Homeမြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် ယနေ့ တွေ့ဆုံမည်
ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် ယနေ့ တွေ့ဆုံမည်
DVB
·
September 12, 2016
ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေ၊ နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပြီး စက်တင်ဘာ ၁၃ ရက် အင်္ဂါနေ့မှာ ဗြိတိန်ကနေ အမေရိကန်ပြည်ထောင်စုကို ခရီးဆက်မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန်မြို့ Mayfair အရပ်က ဒေါ်ချက်စတာဟိုတယ်မှာ ခေတ္တတည်းခဲ့ပြီး အဲ့ဒီဟိုတယ်ဟာ ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်ရောက်တုန်းက တည်းခိုဖူးတယ်လို့ ဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သီတင်းနှစ်ပတ်ကျော်ကြာ ဗြိတိန်နဲ့ အမေရိကန် ခရီးစဉ်အတွင်း အမေရိကန်သမ္မတ အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။