ဆေးဆိုင်တွင်းဝင်သည့် ဓားပြကို ၀န်ထမ်းက ဖုန်စုပ်စက်ဖြင့် တုံ့ပြန်တိုက်ခိုက် (ရုပ်သံ)

အင်္ဂလန်နိုင်ငံ၊ ဒါဘီမြို့မှ ဆေးဆိုင်တဆိုင်ထဲ ၀င်ရောက်ခဲ့တဲ့ ဓားပြတဦးကို ဆိုင်ဝန်ထမ်းက ဖုန်စုပ်စက်နဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဖမ်းယူရရှိခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အခုလအစောပိုင်း စက်တင်ဘာ ၂ ရက်နေ့မှာဖြစ်ခဲ့တာလို့ ဗြိတိန်အခြေစိုက် တယ်လီဂရပ်ဖ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဆိုပါဓားပြဟာ ညပိုင်း ၁၁း၂၀ နာရီဝန်းကျင် ၀န်ထမ်းတွေ ရောင်းရငွေသိမ်းချိန်လောက်မှာ ဆိုင်အတွင်းကို ၀င်ရောက်လာခဲ့တာပါ။ သူဟာ ဘေ့စ်ဘောကစားတဲ့ တုတ်ချောင်းတချောင်းကို ကိုင်ထားပြီး ဝှေ့ယမ်းကာ ငွေသိမ်းကောင်တာကို ဖျက်ဆီးပြီး ၀န်ထမ်းကို ခြိမ်းခြောက်ခဲ့တာပါ။ ဒါပေမယ့် ၀န်ထမ်းဖြစ်တဲ့ ရာဖိခ် ရှောင်ဒရီဟာ အဲဒီအချိန်မှာ ဆိုင်တွင်း သန့်ရှင်းရေးလုပ်နေချိန်မို့ လက်ထဲမှာရှိနေတဲ့ ဖုန်စုပ်စက်ကို ကိုင်ပြီး ပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက် ဘာမှယူမသွားနိုင်ဘဲ ထွက်ပြေးသွားခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ရာဖိခ်က ခုချိန်မှာတော့ ရယ်စရာအဖြစ် ပြန်ပြောပြနိုင်ပေမယ့် ဒါဟာ သူ့အတွက် ထိတ်လန့်ဖို့ ကောင်းတယ်လို့ ဆိုပါတယ်။ ဆေးဆိုင်မန်နေဂျာ ဟာရွန် ရှာဖိခ်ကတော့ ဒီဆိုင်ကို ဖွင့်ခဲ့ချိန်ကစလို့ ၁၂ နှစ်တာကာလအတွင်းမှာ ခုလို တခါမှ မဖြစ်ဖူးဘူးလို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up