ်။ အဲ​တော့​ ရိုး​မကိုဖြတ်တယ်။ ညသန်း​ခေါင်​ကျော်တယ်။ မနက်ကျ​တော့​ လူ​တွေ​သေပြီ။ အကုန်ဖြစ်​နေပြီ​ပေါ့​။ ညဥ့်​နက်သန်း​ခေါင်ဖြစ်တဲ့​ ကိစ္စဆို​တော့​ တကယ်တမ်း​ပြောရရင် ​တော်​တော်ခက်ပါတယ်။ ကြို​ပြောနိုင်မှ ​ကောင်း​မှာ​ပေါ့​။ ကြို​ပြောနိုင်ဖို့​တော့​ ကြိုး​စား​ရမှာ​ပေါ့​ ​နောက်ပိုင်း​မှာ။ ဒီ​ဒေသမှာ ဒီလိုဖြစ်တတ်တယ်ဆိုတာ နှစ်ဦး​နှစ်ဖက်​ပေါ့​။ ​ဒေသခံကလည်း​ နည်း​နည်း​လေး​တော့​ ဒါမျိုး​တွေ သတိရှိ​စေချင်တာ​ပေါ့​။ ကျ​နော်တို့​ဘက်ကလည်း​ ​ပြောနိုင်ရင်​တော့​ ပို​ကောင်း​တာ​ပေါ့​။ ဒီမှာ​တော့​ သိပ်မ​ပြောလိုက်နိုင်ပါဘူး​။”

အောက်တိုဘာ ၂၃ ရက်နဲ့​ ၂၆ ရက်ကြား​မှာ မုန်တိုင်း​နောက်တလုံး​ ဖြစ်နိုင်​သေး​သလား​။`

“​လော​လောဆယ် ​ပြောလို့​မရ​သေး​ဘူး​၊​ ထူး​ခြား​ချက်မရှိ​သေး​ဘူး​။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013