အွန်လိုင်းလက်နက်မှောင်ခိုရောင်းဝယ်မှု ထိုင်းရဲ ဝင်ရောက်ဖမ်းဆီး
DVB
·
September 18, 2016
ထိုင်းနိုင်ငံတ၀ှမ်းအတွင်း စွမ်းအားမြင့်စစ်လက်နက်တွေနဲ့ တိုက်ခိုက်ရေးကိရိယာတွေ အပါအဝင် လက်နက်တွေ အွန်လိုင်းမှာ အကြီးအကျယ် ရောင်းဝယ်ဖောက်ကားနေတာကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
ရာဇဝတ်မှုနှိမ်နင်းရေးဌာန၊ စီအိုင်ဘီနဲ့ နည်းပညာ ရာဇဝတ်မှုနှိမ်နင်းရေးဌာနက ရဲအရာရှိတွေ ပါဝင်တဲ့ ဒီဝင်ရောက်ဖမ်းဆီးမှုကို ယခုအပတ်စနေနေ့ မနက်အစောပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသအတော်များများမှာရှိတဲ့ ၇၆ နေရာက သံသယရှိသူ ၂၀ ကို ဖမ်းဆီးမိပြီး လက်နက် ၁၄၁ လက်ကို သိမ်းဆည်းခဲ့တာပါ။
လိုင်စင်ရှိလက်နက် ၃၂ လက်နဲ့ လိုင်စင်မဲ့လက်နက် ၁၀၉ လက်ကို ဖမ်းမိပြီး အဲ့ဒီ ဖမ်းမိတဲ့လက်နက်တွေထဲမှာ အေကေ-၄၇ အမျိုးအစား ၄ လက်၊ အိတ်ခ်ျကေ-၃၃ အမျိုးအစား ၁ လက်၊ အမ်မ်-၁၆ ရိုင်ဖယ် ၅ လက်တွေနဲ့ ကျည်ဆန်အတောင့် ၂၀၀၀ လည်း ပါဝင်တယ်လို့ လက်ထောက်ရဲချုပ် စွမ်မိုင်က ပြောခဲ့ပါတယ်။
ဆယ်ကျော်သက်ကျောင်းသားတွေက လူမှုကွန်ရက်ကတဆင့် လက်နက်တွေဝယ်ခဲ့ပြီး ရာဇဝတ်မှုကျူးလွန်ပြီးတဲ့နောက် ဒီလိုရှောင်တခင်ဝင်ရောက်စီးနင်မှုတွေကို လုပ်ဆောင်ခဲ့တာ လို့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုက လက်ထောက်ရဲချုပ် စွမ်မိုင်ကွန်ဝီစိုင်စက်က်က ပြောခဲ့တာပါ။
“အွန်လိုင်းလက်နက်မှောင်ခိုရောင်းဝယ်မှု” ဝင်ရောက်ဖမ်းဆီးမှုလုပ်ငန်းကနေ ဝယ်သူတွေက ငွေလွှဲပြီးတာနဲ့ လက်နက်တွေကို စာတိုက်ကနေပို့ဆောင်တာ တွေ့ရတယ်လို့ပြောခဲ့ပြီး၊ ၁၆၄ ဦးကျော်တဲ့ လူအရေအတွက်ဟာ ဒီလက်နက်တရားမဝင် ရောင်းဝယ်ဖောက်ကားမှုထဲမှာ ချိတ်ဆက်မှုရှိနေတာလည်း တွေ့ရတယ်လို့ လက်ထောက်ရဲချုပ်ရဲ့ပြောကြားမှုအရ သိရပါ တယ်။
ဒီဖမ်းဆီးမှုကနေ တရားမဝင်လက်နက်ရောင်းဝယ်ဖောက်ကားမှု နောက်ကွယ်က ကွန်ရက်တွေကိုလည်း ဖော်ထုတ်နိုင်ခဲ့ပြီး ရဲတွေဟာသူတို့ရဲ စုံစမ်းစစ်ဆေးမှုတွေကို ပိုမိုတိုးချဲ့လုပ်ဆောင်နေကြတယ်လို့လည်း လက်ထောက်ရဲချုပ်က ဖြည့်စွက်ပြောခဲ့ပါတယ်။