DVB Logo
Home
မြန်မာသတင်း
ထိုင်း​နိုင်ငံက မြန်မာ​ရေ​ဘေး​ဒုက္ခသည်များ​ကို မြန်မာသံရုံး​ အကူအညီ​ပေး​နေ
DVB
·
October 24, 2011
ထိုင်း​နိုင်ငံက မြန်မာ​ရေ​ဘေး​ဒုက္ခသည်များ​ကို မြန်မာသံရုံး​ အကူအညီ​ပေး​နေ
Donate to DVB

ဘန်​ကောက်အ​ခြေစိုက် ထိုင်း​နိုင်ငံဆိုင်ရာ မြန်မာသံရုံး​က ​ရေ​ဘေး​ဒုက္ခသင့်​ပြီး​ မြန်မာပြည်ပြန်ချင်တဲ့​ မြန်မာ​လေး​ဆယ်ခန့်​ကို စရိတ်ကုန်ကျခံပြီး​ မြန်မာနိုင်ငံကို ပြန်ပို့​ပေး​ခဲ့​ပါတယ်။

ဘန်​ကောက်မြို့​အထက် နွံထဘူရီခရိုင် အစား​အ​သောက် လုပ်ငန်း​စက်ရုံက မြန်မာအလုပ်သမား​ ၄၁ ဦး​ကို မြန်မာပြည်ပြန်နိုင်ဖို့​ မ​နေ့​က သံရုံး​ကို​ခေါ်ယူပြီး​ လိုအပ်တဲ့​ အကူအညီ​တွေကို ​ပေး​ခဲ့​တယ်လို့​ ကိုယ်တိုင်ဆက်သွယ် ​ဆောင်ရွက်​ပေး​ခဲ့​တဲ့​ ထိုင်း​ - မြန်မာအသင်း​ BAT တာဝန်ခံတဦး​က ​ပြောပါတယ်။

“​ရေ​တွေကြီး​နေတာလည်း​ တပတ်​လောက်ရှိပြီ။ ပတိုနမ်း​မှာရှိတဲ့​ မြန်မာ​တွေ ကူညီ​စောင့်​ရှောက်တဲ့​အဖွဲ့​က ​ရေကြီး​တဲ့​သူ​တွေကို ကယ်ထုတ်လာတယ်။ လပ်​ဖောင်း​ အမျိုး​သမီး​ဖောင်​ဒေး​ရှင်း​ ဌာနဝင်း​ထဲမှာ သူတို့​ကို ထား​တယ်။ ကျ​နော်တို့​အဖွဲ့​နဲ့​ မြန်မာသံရုံး​ကို သူတို့​အ​ကြောင်း​ကြား​လာတယ်။ သံရုံး​ကလူ​တွေလည်း​ ​ရောက်​နေတယ်။ သူတို့​အခက်အခဲ​တွေ​မေး​တယ်။ ​နောက်​တော့​ မဲ​ဆောက်ကို ကား​တစီး​စာနဲ့​ သူတို့​ကို မ​နေ့​က ပြန်ပို့​ပေး​လိုက်တယ်။”

ဘန်​ကောက် - မဲ​ဆောက် လမ်း​ခရီး​တ​လျှောက်က စစ်​ဆေး​ရေး​ ဂိတ်​တွေက​နေပြီး​ ဖမ်း​ဆီး​အ​ရေး​ယူတာ​တွေ မလုပ်ဖို့​ကိုလည်း​ သက်ဆိုင်ရာ ထိုင်း​အာဏာပိုင်​တွေရဲ့​စည်း​တံဆိပ် လက်မှတ်​ထောက်ခံစာ​တွေကို မြန်မာသံရုံး​က ထုတ်​ပေး​တယ်လို့​ ဆိုပါတယ်။

ကျသင့်​တဲ့​ ကား​ခနဲ့​စား​စရိတ်​တွေကိုလည်း​ သံရုံး​က အား​လုံး​စီစဉ်​ပေး​ပြီး​ အလုပ်သမား​တဦး​ကို ဘတ်​ငွေ ၂၀၀ ဆီ မြန်မာသံမှူး​ ဦး​နိုင်ထွန်း​ကိုယ်တိုင် ​ပေး​အပ်ခဲ့​ပါတယ်။

