ဘာစီလိုနာအသင်း လက်ဂင်စ်အသင်းကို ဂိုးပြတ်ဖြင့်အနိုင်ရ

2.1K
စနေနေ့ညက စပိန်လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာက လက်ဂင်စ်အသင်းကို ၅ ဂိုး ၁ ဂိုး နဲ့အနိုင်ရသွားပါတယ်။
ဘာစီလိုနာအတွက် အနိုင်ဂိုးတွေကို မက်ဆီက ၂ ဂိုး၊ ဆွာရက်၊ နေမာနဲ့ ရာဖင်ဟာတို့က ၁ ဂိုးစီ အသီးသီး သွင်းယူပေးခဲ့တာပါ။
ဘာကာဟာ ပြီးခဲတဲ့အပတ်က တန်းတက်အသင်း အာဗက်စ်ကို ရှုံးနိမ့်ခဲ့ပါတယ်။
ဒီပွဲမှာ တန်းတက်အသင်း လက်ဂင်စ်ကို ဘာကာက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပါတယ်။
လက်င်စ်အသင်းက ဘာကာဘက်ကို တချက်ချက်မှာ ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။
ဒီပွဲနိုင်လို့ ဘာစီလိုနာက ၉ မှတ်နဲ့ စပိန်လာာလီဂါ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။