အမေရိကန်အထက်တန်းကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ (ဓာတ်ပုံ)
DVB
·
September 16, 2016
အမေရိကန်ပြည်ထောင်စုမှာ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါရှင်တန်ဒီစီမြို့က Theodore Roosevelt အထက်တန်း ကျောင်းကို သွားရောက်လေ့လာပြီး ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ကျောင်းသားလူငယ်တွေဟာ ပညာရေး၊ အားကစားနဲ့ နေအိမ်ကျယ်ချုပ်ကာလက ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေအကြောင်း စိတ်ဝင်တစား အပြန်အလှန် aဆွးနွေးပြော ဆိုခဲ့ကြပါတယ်။ ဒါ့အပြင် အမေရိကန် ကျောင်းသူ၊ကျောင်းသားတွေက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို အမှတ်တရ ပန်ချီကားတချပ်လက်ဆောင်ပေးအပ်ခဲ့ပါတယ်။