မြန်မာသံရုံး​က​နေ ​ရေ​ဘေး​ဒုက္ခသည်​တွေကို ကူညီတာဟာ ပထမဆုံး​အကြိမ် ဖြစ်တယ်လို့​သိရပါတယ်။

ဘန်​ကောက်မှာ ​နေထိုင်တဲ့​ မြန်မာ​စေတနာရှင်​တွေကလည်း​ သံရုံး​က စီစဉ်ပို့​ဆောင်​ပေး​တဲ့​ မြန်မာအလုပ်သမား​တွေအတွက် ဘတ်တ​သောင်း​လေး​ထောင် အကူအညီ​ပေး​လိုက်ပါတယ်။

မြန်မာပြည်ကိုပြန်ချင်တဲ့​ မြန်မာအလုပ်သမား​တွေဟာ ဝပ်လပ်ခင် ဘုန်း​ကြီး​ကျောင်း​ကို လာ​ရောက်ဆက်သွယ်နိုင်တယ်လို့​မြန်မာသံရုံး​က မြန်မာအလုပ်သမား​ ကူညီ​ရေး​အဖွဲ့​တွေကတဆင့်​ ​ကြေညာထား​ပါတယ်။

ထိုင်း​အစိုး​ရအလုပ်သမား​ ဝန်ကြီး​ဌာနကလည်း​ မြန်မာသံရုံး​၊​ မြန်မာ အလုပ်သမား​ ကူညီ​ရေး​အဖွဲ့​တွေနဲ့​ ညှိနှိုင်း​ပြီး​ မြန်မာ​ရေ​ဘေး​သင့်​ အလုပ်သမား​များ​အတွက် ဝပ်လပ်ခင်ဘုန်း​ကြီး​ကျောင်း​မှာ ယာယီခိုလှုံ​ရေး​စခန်း​ကို ဖွင့်​လှစ်ထား​ကြောင်း​ ဘန်​ကောက်အ​ခြေစိုက် HRDF ​ခေါ် လူ့​အခွင့်​အ​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ဖောင်​ဒေး​ရှင်း​က တာဝန်ခံ ဦး​စိန်​ဌေး​က ​ပြောပါတယ်။

“​လော​လောဆယ် အ​ယောက် ၅၀၀ ​ယောက် ​လောက်ရှိ​နေပြီ။ ​နောက်ထပ်လည်း​ အလုပ်သမား​တွေကို သီး​သန့်​ လက်ခံနိုင်ဖို့​အတွက် ထပ်ပြီး​တိုး​ချဲ့​ ဖွင့်​လှစ်နိုင်ဖို့​ ​ဆွေး​နွေး​နေကြတယ်။”

ဘန်​ကောက်မြို့​အ​ရှေ့​နဲ့​ အ​နောက်ဘက်အခြမ်း​က​နေ ​ရေလမ်း​လွှဲ​ပေး​နေ​ပေမယ့်​ ဘန်​ကောက်မြို့​ ​မြောက်ပိုင်း​ ရပ်ကွက်ဇုန်​တွေမှာ ​ရေလွှမ်း​မိုး​မှုကို မရပ်တန့်​နိုင်​သေး​တဲ့​အ​ကြောင်း​ ​နောက်ထပ် တလခွဲခန့်​ ဘန်​ကောက်မှာ ​ရေဆက်လက်လွှမ်း​နေမယ်လို့​ ထိုင်း​အစိုး​ရ ဒီက​နေ့​ ထုတ်ပြန်ထား​ပါတယ်။

ဒီက​နေ့​ ထုတ်ပြန်ချက်အရ ​ရေ​ဘေး​ကြောင့်​ လူ ၃၅၀ ​ကျော် ​သေဆုံး​ခဲ့​ရပြီလို့​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013