DVB Logo
Home
မြန်မာသတင်း
ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ချင်းလူမျိုး ၂၀၀ ကျော် ဆွေးနွေး
DVB
·
October 21, 2011
Donate to DVB

ဆင်းရဲနွမ်းပါးမှုကြောင့် ချင်းပြည်နယ်မှာ မနေကြဘဲ နိုင်ငံခြားထွက်အလုပ်လုပ်ကြတဲ့ ချင်းလူငယ်တွေအရေးနဲ့ ပတ်သက်ပြီး ချင်းတိုင်းရင်းသား ၂၀၀ ကျော်  ၇န်ကုန်မှာ စုဝေး ဆွေးနွေးခဲ့ကြပါတယ်။

မနေ့က ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲကို မြန်မာ့လူ့ဘောင်ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက်က ဦးဆောင်လုပ်တာလို့ ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာကမ်ဆင်းဒါး (Dr. Kam cin daa) က ပြောပါတယ်။

ဆွေးနွေးပွဲကို နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအဖွဲ့တွေက ချင်းတိုင်းရင်းသား ပညာရှင်တွေ အစုံအလင် တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲ လုပ်ရတဲ့ အကြောင်းရင်းကို ဒေါက်တာ ကမ်ဆင်းဒါးက “ပြည်နယ်တိုင်း ၁၄ ခု ရှိတဲ့အနက် ချင်းပြည်နယ်က အဆင်းရဲဆုံး ဖြစ်နေတယ်လေ။ အဲဒါကို ဖြေရှင်းနိုင်မှသာလျှင် ချင်း migration (ပြည်ပပြောင်းရွှေ့နေထိုင်ခြင်း) ဟန့်တားလို့ ရမှာပေါ့နော်။ မဖြေရှင်းနိုင်ရင်တော့ ဟန့်တားလို့ မရဘူး။ အဲဒါအတွက်လည်း နိုင်ငံတော် အစိုးရ အနေနဲ့လည်း ဒီပြဿနာတွေကို သဘောပေါက်ဖို့ ဒါကို လုပ်တာပါ။”

ဒီဆွေးနွေးပွဲက ရရှိတဲ့ တွေ့ရှိချက်တွေ နိုင်ငံတော်အစိုးရကို တင်ပြသွားမှာ ဖြစ်ပြီး အဆင်းရဲဆုံး ပြည်နယ်ဖြစ်နေတဲ့ ချင်းပြည်နယ်ကို အစိုးရက ၀ိုင်းဝန်း ကူညီဆောင်ရွက်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်မှာ ခုအခါ သက်ကြီးရွယ်အိုတွေပဲ ကျန်ရှိနေထိုင်တဲ့ ကိစ္စလည်း ဆွေးနွေးတဲ့အထဲ ပါတယ်လို့ ပြောပါတယ်။

“ချင်းကလေးတွေလည်း ရန်ကုန်၊ မန္တလေး အကုန်ရောက်ကုန်တယ်။ လူငယ်တွေလည်း နိုင်ငံခြား ရောက်ကုန်တယ်။ ချင်းပြည်နယ်မှာ အသက်ကြီးတဲ့ လူတွေပဲ ရှိတော့တယ်။ ချင်းပြည်နယ် ဖွံ့ဖြိုးရေးလုပ်ဖို့ဆိုရင် အလုပ်လုပ်နိုင်တဲ့သူတွေ သိပ်မရှိတော့ဘူးလေ။ ကျနော်တို့ အဲဒီ ပြဿနာတွေကို ဆွေးနွေးတာပါ။”

ချင်းပြည်နယ်အရေး ချင်းလူမျိုးပညာရှင်တွေ ခုလိုဆွေးနွေးကြတာ ပထမဆုံးလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013