DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်မြို့ အတွင်းပိုင်း ရေလွှမ်းမိုးတော့မည်ဟု ထိုင်းအစိုးရက သတိပေး
DVB
·
October 21, 2011
ဘန်ကောက်မြို့ အတွင်းပိုင်း ရေလွှမ်းမိုးတော့မည်ဟု ထိုင်းအစိုးရက သတိပေး
1 / 3
Donate to DVB

ဘန်ကောက်မှာရှိတဲ့ တူးမြောင်းတွေက ရေတံခါးအားလုံးကို ဖွင့်ချဖို့ ထိုင်းအစိုးရက ဆုံးဖြတ်လိုက်တဲ့အတွက် ဘန်ကောက်အတွင်းပိုင်း ရပ်ကွက်ဇုန်တွေကို ရေလွှမ်းမိုးတော့မှာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့တော်အထက်က နခွန်စ၀မ်၊ ချိုင်နာ့၊ အယုဒ္ဒယ၊ နခေါင်ပထုံ စတဲ့ခရိုင်တွေမှာ ၂ လခန့်ကြာအောင် လွှမ်းမိုးနေတဲ့ ရေတွေကို ပင်လယ်ထဲ အမြန်ဆုံး စီးဆင်းဖို့အတွက် ကြားမှာခံနေတဲ့ ဘန်ကောက်မြို့တော်ကို ရေဖြတ်သန်းနိုင်ဖို့ လမ်းဖွင့်ပေးတော့မယ်လို့ မနေ့ ညနေပိုင်းမှာ ထိုင်းအစိုးရက သတင်းထုတ်ပြန် လိုက်ပါတယ်။

ဘန်ကောက်မြို့တော်ကို ဖြတ်သန်းစီးဆင်းနေတဲ့ ကျောက်ဖုရားမြစ်နဲ့ ဆက်သွယ်နေတဲ့ တူးမြောင်း ၁၁ ခုက ရေတံခါးတွေကိုလည်း လိုအပ်သလို ဖွင့်ချသွားမယ်လို့ ဆိုပါတယ်။

ရေတံခါးတွေ ဖွင့်ချတာကြောင့် စနေနေ့ မွန်းလွဲ ၁ နာရီခန့်က စပြီး ဘန်ကောက် အတွင်းပိုင်းက ဖဟိုယိုထင်၊ လာ့ဖရောင်း၊ ရာမာ ၉၊ ဖက်ခ်ျဘူရီ၊ စူခွန်ဗစ်၊ ရာမာ ၄ စတဲ့ လမ်းတွေနဲ့  ရပ်ကွက်ဇုန် အများအပြားကို ဒူးဆစ်မှ ခါးအထိ ရေတဖြည်းဖြည်း လွှမ်းမိုးသွားမှာပါ။

၂ လလောက်ကြာအောင် ဘန်ကောက်မြို့ရဲ့ တစိတ်တဒေသ ရေလွှမ်းမယ်လို့ ထိုင်းအစိုးရဌာနတွေနဲ့ အထူးပညာရှင်တွေက ထိုင်းရုပ်သံ အစီအစဉ်ကနေ ပြောဆိုလိုက်ပါတယ်။

ဘန်ကောက် ရေဘေးဒုက္ခသည်တွေထဲက မြန်မာအလုပ်သမားတွေကိုတော့ နိုင်ငံတကာ ဒုက္ခသည်ကော်မတီ (အိုင်အာစီ) အပါဝင် အဖွဲ့အစည်း ၂၀ ကျော် ပူးပေါင်း ဖွဲ့စည်းထားတဲ့ Migrant Working Group က ကူညီဆောင်ရွက်ပေးနေကြောင်း အဖွဲ့ တာဝန်ရှိသူတဦးက ပြောပြပါတယ်။

“ဘန်ကောက်မှာတော့ ဘယ်နေရာတွေမှာ ရေဘယ်လောက်တက်မယ်၊ စင်တီမီတာ ဘယ်လောက်အထိတက်မယ် ဆိုတာကို သတ်မှတ်ထားတာ ရှိပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေဆိုရင် သူတို့ရဲ့ အရေးကြီး ပစ္စည်း၊ စာရွက်စာတမ်းတွေ သိမ်းထားဖို့ လိုပါတယ်။ အကူအညီပေးမယ့် အဖွဲ့အစည်းတွေရဲ့ ဖုန်းနံပါတ်တွေကိုလည်း သိထားဖို့ လိုပြီး အရေးပေါ်တော့ အကြောင်းကြားလို့ ရတာပေါ့။”

ရေဘေးသင့် မြန်မာအလုပ်သမားတွေ အရေးပေါ် အကူအညီ တောင်းနိုင်ဖို့ ဖုန်းနံပတ်တွေထဲက တချို့ ကတော့ ၀၈၂-၄၉၈၉၅၈၅၊ ၀၈၁-၆၈၄၀၆၁၂၊ ၀၈၁-၄၅၂၇၂၂၁၊ ၀၈၅-၉၂၂၈၄၅၁၊ ဝ၈၅-၃၂၆၈၂၆၃၊ ဝ၈၁-၆၂ဝ၄၄၈၆၊ ဝ၈၅-၃၃၂၇၅၅၃၊ ဝ၈၃-ဝ၆၂၇၅၄၃၁၊ ဝ၈၄-၆၃၇၅၂၇၁ စတာတွေ ဖြစ်ပါတယ်။ ဖုန်းနံပါတ်တွေကို မြန်မာစကားနဲ့ ဆက်သွယ် ပြောဆိုနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013