DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံကို အစိုး​ရက ဦး​ဆောင်ကျင်း​ပ​ပေး​ရန် ဇိုမီး​ပါတီ ​တောင်း​ဆို
DVB
·
October 24, 2011
Donate to DVB

တိုင်း​ရင်း​သား​ဒေသမှာ ဖြစ်ပွား​နေတဲ့​ စစ်ပွဲ​တွေ ရပ်တန့်​သွား​ဖို့​ ပင်လုံညီလာခံလို ညီလာခံတရပ်ကို အာဏာရအစိုး​ရက ဦး​စီး​ကျင်း​ပ​ပေး​ဖို့​ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ ဇိုမီး​အမျိုး​သား​ကွန်ဂရက်ပါတီက ​တောင်း​ဆိုလိုက်ပါတယ်။

စစ်ကိုင်း​တိုင်း​ က​လေး​မြို့​မှာ ဒီ​နေ့​ကျင်း​ပတဲ့​ ပါတီရဲ့​ ၂၃ နှစ်ပြည့်​ နှစ်ပတ်လည် အခမ်း​အနား​ ​ကြေညာချက်မှာ အခုလို ​တောင်း​ဆိုလိုက်တဲ့​အ​ကြောင်း​ ပါတီဥက္ကဋ္ဌ ပူကျင့်​ရှင်း​ထန်က ​ပြောပါတယ်။

“ညီလာခံကို အခုထိ ဘာမှမလုပ်​ပေး​သေး​ဘူး​။ အဲဒီလို ​အေး​စက်​အေး​စက် ဖြစ်​နေတာကို ညီလာခံလုပ်​ပေး​ပါ။ အထူး​သဖြင့်​ ပြည်​ထောင်စုမြန်မာနိုင်ငံမှာ ​သေနတ်သံ​တွေ တဒိုင်း​ဒိုင်း​ ကြား​နေရ​သေး​တယ်။ အထူး​သဖြင့်​ လူမျိုး​စု​ဒေသ​တွေမှာ အဲဒီလို ပစ်ခတ်သံ​တွေ ကျန်​နေ​သေး​တဲ့​အတွက်​ကြောင့်​ သူတို့​တွေလည်း​ ပါလာ​အောင် ၂၁ ရာစုပင်လုံညီလာခံကို လုပ်မယ်ဆိုရင်ဖြစ်နိုင်တယ်လို့​ ယုံကြည်တဲ့​အတွက် ဒါကို ​ကြေညာခဲ့​တာပါ။”

ဒါ့​အပြင် မလွတ်​မြောက်​သေး​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေဖြစ်တဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင်​ဟောင်း​တွေဖြစ်တဲ့​ ကိုမင်း​ကိုနိုင်၊​ ကိုကိုကြီး​နဲ့​ ခွန်ထွန်း​ဦး​၊​ စိုင်း​ညွန့်​လွင် စတဲ့​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေနဲ့​ ဇိုမီး​ကွန်ဂရက်ပါတီဝင် ၃ ဦး​ စတဲ့​ အကျဉ်း​သား​တွေကို ချက်ချင်း​လွှတ်​ပေး​ဖို့​ ဇိုမီး​ပါတီက ​တောင်း​ဆိုလိုက်ပါတယ်။

မနှစ်တုန်း​ကလည်း​ ဇိုမီး​အမျိုး​သား​ကွန်ဂရက်ရဲ့​ အလား​တူ နှစ်ပတ်လည် အခမ်း​အနား​က​နေ ဒုတိယပင်လုံညီလာခံ ကျင်း​ပဖို့​ အဆိုပြုတဲ့​ က​လေး​မြို့​ကြေညာစာတမ်း​ထွက်​ပေါ်ခဲ့​ပြီး​ ထင်ရှား​တဲ့​ နိုင်ငံ​ရေး​သမား​တွေက ​ထောက်ခံခဲ့​ကြပါတယ်။

ဒုတိယပင်လုံညီလာခံ ကျင်း​ပ​ရေး​ဟာ အစိုး​ရရဲ့​အာဏာကို ခြိမ်း​ခြောက်ဖို့​ ရည်ရွယ်တာမဟုတ်ဘဲ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​၊​ တိုင်း​ရင်း​သား​ပြဿနာ ​ပြေလည်ဖို့​အတွက် ရည်ရွယ်တာလို့​ ဆိုပါတယ်။

အဲဒီ​နောက် မနှစ်က နိုဝင်ဘာမှာ ဒုတိယပင်လုံညီလာခံ ​ခေါ်ယူကျင်း​ပ​ပေး​ဖို့​ တာဝန်ကို မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ထံကို ဇိုမီး​အမျိုး​သား​ကွန်ဂရက် ဥက္ကဋ္ဌက အခမ်း​အနား​နဲ့​ လွှဲ​ပြောင်း​ပေး​ခဲ့​ပါတယ်။

ဇိုမီး​အမျိုး​သား​ကွန်ဂရက်ပါတီဟာ ၁၉၉၀ ​ရွေး​ကောက်ပွဲတုန်း​က အမတ်​နေရာ ၄ ​နေရာ ဝင်​ရောက်ယှဉ်ပြိုင်ရာမှာ ၂ ​နေရာမှာ အနိုင်ရခဲ့​ပါတယ်။ ပါတီကို နဝတ အစိုး​ရက ၁၉၉၃ ခုနှစ်ကတည်း​က ဖျက်သိမ်း​ကြောင်း​ ​ကြေညာခဲ့​ပေမယ့်​ အခုအချိန်အထိ လူထု​ထောက်ခံမှု ကျဆင်း​မသွား​ဘူး​လို့​ ပူကျင့်​ရှင်း​ထန်က ​ပြောပါတယ်။

ဒီ​နေ့​ အခမ်း​အနား​ကို ပါတီဝင်​တွေနဲ့​ ​ထောက်ခံသူ​တွေ ၃၀၀ ဝန်း​ကျင် တက်​ရောက်တယ်လို့​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013