A d v e r t i s e m e n t With Us

ထောင်တွင်း​လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု လူ့​အခွင့်​အ​ရေး​ကော်မရှင်ကို တင်မည်

အကျဉ်း​ထောင်​တွေထဲမှာ ​ထောင်အာဏာပိုင်​တွေကိုယ်တိုင် ကျူး​လွန်​နေတဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေ ရပ်တန့်​သွား​စေဖို့​အတွက် မြန်မာနိုင်ငံလူ့​အခွင့်​အ​ရေး​ ​ကော်မရှင်ထံမှာ မကြာခင် တင်ပြတိုင်တန်း​မယ်လို့​ ​မြောင်း​မြ​ထောင်က ပြန်လွတ်လာတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ဦး​အောင်သန်း​ထွန်း​က ​ပြောပါတယ်။ တင်ပြမယ့်​အ​ကြောင်း​အရာက​ လွန်ခဲ့​တဲ့​ စက်တင်ဘာလကုန်ပိုင်း​မှာ ဒု-​ထောင်ပိုင်က နိုင်ငံ​ရေး​အကျဉ်း​သား​ ကိုစိုး​သီဟရဲ့​ခေါင်း​ကို နံပါတ်တုတ်နဲ့​ ရိုက်တဲ့​ကိစ္စနဲ့​ ​ထောင်ပိုင်ကြီး​က အကျဉ်း​သား​တဦး​ကို ဖိနပ်နဲ့​ ပါး​ရိုက်တဲ့​ကိစ္စ​တွေ ပါဝင်မယ်လို့​ ဒီလ ၁၂ ရက်​နေ့​က ပြန်လွတ်လာတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် သင်္ဃန်း​ကျွန်း​မြို့​နယ် စည်း​ရုံး​ရေး​ကော်မတီဝင် ဦး​အောင်သန်း​ထွန်း​က ​ပြောပါတယ်။ ထောင်ဒဏ်တသက်တကျွန်း​ကျ​နေသူ ​ကျောင်း​သား​တပ်မ​တော်က ကိုစိုး​သီဟက ကွမ်း​ယာ၊​ ​ဆေး​လိပ်နဲ့​ပတ်သက်တဲ့​ ​ထောင်စည်း​ကမ်း​ကို ​ထောင်အာဏာပိုင်​တွေ ကိုယ်တိုင်က မလိုက်နာတဲ့​အ​ပေါ် ​မေး​မြန်း​ခဲ့​လို့​ ဒု-​ထောင်ပိုင် ရဲမင်း​အောင်၊​ ​ထောင်မှူး​ဝင်း​နိုင်နဲ့​ တပ်ကြပ်ကြီး​ ထွန်း​ထွန်း​တို့​က ဝိုင်း​ရိုက်ကြလို့​ ​ခေါင်း​ကွဲသွား​တယ်လို့​ ​ပြောပါတယ်။ ထောင်ပိုင်က ​ခေါင်း​ကို ချုပ်​ပေး​မယ်လို့​ ​ပြောတဲ့​အခါ ကိုစိုး​သီဟက ​ခေါင်း​အချုပ်မခံဘဲ အ​သေခံသွား​မယ်ဆိုပြီး​ တင်း​ခံ​နေလို့​ အခန်း​တခန်း​ထဲမှာ ပိတ်ထည့်​ထား​တယ်လို့​ ​ပြောပါတယ်။ ရိုး​ရိုး​အကျဉ်း​သား​တွေဟာ အပြင်မှာ ပင်ပန်း​ကြီး​စွာ အလုပ်လုပ်ကြရပြီး​ ပြန်လာရင် ​ထောင်တာဝန်ရှိသူက မထင်ရင် မထင်သလို ရိုက်နှက်​နေတယ်လို့​လည်း​ ​ပြောပါတယ်။ ဒီလို အကျဉ်း​သား​တွေကို ကိုယ်ထိလက်​ရောက်ကျူး​လွန်မှုဟာ ​ထောင်ပိုင်ကြီး​ ဦး​တင်ဝင်း​ကိုယ်တိုင် ကျူး​လွန်​နေတယ်လို့​ ဦး​အောင်သန်း​ထွန်း​က ​ပြောပါတယ်။ “​ထောင်ပိုင်ကြီး​ ဦး​တင်ဝင်း​ဆိုရင် ထောက်ပံ့ရေးမှာကိုင်တဲ့​ အကျဉ်း​သား​ကို စာရင်း​မလုပ်ထား​လို့​ဆိုပြီး​ ဖိနပ်ချွတ်ပြီး​ပါး​ရိုက်တယ်။ ဒါကမလုပ်သင့်​တဲ့​အရာ​တွေ။ အခုဟာက အကျဉ်း​သား​တွေက ရပိုင်ခွင့်​ဆိုတာ မရှိ​တော့​ဘူး​ဗျ။” ဦး​အောင်သန်း​ထွန်း​ဟာ ၂၀၀၈ ခုနှစ် မတ်လ ၃ဝရက်​နေ့​က ​ဖောက်ခွဲ​ရေး​ ပုဒ်မနဲ့ ​ထောင် ၅ နှစ် ကျခံခဲ့​ရပါတယ်။ ၃ နှစ်နဲ့​ ၇ လ ​နေခဲ့​ရပြီး​ သူဟာ ဒီပြစ်မှုကို မကျူး​လွန်ခဲ့​သလို သက်​သေ​တွေလည်း​ မခိုင်ဘဲ ​ထောင်ကျခဲ့​ရတာလို့​ ဆိုပါတယ်။ အစိုး​ရက ​ကောင်း​မွန်တဲ့​အစိုး​ရအဖြစ်​ကြွေး​ကြော်​နေသလို ​ထောင်ထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို တိုက်ပိတ်တာ၊​ စိတ်ပိုင်း​၊​ ရုပ်ပိုင်း​ နှိပ်စက်တာ​တွေကို ရပ်တန့်​သင့်​ပြီလို့​လည်း​ ​ပြောပါတယ်။ လူ့​အခွင့်​အ​ရေး​ကော်မရှင်ကို သွား​ရောက်တိုင်တန်း​မယ်ဆိုတာလည်း​ အ​ရေး​ယူဖို့​ထက် ​နောက်​နောင်မဖြစ်​အောင် ရည်ရွယ်တယ်လို့​ ဦ​အောင်သန်း​ထွန်း​က ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up