Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာအလုပ်သမားတဦး အထပ်မြင့်အဆောက်အဦပေါ်မှ ပြုတ်ကျသေဆုံး
DVB
·
September 16, 2016
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၊ ပထုံကမ်းခြေမှာ စက်တင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းက မြန်မာအလုပ်သမားတဦး ဆောက်လက်စ အဆောက်အဦတလုံးပေါ်မှ ပြုတ်ကျ သေဆုံးခဲ့တယ်လို့ ဖူးခက်ဂေဇက်သတင်းမှာ ဖော်ပြပါတယ်။ သူဟာ အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်းမှ အလုပ်သမားတဦးဖြစ်ပြီး သူ့ရဲ့အလောင်းကို မနက် ၁၀ နာရီခွဲလောက်မှာ လုပ်ဖော်ကိုင်ဘက်တွေက တွေ့ရှိခဲ့ကြတာပါ။ သေဆုံးသူ အသက် ၅၆ နှစ်အရွယ် မြန်မာအလုပ်သမား ဦးထီးဟာ ဆွိုင်ပီဆစ်ခ် ခိုရာနီး-၁၅ အရပ်မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ အလုပ်လုပ်နေတာဖြစ်ပြီး အခင်းဖြစ်တဲ့နေရာမှာ မျက်နှာမှောက်လျက်သား အနေအထားနဲ့ သွေးအိုင်ထဲမှာ တွေ့ခဲ့ရတယ်လို့  ပထုံခရိုင်ရဲချုပ် တီရာဆက်ခ် ဘွန်ဆမ်က ပြောပါတယ်။ “သူဟာ သစ်ငြမ်းဆင်တဲ့ လုပ်ငန်းခွင်မှာ လုပ်နေတာပါ။ ၄ လွှာ အမြင့်က နံရံကို ပလာစတာကိုင်ရင်း ကိုယ်အရှိန်မထိန်းနိုင်ဘဲ ပြုတ်ကျခဲ့တာပါ။ မြေကြီးပေါ်ပြုတ်ကျချိန်မှာ ခေါင်းနဲ့ရိုက်မိပြီး ဒဏ်ရာတွေရခဲ့လို့ သေသွားခဲ့တာပါ။ ဒါပေမယ့် ဒါကို ကျနော်တို့ အတည်ပြုနိုင်ဖို့ ဆက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်သွားမှာပါ။” လက်ရှိမှာတော့ အလောင်းကို ပထုံဆေးရုံဆီ ပို့ဆောင်ထားပြီး ဆေးစစ်ချက်ယူ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024