နယူးယောက်ခ်တွင် ပေါက်ကွဲမှုဖြစ်၊ လူ ၂၅ ဦး ဒဏ်ရာရ (ရုပ်သံ)
DVB
·
September 18, 2016
နယူးယောက်ခ်မြို့ ပေါက်ကွဲမှုဖြစ်တဲ့နေရာတွင် ရဲတွေနဲ့ မီးသတ်သမားများ ရောက်ရှိနေကြပြီး လူ ၂၅ ဦး အသေးစားဒဏ်ရာတွေ ရရှိတယ်လို့ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
ပြောရေးဆိုခွင့်ရှိသူ ရဲ ဂျေပီတာဒေါ်နယ်လ် သူ့ရဲ့တွီတာမှာ ပြောကြားထားတာကတော့ ဗုံးပေါက်ကွဲမှုဟာ မက်ဟန်တမ်ရဲ့ ချယ်လ်စီယာရပ်ကွက် အနောက် ၂၃ လမ်းပေါ်မှာ စနေနေ့ ည ၈ နာရီခွဲလောက်က ပေါက်ကွဲတာလို့ ရေးသားထားပါတယ်။
ဒေါ်နယ်လ်ပြောထားချက်အရတော့ လူတော်တော်များ ဒဏ်ရာတွေရပြီး ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။ မီးသတ်ဌာနကတော့ အသက်အန္တရာယ် ရှိလာက်အောင် ဘယ်သူမှ ဒဏ်ရာမရရှိဘူးလို့ တွီတာမှာပြောကြားထားတာပါ။
ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
စားသောက်ဆိုင်တွေအများကြီးရှိနေတဲ့ အဓိကလမ်းမကြီးလည်းဖြစ်တဲ့ ဗုံးပေါက်ကွဲရာ နေရာနားမှာ အရေးပေါ်ကယ်ဆယ်ရေးယာဉ်တွေလည်း အများကြီးရှိနေပါတယ်။
မျက်မြင်သက်သေတွေပြောချက်အရ အက်ဖ်ဘီအိုင်နဲ့ ဒေသခံရဲအရာရှိတွေလည်း ဗုံးပေါက်ကွဲတဲ့နေရာမှာ ရှိနေတယ်လို့ သိရပါတယ်။
မရိန်းတပ်သားတွေနဲ့ သင်္ဘောသားတွေ ရံပုံငွေပွဲအတွက် ၅ ကီလိုမီတာ ပြေးပွဲမှာ လူထောင်ပေါင်းများစွာ ဝင်ပြိုင်ကြတဲ့ ပြိုင်ပွဲမတိုင်ခင်လေးတင် နယူးဂျာဆီ ပင်လယ်ကမ်းခြေ ပန်းခြံအတွင်း လက်လုံးဗုံး ပေါက်ကွဲခဲ့ပြီး နာရီအတော်ကြာပြီးနောက် ဒီပေါက်ကွဲမှု သတင်းတွေ တက်လာတာပါ။