A d v e r t i s e m e n t With Us

အစိုး​ရတပ်က ဒီ​ကေဘီ​အေကို ထိုး​စစ်ဆင်

ကရင်ပြည်နယ် ​ကော့​ကရိတ်မြို့​နယ်​ခြေစိုက် အစိုး​ရတပ် ခမရ ၃၅၇ တပ်က ​ကော့​ကရိတ်မြို့​နယ် သဒ္ဒါကုန်း​ အနီး​မှာရှိတဲ့​ ဒီ​ကေဘီ​အေ ကလိုထူး​ဝါး​တပ်ကို သွား​ရောက်ထိုး​စစ်ဆင်တဲ့​အတွက် မ​နေ့​ ​နေ့​ခင်း​ပိုင်း​က တိုက်ပွဲဖြစ်ပွား​ခဲ့​ပါတယ်။ နာရီဝက်​လောက် တိုက်ပွဲဖြစ်ပွား​ခဲ့​ပြီး​ နှစ်ဖက်ထိခိုက်​သေဆုံး​မှု အတိအကျ မသိရ​သေး​ဘူး​လို့​ ဒီ​ကေဘီ​အေ ကလိုထူး​ဝါး​တပ်ကဗိုလ်ကြီး​ ​စောသရီး​တူး​က ​ပြောပါတယ်။ “သဒ္ဒါကုန်း​အ​ပေါ်က ဗိုလ်​ကျော်သက်အဖွဲ့​က​နေ အ​ခြေပြုတဲ့​ ​နေရာမှာ ခမရ ၃၅၇ က လာကင်း​လှည့်​တဲ့​အချိန်မှာ ကျ​နော်တို့​နဲ့​ပစ်ခတ်မှုဖြစ်တယ်။ နအဖဘက် ထိခိုက်မှု​တော့​ စုံစမ်း​ဆဲပဲ။ ကျ​နော်တို့​ဘက်မှာ​တော့​ ထိခိုက်မှုမရှိဘူး​။ တိုက်ပွဲက ၂၅ မိနစ်​လောက်ကြာတယ်။” အောက်တိုဘာလ ၂၁ ရက်​နေ့​ ညပိုင်း​ကလည်း​ မြဝတီမြို့​နယ် ​တောင်နီနဲ့​ သုံး​အိမ်း​စုရွာကြား​မှာလည်း​ တိုက်ခိုက်မှု တခုဖြစ်ပွား​ခဲ့​ပါတယ်။ ကရင်ပူး​ပေါင်း​တပ်ဖွဲ့​တွေက သူတို့​နယ်​မြေအတွင်း​လှုပ်ရှား​လာတဲ့​ အစိုး​ရတပ် ခမရ ၂၀၅ တပ်ရင်း​ကို ဆွဲမိုင်း​နဲ့​တိုက်ခိုက်ခဲ့​တဲ့​အတွက် အစိုး​ရတပ်က ၁၁ ဦး​ကျဆုံး​ပြီး​ ၄ ဦး​ဒဏ်ရာရ ရှိခဲ့​တယ်လို့​လည်း​ ဗိုလ်ကြီး​စောသရီး​တူး​က ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up