DVB Logo
Home
မြန်မာသတင်း
ရှမ်းနီပြည်နယ်ရရှိရေး ဟုမ္မလင်းမြို့တွင် သောင်းနှင့်ချီ ဆန္ဒပြ
DVB
·
September 18, 2016
ရှမ်းနီပြည်နယ်ရရှိရေး ဟုမ္မလင်းမြို့တွင် သောင်းနှင့်ချီ ဆန္ဒပြ
1 / 9
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ ရှမ်းနီပြည်နယ်ရရှိရေးအတွက် ဒီနေ့ မနက်ပိုင်းက လူ သောင်းနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

ရှမ်းနီပြည်နယ်ရရှိရေးအတွက် ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး အကျိုးဆောင်အဖွဲ့က ဦးဆောင်ကာ ဟုမ္မလင်းမြို့မှာ ဟုမ္မလင်း၊ ဖားကန့်၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမောက်စတဲ့ ဒေသတွေက ရှမ်းနီလူမျိုးစု သောင်းကျော်စုပေါင်းကာ ဒီနေ့  မနက် ၉ နာရီမှစတင်ပြီး ညနေ ၃ နာရီထိ မြို့မအားကစားကွင်းမှစတင်ကာ မြို့တပတ် လှည့်လည်ဆန္ဒပြနေကြတာပါ။

ဆန္ဒဖော်ထုတ်ရာမှာ ရှမ်းနီပြည်နယ် သတ်မှတ်ပေးရေး၊ ရှမ်းနီပြည်နယ်ရရှိရေး၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာရေး စတဲ့ကြွေးကြော်သံတွေနဲ့ စီတန်းလှည့်လည် ဆန္ဒပြနေကြပါ တယ်။

ရှမ်းနီပြည်နယ်တောင်းတာက တတိယအကြိမ်ဖြစ်ပြီး စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်တာက ပထမအကြိမ်ဖြစ်တယ်လို့ ရှမ်းနီလူငယ်များအဖွဲ့ချုပ် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ကိုစိုင်းသန်းလင်းက ဒီဗွီဘီကိုပြောပါတယ်။

ဓာတ်ပုံ - အောင်ကိုလတ်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013