Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ကျားဥယျာဉ်တွင်း ကမ္ဘာလှည့်ခရီးသည်တဦး ပျောက်ဆုံးနေ
DVB
·
September 12, 2016
ထိုင်းနိုင်ငံ အရှေ့ပိုင်း ချွန်းပူးရီးခရိုင် ဆီရီရားချားမြို့ရှိ ကျားဥယျာဉ်ထဲမှာ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦး ပျောက်ဆုံးနေတယ်လို့ သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။ အသက် ၃၅ နှစ်ရွယ် Mrs.Gao Li Ping အမည်ရှိ တရုတ်အမျိုးသမီး ကမ္ဘာလှည့်ခရီး သည်တစ်ဦးဟာ စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၂ နာရီက အခြားသော ခရီးသည် ၃၇ ဦးတို့ နဲ့အတူ ဆီရီရားချား တိရိစ္ဆာန်ရုံ (ကျားဥယျာဉ်)ကိုရောက်လာပြီး  လည်ပတ်ခဲ့ကြောင်း၊ ညနေ ၃ နာရီခွဲမှာ ပြန်ဆုံဖို့ ချိန်းဆိုထားပေမယ့် ကားထွက်ချိန်ထိ ရောက်မလာတဲ့အပြင် သူမမှာ ဆက်သွ ယ်ဖို့ တယ်လီဖုန်းလည်း မရှိဘူးလို့ ခရီးသွားဧည့်လမ်းညွှန်က တာဝန်ရှိသူတွေကို ပြောပါတယ်။ ခရီးသွားဖော်တွေပြောပြချက်အရ သူ့ကို နောက်ဆုံးတွေ့ခဲ့တဲ့နေရာဟာ မိကျောင်းကန်ဘေး မှာဖြစ်ကြောင်း၊  Mrs.Gao Li Ping ဟာ အဖြူရောင်တီရှပ်၊ အနီရောင်ဘောင်းဘီတို၊ အဖြူရောင် ရှုးဖိနပ်၊ ပန်းရောင်ကက်ပ်ဦးထုတ်ဆောင်းပြီး ကျောပိုးအိတ်အမည်းရောင်လွယ် ထားတယ်လို့ ဆိုပါတယ်။ သူပျောက်ပျောက်ချင်း တိရိစ္ဆာန်ရုံထဲက စီစီကင်မရာတွေကို စစ်ဆေးကြည့်ရှုခဲ့သလို  လုံခြုံရေး ၀န်ထမ်း ၆၀ ဦး လူစုခွဲပြီး ရှာခဲ့ပေမယ့် မတွေ့သေးဘူးလို့  တိရိစ္ဆာန်ရုံ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။ ဒီကနေ့မှာတော့ ဆီရီရားချားမြို့နယ်မှူးမှ နယ်မြေတွင်းရှိ ရဲ၊ စစ်တပ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်း အပါအ၀င် စုစုပေါင်း လူ ၂၀၀ ကို ခေါ်ယူကာ အဖွဲ့ ၅ ဖွဲ့ခွဲပြီး ပျောက်ဆုံးနေသူ ကမ္ဘာလှည့် ခရီးသည်ကို ရှာဖွေဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024