ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် နှစ်စဉ်ကျင်းပသည့် ဘီယာပွဲတော် (ရုပ်သံ)
DVB
·
September 18, 2016
ဂျာမနီနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာ့အကြီးဆုံး ဘီယာပွဲတော်ကို စနေနေ့က မြူးနစ်မြို့မှာ စတင်ကျင်းပခဲ့ပါတယ်။
အခုနှစ်ဘီယာပွဲတော်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနိုင်တဲ့အတွက် ခါတိုင်းနှစ်တွေနဲ့ မတူပဲ အာဏာပိုင်တွေ လုံခြုံရေးကို အထူးတင်းကျပ် ထားပါတယ်။
ဘီယာပွဲတော်ကို လာရောက်သူတွေအားလုံး အခုနှစ်မှာ ပထမဆုံးအကြိမ် လုံခြုံရေးစစ်ဆေးမှု ခံယူရမှာဖြစ်ပြီး ကျောပိုးအိတ်တွေ၊ ကြီးမားတဲ့အိတ်တွေကို ဒီပွဲတော်ကို ယူလာခွင့် ပိတ်ပင်ထားပါတယ်။
လာမယ့်လ ၃ ရက်နေ့အထိ ၁၇ ရက်ကြာ ကျင်းပမှာဖြစ်ပြီး လာရောက်သူ ၆ သန်းလောက်ရှိ မယ်လို့ ပွဲတော်စီစဉ်သူတွေက ခန့်မှန်းထားပါတယ်။
အခုနှစ် နွေရာသီမှာ ဂျာမနီနိုင်ငံတောင်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တဲ့အတွက် အခုနှစ် ဘီယာပွဲတော်ကို လုံခြုံရေးကို အထူးတင်းကျပ်ရတာလို့ မြူနစ်မြို့အာဏာပိုင်တွေက ပြောဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်အင်အားကိုလည်း ခါတိုင်းနဲ့မတူဘဲ ပိုမိုချထားပြီး ဘီယာပွဲတော်ထဲမှာ လုံခြုံရေး တပ်ဖွဲ့ဝင် ၄၅၀ နဲ့ လုံခြုံရေးကမ်မရာ ၂၉ လုံးတပ်ဆင် စောင့်ကြည့်သွားမယ်လို့လည်း ပွဲတော်ကျင်းပရေးအာဏာပိုင်တွေကပြောဆိုပါတယ်။