DVB Logo
Home
မြန်မာသတင်း
ကဗျာဆရာ ကြည်မောင်သန်း ကွယ်လွန်
DVB
·
October 23, 2011
Donate to DVB

တော်ဘုရားလေးစာပေဆု၊ သခင်ကိုယ်တော်မှိုင်း တသက်တာစာပေဆု အပါအ၀င် ထင်ရှားတဲ့ နိုင်ငံရေးကဗျာတွေကိုေ၇းဖွဲ့ပြီး ဆုပေါင်းများစွာ ရရှိခဲ့တဲ့ ကဗျာဆရာ ကြည်မောင်သန်းဟာ အောက်တိုဘာလ ၂၂ ရက်နေ့ညက ကျောက်ကပ်ရောဂါနဲ့ အသက် ၄၉ နှစ်မှာ လူ့ဘ၀ကို စွန့်ခွာသွားခဲ့ပါပြီ။

ဆရာကြည်မောင်သန်းဟာ ၁၉၈၉ ခုနှစ်ထုတ် ရနံ့သစ်မဂ္ဂဇင်းမှာ ဖော်ပြခြင်းခံခဲ့ရတဲ့ အသည်းခွဲပြီးနောက် သတင်းစကား ကဗျာနဲ့ နာမည်ရလာခဲ့ပါတယ်။ ဒါ့အပြင် ဖြောင့်ချက်၊ ပေါင်ချိန်ကြစို့၊ အဖြစ်၊ ကြံမိကြံရာ၊ ညီမလေး စတဲ့ ကဗျာတွေဟာ ထင်ရှားခဲ့ပြီး မန္တလေး ထန်းရိပ်ညို စာပေဆုရရှိခဲ့တဲ့ “လက်”၊ ပြင်ဦးလွင်မှ လူငယ်များပေးတဲ့ဆုကိုတော့ “အနေအထိုင်မတတ်မှုများ” ကဗျာ၊ “ပျဉ်းမနားအလယ်ရိုးမ” ခေတ်ပေါ်ကဗျာဆု၊ ရွှေအမြုတေစာပေဆုရရှိခဲ့တဲ့ “အာရှတိုက်ရဲ့တနေရာ”၊ ရွှေဘိုမြို့ ပန်းကဗျာ ခေတ်ပေါ်ကဗျာဆုရတဲ့ “ငါလဲတနေ့”၊ တော်ဘုရားလေးစာပေဆု၊ သခင်ကိုယ်တော်မှိုင်း တသက်တာစာပေဆုနဲ့ စင်္ကာပူတွေ ချီးမြှင့်ခံခဲ့ရတဲ့ ကဗျာ ၁၀၀ စာအုပ် စတာတွေကိုလည်း ရေးဖွဲ့ခဲ့ပါတယ်။

ကဗျာဆရာကြည်မောင်သန်းဟာ စာပေစိစစ်ရေးရဲ့ ပိတ်ပင်မှုတွေ ခံရလို့  လှသန်း၊ နိမိတ်ထွန်းသန်း၊ စံသိုက်၊ လိပ်ပြာသန့်သန့်၊ ရန်မခ၊  မောင်သီးသန့်၊ ကြည်မောင်သန်း စတဲ့ကလောင်နာမည်တွေနဲ့ ရေးဖွဲ့ခဲ့တဲ့ ကဗျာတွေ ၂၀၀ လောက်ရှိခဲ့တယ်လို့ မိတ်ဆွေကဗျာဆရာ ၀င်းဇော်လွင်က ပြောပါတယ်။

ဆရာကြည်မောင်သန်းဟာ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးမှုနဲ့ ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရပြီး ထောင်တွင်းမှာရော ထောင်ကထွက်လာပြီး နောက်ပိုင်းရော ကဗျာကိုပဲ တစိုက်တမတ်မတ် ရေးခဲ့ပါတယ်။

မနက်ဖြန် အောက်တိုဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီမှာ ရေဝေးသုသန်မှာ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်အထိ အိမ်နံပါတ် ၃၆၊ ရုံးကြီးလမ်း၊ အိုးဘိုရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်မှာ မိသားစုနဲ့အတူ နေထိုင်ခဲ့ပါတယ်။ ကွယ်လွန်ချိန် ဇနီးနှင့် မွေးစားသားတဦး ကျန်ရစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013